• Follow Us on

Home အဖျက်လုပ်ငန်းအမျိုးမျိုးကြောင့် နိုင်ငံပိုင်၊ ပြည်သူပြည်သားများ၏ ပိုင်ဆိုင်မှုများထိခိုက်ပျက်စီးဆုံးရှုံးမှုသည် တိုင်းပြည်အတွက် အနုတ်လက္ခဏာဖြစ်ခဲ့ကြောင်း နစကဥက္ကဋ္ဌပြောကြား

အဖျက်လုပ်ငန်းအမျိုးမျိုးကြောင့် နိုင်ငံပိုင်၊ ပြည်သူပြည်သားများ၏ ပိုင်ဆိုင်မှုများထိခိုက်ပျက်စီးဆုံးရှုံးမှုသည် တိုင်းပြည်အတွက် အနုတ်လက္ခဏာဖြစ်ခဲ့ကြောင်း နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁

 

အဖျက်လုပ်ငန်းအမျိုးမျိုးကြောင့် နိုင်ငံပိုင်၊ ပြည်သူပြည်သားများ၏ ပိုင်ဆိုင်မှုများ ထိခိုက်ပျက်စီးဆုံးရှုံးမှုသည် တိုင်းပြည်အတွက် အနုတ်လက္ခဏာပဲ ဖြစ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

 

“ကျွန်တော်တို့နိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကာလအတွင်း တွေ့ကြုံ ခဲ့ရတဲ့ အခက်အခဲအချို့နဲ့ စိန်ခေါ်မှုများ ကိုလည်း နိုင်ငံတော် အစိုးရနဲ့ တိုင်းရင်းသားပြည်သူအားလုံး လက်တွဲပူးပေါင်းပြီး အောင်မြင်စွာ ရင်ဆိုင် ကျော်လွှားနိုင်ခဲ့ကြပါတယ်။ ဒီမိုကရေစီနည်းလမ်းတကျနဲ့ ငြိမ်းချမ်းစွာ ကိုယ့်နိုင်ငံတိုးတက်စေဖို့ ဆန္ဒမရှိသူ တွေကတော့ ပြည်သူပြည်သားတွေကို နည်းမျိုးစုံနဲ့ နှောင့်ယှက်ခဲ့ ကြတာလည်းရှိပါတယ်။ အဖျက်လုပ်ငန်း အမျိုးမျိုးကြောင့် နိုင်ငံပိုင်၊ ပြည်သူပြည်သားတွေရဲ့ ပိုင်ဆိုင်မှုများ ထိခိုက်ပျက်စီးဆုံးရှုံးမှုဟာ တိုင်းပြည်အတွက် အနုတ်လက္ခဏာပဲ ဖြစ်ခဲ့ပါတယ်။ ဒါတွေသာ မရှိခဲ့၊ မဖြစ်ခဲ့ဘူးဆိုရင် ကျွန်တော်တို့နိုင်ငံဟာ များစွာကို တိုး တက်နေမှာဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် သင်ခန်းစာပါ။ ကျွန်တော်တို့အားလုံး နိုင်ငံကိုချစ်တဲ့၊ အမျိုးကို ချစ်တဲ့စိတ်၊ ညီညွတ်တဲ့အားနဲ့ ကျော်လွှားရပါမယ်။” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ၂၀၂၄ ခုနှစ်တွင် မိမိတို့အစိုးရအနေနှင့် ချမှတ်ထားသည့် အမျိုး သားရေး ရည်မှန်းချက်များ၊ နိုင်ငံရေး ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ် များနှင့် ဦးတည်ချက်များကို အောင်မြင်စွာအကောင်အထည် ဖော်နိုင်ရန် ပြည်သူလူထုနှင့် လက်တွဲပြီး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အဓိကအားဖြင့် စီးပွားရေးပိုမိုကောင်းမွန်အောင် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကိုအခြေခံတဲ့ MSME လုပ်ငန်းများ ယခုထက်ပိုမိုအားကောင်းလာအောင် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ပညာရေးကိုလည်း ပိုမိုအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုကြောင့် တိုင်း ရင်းသားပြည်သူအားလုံးအနေနှင့် တည်ငြိမ်အေးချမ်းပြီး မိမိတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် လာ အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လည်း ပြောကြားလိုကြောင်း၊ ပြောသည်။

 

၂၀၂၄ ခုနှစ်တွင် မိမိတို့နိုင်ငံအတွင်း ပြည်လုံးကျွတ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းမှရရှိသည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက် အလက်များက မိမိတို့နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များသည် အကျိုး ရှိရှိလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထိုပြင် မိမိတို့အစိုးရ၏ အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်ပြီး တရား မျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ဖြစ်ပေါ်စေရေးအတွက် အခြေခံအချက်ဖြစ်သည့် မဲစာရင်းများမှန်ကန် ပြည့်စုံရေးသည်လည်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး အနေနှင့်လည်း ဆောင်ရွက်မဲ့ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ပေးကြ ရန်လည်း ပြောကြားလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားသည်။

 

#PeopleMedia


Share this post