• Follow Us on
Latest News

Home အာဆီယံအမွေအနှစ်အမျိုးသားဥယျာဉ်ပိုင်ဆိုင်မှု မြန်မာနိုင်ငံက တတိယနေရာတွင် ရပ်တည်နေ

အာဆီယံအမွေအနှစ်အမျိုးသားဥယျာဉ်ပိုင်ဆိုင်မှု မြန်မာနိုင်ငံက တတိယနေရာတွင် ရပ်တည်နေ

Share this post

နေပြည်တော်၊ ဧပြီ ၂၅

 

မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအကြားတွင် အာဆီယံအမျိုးသားဥယျာဉ်များပိုင်ဆိုင်မှု တတိယနေရာတွင် ဂုဏ်ယူဖွယ် ရပ်တည်လျက်ရှိကြောင်း သိရသည်။

 

အာဆီယံအမွေအနှစ်ဥယျာဉ်များကို ဘရူနိုင်းနိုင်ငံတွင် တစ်ခု၊ လာအိုနိုင်ငံတွင်တစ်ခု၊ ကမ္ဘောဒီးယားနိုင်ငံတွင် နှစ်ခု၊ စင်ကာပူနိုင်ငံတွင် နှစ်ခု၊ မလေးရှားနိုင်ငံတွင် သုံးခု၊ ထိုင်းနိုင်ငံတွင် ခြောက်ခု၊ အင်ဒိုနီးရှားနိုင်ငံတွင် ခုနစ်ခု၊ မြန်မာနိုင်ငံတွင် ရှစ်ခု၊ ဖိလစ်ပိုင် နိုင်ငံတွင်ကိုးခုနှင့် ဗီယက်နမ်နိုင်ငံတွင် ၁၀ ခုတို့ အသီးသီး ပိုင်ဆိုင်ထားကြကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် သဘာဝထိန်းသိမ်းရေးနယ်မြေ ၅၉ ခု တည်ထောင်ထားရှိပြီး နိုင်ငံ့ဧရိယာ၏ ၆ ဒသမ ၄၂ ရာခိုင်နှုန်းအထိ သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ် ဖော်ဆောင်ထားရှိကြောင်း သိရသည်။

 

အာဆီယံဒေသအတွင်းရှိ သဘာဝထိန်းသိမ်းရေးနယ်မြေများ စီမံအုပ်ချုပ်မှုနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းမှု ဆိုင်ရာလုပ်ငန်းတို့တွင် ဒေသအတွင်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန် ဂေဟစနစ်၊ မျိုးစုံမျိုးကွဲ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများ ထူးခြားစွာတည်ရှိသော သဘာဝထိန်းသိမ်းရေးနယ်မြေများကို အာဆီယံအမွေအနှစ် ဥယျာဉ်များ (ASEAN Heritage Parks – AHPs) အဖြစ် သတ်မှတ်ထိန်းသိမ်းလျက်ရှိ ကြောင်း သိရသည်။

 

#PeopleMedia


Share this post