• Follow Us on
Latest News

Home ရုရှားစွမ်းအင်စက်ရုံတွေ/သိုလှောင်ရုံတွေကို ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်

ရုရှားစွမ်းအင်စက်ရုံတွေ/သိုလှောင်ရုံတွေကို ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်

Share this post

နိုင်ငံတကာ၊ ဧပြီ ၂၅

 

ယူကရိန်းဒရုန်းတွေဟာ တစ်ညတည်းမှာပဲ ရုရှားနိုင်ငံအနောက်ပိုင်းက စွမ်းအင်စက်ရုံတွေကို တိုက်ခိုက်ခဲ့ ကြောင်း ယူကရိန်းစစ်သတင်းရင်းမြစ်တွေက ဧပြီ ၂၄ ရက်နေ့က ပြောကြားလိုက်ပါတယ်။

 

ယူကရိန်းမြို့ကြီးတွေကို တိုက်ခိုက်နေတာနဲ့ မြေပြင်တိုက်ပွဲတွေမှာ ရုရှားတပ်တွေဘက်က တိုက်စွမ်းရည်လျော့ ပါးလာအောင်ဆိုတဲ့ မျှော်လင့်ချက်နဲ့ မကြာသေးခင်ကာလအတွင်း ရုရှားစွမ်းအင်စက်ရုံတွေကို ယူကရိန်းက ဒရုန်းတွေနဲ့ အရှိန်မြှင့်တိုက်ခိုက်ခဲ့ပါတယ်။

 

ရုရှားနိုင်ငံအနောက်ပိုင်းဒေသ ဆမိုလန်းစ်ခ်နဲ့ လစ်ပီတက်စ်ခ်မှာရှိတဲ့ အရာရှိတွေက တိုက်ခိုက်ခံရမှုကို ကြေ ညာခဲ့ပြီး စွမ်းအင်စက်ရုံတွေကို တိုက်ခိုက်ခဲ့တဲ့အတွက် ယူကရိန်းကို ပြစ်တင်ပြောကြားလိုက်ပါတယ်။

 

“တိုက်ခိုက်မှုက ဒေသတွင်းမှာပဲဖြစ်ပွားခဲ့တာပါ။ အဲဒီစွမ်းအင်စက်ရုံတွေရဲ့ ပြင်ပအထိ တိုက်ခိုက်မှုတွေ ပျံ့နှံ့ လာတာမရှိပါဘူး။” လို့ ဆမိုလန်းစ်ခ်ဒေသ အုပ်ချုပ်ရေးမှူးဗက်ဆီလီအနိုခင်က ပြောပါတယ်။

 

နောက်ထပ်တိုက်ခိုက်မှုတွေကတော့ သတ္တုစက်ရုံတွေနဲ့ ဆေးဝါးထုတ်လုပ်ရေးစက်ရုံတွေရှိတဲ့ လစ်ပီတက်စ်ခ် ဒေသမှာဖြစ်ပွားခဲ့တာဖြစ်ကြောင်း ဒေသအုပ်ချုပ်ရေးမှူး အီဂါအတ်တမိုနော့ဗ်က ပြောပါတယ်။

 

တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ယူကရိန်းစစ်ဘက်သတင်းရင်းမြစ်တစ်ဦးကလည်း AFP သတင်းဌာနကို အတည်ပြု ပြောကြားခဲ့ပါတယ်။

 

အဲဒီသတင်းရင်းမြစ်က လစ်ပီတက်စ်ခ်ဒေသက တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဘာမှမပြောပေမဲ့ ဆမိုလန်းစ်ခ်ဒေသ က စွမ်းအင်စက်ရုံနှစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း ပြောပါတယ်။

 

“ရာ့ဆနက်ကုမ္ပဏီက ရက်ဆီဗိုမြို့နဲ့ ရက်ဇ်ဒိုရိုဗိုမြို့မှာရှိတဲ့ လောင်စာဆီသိုလှောင်ရုံနဲ့ ချောဆီသိုလှောင်ရုံနှစ်ခု ဆုံးရှုံးသွားပါတယ်။” လို့ အဆိုပါ သတင်းရင်းမြစ်က ပြောပါတယ်။

 

ယူကရိန်းဒရုန်းတွေဟာ လောင်စာဆီ ၂၆၀၀၀ ကျူးဘစ်မီတာ သိုလှောင်ထားတဲ့ သိုလှောင်ရုံတွေကို တိုက်ခိုက် ခဲ့သလို အခုလို စွမ်းအင်စက်ရုံတွေကို ဒရုန်းတွေနဲ့ ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ အဲဒီသတင်းရင်း မြစ်က ပြောပါတယ်။

 

“အဲဒီစက်ရုံတွေ၊ သိုလှောင်ရုံတွေဟာ စစ်ရေးအရ တရားဝင်ပစ်မှတ်တွေအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ပါ တယ်။” လို့ ၎င်းက ပြောပါတယ်။

 

ရုရှားနိုင်ငံကလည်း ယူကရိန်းနိုင်ငံရဲ့ စွမ်းအင်အခြေခံအဆောက်အဦတွေကို ဆက်လက်တိုက်ခိုက်နေဆဲပဲဖြစ် ပါတယ်။

 

Ref: Ukraine Attack Drones Strike Russia Energy Sites

 

#PeopleMedia


Share this post