• Follow Us on
Latest News

Home Bavar-373 ဒုံးကျည်သစ်က အမေရိကန်ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်တွေကို ပစ်ချနိုင်ကြောင်း အီရန်ပြော

Bavar-373 ဒုံးကျည်သစ်က အမေရိကန်ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်တွေကို ပစ်ချနိုင်ကြောင်း အီရန်ပြော

Share this post

နိုင်ငံတကာ၊ ဧပြီ ၂၄

 

အမေရိကန်ထုတ် ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်တွေကို ပစ်ချနိုင်တယ်ဆိုတဲ့ အဆင့်မြှင့်တင်ထားတဲ့ Bavar-373 တာဝေးပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်ကို အီရန်နိုင်ငံက ထုတ်ဖော်ပြသလိုက်ပါတယ်။

 

တီဟီရန်မြို့မှာ မကြာသေးခင်ကကျင်းပခဲ့တဲ့စစ်ရေးပြအခမ်းအနားတစ်ခုမှာ ထုတ်ဖော်ပြသခဲ့တဲ့ အဲဒီလက်နက် ဟာ F-35 ဂျက်တိုက်လေယာဉ်တွေလို ပဉ္စမမြောက်မျိုးဆက်ဂျက်တိုက်လေယာဉ်တွေရဲ့ ရေဒါဖမ်းယူမှုကို ရှောင်ရှားနိုင်ပြီး ပစ်မှတ် စုံစမ်းဖော်ထုတ်ခြင်းနဲ့ ခြေရာခံခြင်းစွမ်းရည်တွေကို အဆင့်မြှင့်တင်ထားတယ်လို့ ဆိုပါ တယ်။

 

အဲဒီဒုံးကျည်ဟာ တပြိုင်တည်းမှာ လေကြောင်းပစ်မှတ် ၁၀၀ အထိ စုံစမ်းဖော်ထုတ်နိုင်သလို Sayyad-4B ဒုံး ကျည်တွေနဲ့လည်း ပူးတွဲအသုံးပြုနိုင်ကြောင်း အီရန်အရာရှိတွေက ပြောပါတယ်။ အဆင့်မြှင့်ထားတဲ့ Bavar-373 ဒုံးကျည်ဟာ ကီလိုမီတာ ၃၀၀ (၁၈၆ မိုင်) အထိ ပစ်ခတ်နိုင်ကြောင်း ၎င်းတို့က ပြောပါတယ်။

 

အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်နေချိန်မှာ Bavar-373 ဒုံးကျည်ကို အဆင့်မြှင့်တင်လိုက်နိုင် တာဟာ အီရန်နိုင်ငံ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးရဲ့ အရေးပါတဲ့ တိုးတက်မှုတစ်ခုဖြစ်ကြောင်း Special Operations Forces Report ခေါ် စစ်ရေးသတင်းဌာနက ပြောပါတယ်။

 

Bavar-373 ဒုံးကျည် အဆင့်မြှင့်တင်ပြီးသွားတဲ့နောက် အဲဒီလက်နက်စနစ်ဟာ ရုရှားထုတ် S-400 ဒုံးကျည်စနစ် နဲ့အတူတူပဲဖြစ်တဲ့အပြင် S-400 ဒုံးကျည်စနစ်ထက် ပိုမိုသာလွန်ကြောင်း အီရန်အရာရှိတချို့က ပြောပါတယ်။

 

သီးသန့် ရန်သူ့နိုင်ငံအတွက် လက်နက်စနစ်အသစ်တစ်ခုကို အီရန်နိုင်ငံက အခုလိုထုတ်ဖော်ပြသတာ ပထမဦး ဆုံးအကြိမ်မဟုတ်ပါဘူး။

 

အစ္စရေးပိုင်နက် နယ်မြေထဲအထိ ထိုးဖောက်ဝင်ရောက်တိုက်ခိုက်နိုင်တဲ့ တာဝေးဒရုန်းအသစ်တစ်မျိုးကို အောင် မြင်စွာ ဒီဇိုင်းရေးဆွဲထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ၂၀၂၂ ခုနှစ်တုန်းက အီရန်နိုင်ငံက ပြောပါတယ်။

 

အခုနောက်ဆုံး ထုတ်ဖော်ပြသမှုကတော့ ရန်သူနိုင်ငံ အထူးသဖြင့် အမေရိကန်နိုင်ငံကို ရည်ညွှန်းပြီး ပြောဆိုခဲ့ တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

 

အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာကို လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် နဲ့ အစ္စရေးတို့က အီရန်ထောက်ပံ့ထားတဲ့ စစ်သွေးကြွအဖွဲ့တွေကို တိုက်ခိုက်ခဲ့ပါတယ်။

 

Ref: Iran Claims New Version of Bavar-373 Can Take Out US-Made Stealth Jets

 

#PeopleMedia


Share this post