• Follow Us on
Latest News

Home အနာဂတ်နိုင်ငံတော်ကို အစိုးရ၊ တပ်မတော်နှင့် ပြည်သူတို့အတူတကွလက်တွဲ၍ ကောင်းမွန်စွာပုံဖော်နိုင်ရမည် ဟု နစကဥက္ကဋ္ဌပြောကြား

အနာဂတ်နိုင်ငံတော်ကို အစိုးရ၊ တပ်မတော်နှင့် ပြည်သူတို့အတူတကွလက်တွဲ၍ ကောင်းမွန်စွာပုံဖော်နိုင်ရမည် ဟု နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ မတ် ၁

 

အနာဂတ်နိုင်ငံတော်ကို အစိုးရ၊ တပ်မတော်နှင့် ပြည်သူတို့ အတူတကွလက်တွဲ၍ ကောင်းမွန်စွာ ပုံဖော်နိုင်ရ မည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖေဖော်ဝါရီ ၂၈ ရက်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တောတပ်နယ်ရှိ နယ်မြေခံ ရေတပ်စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

 

“နိုင်ငံရေးအရသဘောထားကွဲလွဲမှုတွေ အယူဝါဒရေးအရ သဘောထားကွဲလွဲမှုတွေကြောင့် ပေါ်ပေါက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခတွေကိုလည်း မိမိတို့ရဲ့ ပြည်ထောင်စုဖွားတိုင်းရင်းသားတွေဖြစ်တာဆိုတဲ့ စိတ်နဲ့ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းဘဲ ဖြေရှင်းဆောင်ရွက်ခဲ့ပါတယ်၊ အရာရှိ၊ စစ်သည်၊ မိသားစုတွေ အနေနဲ့ မိမိတိုင်းပြည်ရဲ့ ပကတိအခြေအနေမှန်ကို သိရှိနားလည်ရမှာဖြစ်ပြီးတော့ စစ်ရေးသတိ၊ စစ်ရေးအသိနဲ့ လုံခြုံရေးအမြင်တွေ့ရှိရမှာဖြစ်ပါတယ်၊ အနာဂတ်နိုင်ငံတော်ကို အစိုးရ၊ တပ်မတော်နဲ့ ပြည်သူတို့ အတူတကွ လက်တွဲပြီး ကောင်းမွန်စွာ ပုံဖော်နိုင်ရမှာဖြစ်ပါတယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပြောသည်။

 

တပ်မတော်၏ အဓိက တာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန်ဖြစ်ပြီး တပ်မတော် (ကြည်း)၊ တပ်မတော်(ရေ)၊ တပ်မတော်(လေ) ဟူ၍ မြေပြင်၊ ရေပြင်၊ ဝေဟင် လုံခြုံရေးတာဝန်များကို စုပေါင်း အားဖြင့် ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ တပ်မတော်(ရေ) အနေဖြင့် နိုင်ငံတော်၏ ရေပြင်ပိုင် နယ်နိမိတ်များကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်ကြောင်း၊ ရေပေါ်၊ ရေအောက် ပိုင်နက်နယ်နိမိတ်အတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် စစ်သည်တစ်ဦးချင်း နေ့စဉ်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန် များကို ကျေပွန်အောင် ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ လောက၌ မည်သည့်အရေးကိစ္စကိုမဆို လူပါဝင် ဆောင်ရွက်ရပြီး လူ၏ကြိုးစားအားထုတ်မှုဖြင့်သာ လုပ်ငန်းများ အောင်မြင်နိုင်မည်ဖြစ်ပြီး လူသာလျှင်ပဓာန ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

ထို့ကြောင့် လူတစ်ဦးချင်း၏ အရည်အသွေးများ ခိုင်မာခြင်းသည် အရေးကြီးကြောင်း၊ တပ်တစ်ခုကောင်းရန်မှာ လည်း တပ်တွင် တာဝန်ထမ်းဆောင်သည့်သူများ အရည်အချင်းရှိရန်၊ စိတ်ဓာတ်ကောင်းရန် အရေးကြီးကြောင်း၊ နိုင်ငံတော်လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရာတွင် မှန်မှန်ကန်ကန် တာဝန်ကျေပွန်အောင် ထမ်းဆောင်ရန် လိုပြီး မိမိတို့တစ်ဦးတစ်ယောက်၏ တာဝန်လစ်ဟင်းမှုများသည် ဆုံးရှုံးမှုနှင့် ပေးဆပ်ရမှုများ ကြီးမားစွာ ဖြစ်ပေါ် လာနိုင်သည့်အတွက် နိုင်ငံနှင့် တပ်မတော်အတွက်၊ ပြည်သူ့အတွက် သစ္စာရှိစွာဖြင့် တာဝန်ကိုကျေပွန်စွာ ထမ်း ဆောင်ကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားသည်။

 

#PeopleMedia

 

(unicode)


…………………………………………

 


 


 


 


 


 

#PeopleMedia


Share this post