• Follow Us on
Latest News

Home အထက္တန္းေက်ာင္းသား(၁၃)ဦး WY ေဆးျပားသုံးစြဲျခင္း၊ လက္ဝယ္ေတြ႕ရွိျခင္း ေတာင္ဒဂုံ အထက(၁)၌ ျဖစ္ေပၚ

အထက္တန္းေက်ာင္းသား(၁၃)ဦး WY ေဆးျပားသုံးစြဲျခင္း၊ လက္ဝယ္ေတြ႕ရွိျခင္း ေတာင္ဒဂုံ အထက(၁)၌ ျဖစ္ေပၚ

Share this post

ရန္ကုန္၊ ဒီဇင္ဘာ – ၄

ရန္ကုန္တုိင္းေဒသႀကီး၊ ေတာင္ဒဂုံၿမိဳ႕နယ္၊ အထက(၁)အထက္တန္းေက်ာင္း၌ WY ေဆးျပား သုံးစြဲျခင္း၊ လက္ဝယ္ေတြ႕ရွိျခင္း ေတာင္ဒဂုံ အထက(၁)၌ ျဖစ္ေပၚခဲ့ေၾကာင္း ေတာင္ဒဂုံၿမိဳ႕နယ္ တုိင္းလႊတ္ေတာ္ကုိယ္ စားလွယ္ ဦးညီညီက ေျပာသည္။

အဆုိပါအထက္တန္းေက်ာင္း၌ မူးယစ္ေဆးဝါးသုံးစြဲသည့္ နဝမတန္းေက်ာင္းသားႏွင့္ ဒသမတန္းေက်ာင္းသား စုစုေပါင္း(၁၃)ဦးသည္ WY ေဆးသုံးစြဲျခင္း၊ WY ေဆးျပားလက္ဝယ္ေတြ႔ရွိခဲ့ျခင္းျဖစ္ေၾကာင္း ဦးညီညီက ဆုိ သည္။

လက္ရွိအခ်ိန္၌ WY ေဆးျပားေရာင္းခ်သူမ်ားကုိ သက္ဆုိင္ရာရဲတပ္ဖြဲ႕မွ စုံစမ္းလ်က္ရွိၿပီး WY သုံးစြဲသည့္ ေက်ာင္းသားမ်ားကုိ သက္ဆုိင္ရာေက်ာင္းမွ ေက်ာင္းစည္းကမ္းအရ အေရးယူသြားမည္ျဖစ္ေၾကာင္း ေက်ာင္း ဆရာ/ဆရာမအခ်ဳိ႕က ဆုိသည္။

#PeopleMedia #WY

(Unicode)
အထက်တန်းကျောင်းသား(၁၃)ဦး WY ဆေးပြားသုံးစွဲခြင်း၊ လက်ဝယ်တွေ့ရှိခြင်း တောင်ဒဂုံ အထက(၁)၌ ဖြစ်ပေါ်
………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ – ၄

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ အထက(၁)အထက်တန်းကျောင်း၌ WY ဆေးပြား သုံးစွဲခြင်း၊ လက်ဝယ်တွေ့ရှိခြင်း တောင်ဒဂုံ အထက(၁)၌ ဖြစ်ပေါ်ခဲ့ကြောင်း တောင်ဒဂုံမြို့နယ် တိုင်းလွှတ်တော်ကိုယ် စားလှယ် ဦးညီညီက ပြောသည်။

အဆိုပါအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးသုံးစွဲသည့် နဝမတန်းကျောင်းသားနှင့် ဒသမတန်းကျောင်းသား စုစုပေါင်း(၁၃)ဦးသည် WY ဆေးသုံးစွဲခြင်း၊ WY ဆေးပြားလက်ဝယ်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဦးညီညီက ဆို သည်။

လက်ရှိအချိန်၌ WY ဆေးပြားရောင်းချသူများကို သက်ဆိုင်ရာရဲတပ်ဖွဲ့မှ စုံစမ်းလျက်ရှိပြီး WY သုံးစွဲသည့် ကျောင်းသားများကို သက်ဆိုင်ရာကျောင်းမှ ကျောင်းစည်းကမ်းအရ အရေးယူသွားမည်ဖြစ်ကြောင်း ကျောင်း ဆရာ/ဆရာမအချို့က ဆိုသည်။

#PeopleMedia #WY


Share this post