• Follow Us on
Latest News

Home အိမ္၀ုိင္းအတြင္း ေျမလိုင္းက်င္းတူးရာမွ ဗုံးသီးႏွင့္က်ည္ေတာင့္ မ်ားေတြ႕ရွိ

အိမ္၀ုိင္းအတြင္း ေျမလိုင္းက်င္းတူးရာမွ ဗုံးသီးႏွင့္က်ည္ေတာင့္ မ်ားေတြ႕ရွိ

Share this post

မေကြးတိုင္းေဒသႀကီး၊ မေကြးၿမိဳ႕၊ သိဂၤါဂီရိရပ္ကြက္မွ ေဒၚၿငိမ္ၿငိမ္းဝင္း၏အိမ္ဝိုင္းအတြင္း ေျမလိုင္းက်င္းတူးရာမွ ဗုံးသီးတစ္လုံးႏွင့္ က်ည္ဆံေတာင့္အမ်ားအျပားကို ယခုလ ၃ ရက္ နံနက္ ၁၁ နာရီအခ်ိန္ခန္႔က ေတြ႕ရွိခဲ့သည္။

လိုင္းက်င္းတူးေနစဥ္ ကြၽတ္ကြၽတ္အိတ္ထုပ္ေပၚလာၿပီး လိုင္းက်င္းတူးသူက ဖန္ေပသီးဟုထင္မွတ္ကာ ေပါက္ ျပားျဖင့္ ေပါက္ခဲ့ရာတြင္ ယမ္းေစာ္နံလာသျဖင့္ မသကၤာ၍စစ္ေဆးၾကည့္ရာမွ ဗုံးသီးႏွင့္ က်ည္ဆံမ်ား ျဖစ္ ေၾကာင္း သိရွိခဲ့ျခင္းျဖစ္သည္။

သက္ဆိုင္ရာတပ္ဖြဲ႕ဝင္မ်ား၏ စစ္ေဆးခ်က္အရ ၉ မမ အမ်ိဳးအစားက်ည္ဆံ ၃၄ ေတာင့္၊ ၉၁ ဗုံးသီးတစ္လုံးႏွင့္ ဝါယာႀကိဳးေခြ ၁ ေခြတို႔ကို စစ္ေဆးေတြ႕ရွိခဲ့ရသည္။

အဆုိပါ ဗုံးသီးႏွင့္ က်ည္ဆံမ်ားမွာ သုံး၍မရသည့္အေဟာင္းပစၥည္းမ်ားျဖစ္ေသာ္လည္း အႏၲရာယ္ရွိႏိုင္ေၾကာင္း၊ ပစၥည္းမွ စက္ခလုပ္ပိုင္းဆိုင္ရာကိုမသိရွိရေသးေသာေၾကာင့္ ဆက္လက္၍သက္ဆိုင္ရာသို႔ တင္ျပၿပီး ေဖာက္ခြဲ ဖ်က္ဆီးပစ္မည္ျဖစ္ေၾကာင္း စအရ (၉၁၀) စစ္ေျမျပင္အင္ဂ်င္နီယာ တပ္ရင္းမွ ဗိုလ္ႀကီးဇင္ေမာင္ေက်ာ္က ေျပာၾကားခဲ့သည္။

သတင္း – သက္ေနာင္

#PeopleMedia

(Unicode)
အိမ်ဝိုင်းအတွင်း မြေလိုင်းကျင်းတူးရာမှ ဗုံးသီးနှင့်ကျည်တောင့် များတွေ့ရှိ
…………………………………………………………

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ သိင်္ဂါဂီရိရပ်ကွက်မှ ဒေါ်ငြိမ်ငြိမ်းဝင်း၏အိမ်ဝိုင်းအတွင်း မြေလိုင်းကျင်းတူးရာမှ ဗုံးသီးတစ်လုံးနှင့် ကျည်ဆံတောင့်အများအပြားကို ယခုလ ၃ ရက် နံနက် ၁၁ နာရီအချိန်ခန့်က တွေ့ရှိခဲ့သည်။

လိုင်းကျင်းတူးနေစဉ် ကျွတ်ကျွတ်အိတ်ထုပ်ပေါ်လာပြီး လိုင်းကျင်းတူးသူက ဖန်ပေသီးဟုထင်မှတ်ကာ ပေါက် ပြားဖြင့် ပေါက်ခဲ့ရာတွင် ယမ်းစော်နံလာသဖြင့် မသင်္ကာ၍စစ်ဆေးကြည့်ရာမှ ဗုံးသီးနှင့် ကျည်ဆံများ ဖြစ် ကြောင်း သိရှိခဲ့ခြင်းဖြစ်သည်။

သက်ဆိုင်ရာတပ်ဖွဲ့ဝင်များ၏ စစ်ဆေးချက်အရ ၉ မမ အမျိုးအစားကျည်ဆံ ၃၄ တောင့်၊ ၉၁ ဗုံးသီးတစ်လုံးနှင့် ဝါယာကြိုးခွေ ၁ ခွေတို့ကို စစ်ဆေးတွေ့ရှိခဲ့ရသည်။

အဆိုပါ ဗုံးသီးနှင့် ကျည်ဆံများမှာ သုံး၍မရသည့်အဟောင်းပစ္စည်းများဖြစ်သော်လည်း အန္တရာယ်ရှိနိုင်ကြောင်း၊ ပစ္စည်းမှ စက်ခလုပ်ပိုင်းဆိုင်ရာကိုမသိရှိရသေးသောကြောင့် ဆက်လက်၍သက်ဆိုင်ရာသို့ တင်ပြပြီး ဖောက်ခွဲ ဖျက်ဆီးပစ်မည်ဖြစ်ကြောင်း စအရ (၉၁၀) စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းမှ ဗိုလ်ကြီးဇင်မောင်ကျော်က ပြောကြားခဲ့သည်။

သတင်း – သက်နောင်

#PeopleMedia


Share this post