• Follow Us on
Latest News

Home အမေရိကန်ရေတပ်မှာ ပြန်လည်တာဝန်ထမ်းဆောင်မယ့် ဆိုက်ဘာစစ်ဆင်ရေးကျွမ်းကျင်စစ်သည်အတွက် ဆုကြေးအဖြစ် ဒေါ်လာ ၁၀၀,၀၀၀ အထိ ချီးမြှင့်သွားမည်

အမေရိကန်ရေတပ်မှာ ပြန်လည်တာဝန်ထမ်းဆောင်မယ့် ဆိုက်ဘာစစ်ဆင်ရေးကျွမ်းကျင်စစ်သည်အတွက် ဆုကြေးအဖြစ် ဒေါ်လာ ၁၀၀,၀၀၀ အထိ ချီးမြှင့်သွားမည်

Share this post

နိုင်ငံတကာ၊ ဧပြီ ၂၄

 

ဆိုက်ဘာစစ်ဆင်ရေးကျွမ်းကျင်ပညာရှင်စစ်သည်အဖြစ် အမေရိကန်ရေတပ်ထဲကို ပြန်လည်ဝင်ရောက်မယ့် ရေ တပ်စစ်သည်တွေအတွက် အထူးဆုကြေးကို ဒေါ်လာ ၁၀၀,၀၀၀ အထိ တိုးမြှင့်လိုက်ပါတယ်။

 

လောလောဆယ် အရည်အချင်းပြည့်မီတဲ့ ရေတပ်ပညာရှင်စစ်သည် ၂၂ ဦးသာရှိတယ်လို့ ဆိုပါတယ်။

 

ရေတပ်အတွင်း ပြန်လည်တာဝန်ထမ်းဆောင်မယ့်စစ်သည်တွေကို သီးသန့်ပြန်လည်တာဝန်ထမ်းဆောင်မှုဆု ကြေးငွေ (SRB) အဖြစ် ဆုကြေးငွေတွေတိုးမြှင့်ပေးလျက်ရှိရာ ရေ တပ်ကျန်းမာရေးဝန်ထမ်းတချို့လည်း ဆု ကြေး ဒေါ်လာ ၉၀,၀၀၀ ကနေ ဒေါ်လာ ၁၀၀,၀၀၀ အထိ တိုးမြှင့်ရရှိနိုင် တယ်လို့ ရေတပ်အရာရှိတွေက Task & Purpose မီဒီယာကို ပြောပါတယ်။

 

“သီးသန့်အဆင့်တွေနဲ့ ရေတပ်အခြားအဆင့်သတ်မှတ်ချက်တွေကို ကိုင်တွယ်ဆောင်ရွက်ရာမှာ SRB ဆုကြေး တွေကို အသုံးပြုပါတယ်။ SRB ဆုကြေးဟာ ရေတပ်မှာတာဝန်ထမ်းဆောင်ဖို့ အလွန်အရေးကြီးတဲ့ကျွမ်းကျင်မှု တွေပိုင်ဆိုင်ထားတဲ့ အတွေ့အကြုံရှိတဲ့ ရေတပ်စစ်သည်တွေကို မက်လုံးပေးဆွဲဆောင်တာဖြစ်ပါတယ်။” လို့ ရေ တပ်အရာရှိဂျိုဒီကော်နယ်လ်က ပြောပါတယ်။

 

ဧပြီလ ၁၅ ရက်နေ့ကစပြီး အကျုံးဝင်တဲ့ဒီအစီအစဉ်အရ ဆုကြေးငွေတွေကို အဆင့်လျှော့ချပစ်မှာမဟုတ်သလို အရည်အချင်းပြည့်မီတဲ့စာရင်းပါ စစ်သည်တွေကိုလည်း ပြန်လည်ဖယ်ရှားပစ်မှာမဟုတ်ကြောင်း ကော်နယ်လ်က Task & Purpose ကို ပြောပါတယ်။

 

ဆုကြေးငွေတွေကို ရေတပ်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်မှုထမ်းသက်အလိုက် ခေါင်းစဉ်ခွဲသုံးခုနဲ့ ချီးမြှင့်သွား မှာဖြစ်ပါတယ်။

 

စစ်သက် ၁ လကနေ ၆ နှစ်အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရေတပ်စစ်သည်တွေကို Zone A၊ စစ်သက် ၆ နှစ် ကနေ ၁၀ နှစ်အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့စစ်သည်တွေကို Zone B ၊ စစ်သက် ၁၀ နှစ်ကနေ ၁၄ နှစ်အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့စစ်သည်တွေကို Zone C အဖြစ်သတ်မှတ်ထားပါတယ်။

 

အစီအစဉ်မပြောင်းလဲခင်က CWT ခေါ် ဆိုက်ဘာစစ်ဆင်ရေးကျွမ်းကျင်ပညာရှင်စစ်သည်တွေနဲ့ Zone A နဲ့ Zone C စစ်သည်တွေအတွက် ဆုကြေးဟာ ဒေါ်လာ ၆၀,၀၀၀ နဲ့ Zone B စစ်သည်တွေအတွက် ဆုကြေးဟာ ဒေါ်လာ ၇၅,၀၀၀ ဖြစ်ပါတယ်။

 

အစီအစဉ်ပြောင်းလဲလိုက်ပြီးနောက် Zone A၊ B၊ C သုံးခုစလုံးမှာရှိတဲ့ ဆိုက်ဘာစစ်ဆင်ရေးကျွမ်းကျင်ပညာရှင် စစ်သည် CWT တွေအတွက် ဆုကြေးငွေကို ဒေါ်လာ ၁၀၀,၀၀၀ အထိ တိုးမြှင့်လိုက်တာဖြစ်ကြောင်း ကော် နယ်လ်က ပြောပါတယ်။

 

၂၀၂၃ ခု ဘဏ္ဍာရေးနှစ် အမျိုးသားကာကွယ်ရေးအက်ဥပဒေကို တုံ့ပြန်ဆောင်ရွက်တဲ့အနေနဲ့ လျှို့ဝှက်ကျွမ်း ကျင်နည်းပညာရှင်တွေကို သီးခြားဖော်ထုတ်ဖို့လိုအပ်တဲ့အတွက် အမေရိကန်ရေတပ်က CWT အဆင့်သတ် မှတ်ချက်ကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

 

ဆိုက်ဘာစစ်ဆင်ရေးကျွမ်းကျင်ပညာရှင်စစ်သည် CWT တွေဟာ အင်အားနည်းပါးပြီး အသစ်ပြောင်းလဲလိုက်တဲ့ ဆုကြေးငွေရရှိမယ့် အရည်အချင်းပြည့်မီတဲ့ ပညာရှင်တွေဟာ Zone A မှာ ပညာရှင် စစ်သည် ၁၁ ဦး၊ Zone B မှာ ပညာရှင်စစ်သည် ၇ ဦးနဲ့ Zone C မှာ ပညာရှင်စစ်သည် ၄ ဦးသာ ရှိကြောင်း ကော်နယ်လ်က ပြောပါတယ်။

 

လျှို့ဝှက်ကျွမ်းကျင်နည်းပညာရှင်ရေတပ်စစ်သည်တွေထဲမှာတော့ Zone A နဲ့ Zone B က စစ်သည်တွေဟာ ဆု ကြေးငွေ ဒေါ်လာ ၃၀,၀၀၀ ကနေ ဒေါ်လာ ၄၅,၀၀၀ အထိ တိုးမြှင့်ရရှိမှာဖြစ်ပြီး Zone C က စစ်သည်တွေက တော့ ဒေါ်လာ ၄၅,၀၀၀ ကနေ ဒေါ်လာ ၆၀,၀၀၀ အထိ တိုးမြှင့်ရရှိသွားမှာဖြစ်ပါတယ်။

 

Ref: Navy offers some sailors $100,000 to reenlist

 

#PeopleMedia


Share this post