• Follow Us on
Latest News

Home အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို ပစ်ခတ်ခဲ့သည့် သိန်းချီသော အမေရိကန် ဗုံး/ဒုံးကျည်များကြောင့် ဆီးရီးယား ပြည်သူ အများအပြားသေဆုံးခဲ့

အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို ပစ်ခတ်ခဲ့သည့် သိန်းချီသော အမေရိကန် ဗုံး/ဒုံးကျည်များကြောင့် ဆီးရီးယား ပြည်သူ အများအပြားသေဆုံးခဲ့

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၃ (People Media)

 

ဆီးရီးယားနိုင်ငံတွင်းရှိ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကိုပစ်မှတ်ထား၍ အမေရိကန်ကထိပ်တန်းလျှို့ဝှက်စစ်ဆင် ရေးတစ်ရပ်ဆင်နွှဲခဲ့ရာတွင် ဗုံးနှင့် ဒုံးကျည်များ သိန်းနှင့်ချီ၍ အသုံးပြုတိုက်ခိုက်ခဲ့ရာ ဆီးရီးယားပြည်သူ အများ အပြားသေဆုံးခဲ့ကြောင်း လက်ရှိတာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစား စစ်ဘက်/ထောက်လှမ်းရေးအရာ ရှိများကပြောကြားလိုက်သည်။

 

အဆိုပါအထူးစစ်ဆင်ရေးတိုက်ခိုက်ရေးအဖွဲ့ကို Talon Anvil ဟု အမည်ပေးထားပြီး ယင်းအထူးစစ်ဆင်ရေးအဖွဲ့ သည် ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တစ်ရက်လျှင် သုံးကြိမ်တိုက်ခိုက်ခဲ့သည်။ ၎င်းအဖွဲ့သည် ရန်သူ့ယာဉ် တန်းများ၊ ကားဗုံးများ၊ ရန်သူ့ဌာနချုစခန်းများနှင့် ရန်သူ့စစ်ကြောင်းများကို လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

 

သို့သော် Talon Anvil စစ်ဆင်ရေးတွင်ပါဝင်သော အရာရှိ/စစ်သည်များသည် စစ်ပွဲနှင့်မသက်ဆိုင်သောအရပ် သားများကို ကာကွယ်ရန် ပြဋ္ဌာန်းထားသည့် ဥပဒေစည်းမျဉ်းများကို ရှောင်ရှားပြီး ရန်သူကိုတိုက်ခိုက်နိုင်ရေးအ တွက် အလျဉ်စလို တိုက်ခိုက်ခဲ့ရာ စစ်ပွဲနှင့် မသက်ဆိုင်သည့် စပါးရိတ်သိမ်းရန်ဆောင်ရွက်နေသည့် လယ်သ မားများ၊ လမ်းမများပေါ်မှာ ကလေးငယ်များ၊ စစ်ဘေးရှောင်မိသားစုများနှင့် အဆောက်အဦများတွင် ခိုလှုံနေကြ သော ရွာသားများပါ သေဆုံးခဲ့ကြရသည်။

 

Talon Anvil စစ်ဆင်ရေးမှာ ရှုပ်ပွနေသောအခန်းငယ်များတွင် လူဆယ့်လေးငါးယောက်ခန့်က ကွန်ပျူတာများ ဖြင့် အလုပ်လုပ်နေသော စစ်ဆင်ရေးအငယ်စားဖြစ်သော်လည်း အိုင်အက်စ်အဖွဲ့ကိုတိုက်ခိုက်ရာတွင် ဗုံးနှင့် ဒုံး ကျည်ပေါင်း ၁၁၂,၀၀၀ အသုံးပြုခဲ့သဖြင့် ယင်းအဖွဲ့မှာ ကြီးမားသောအခန်းကဏ္ဍမှပါဝင်ခဲ့ခြင်းဖြစ်သည်။

 

တစ်စိတ်တစ်ပိုင်းအားဖြင့် Talon Anvil စစ်ဆင်ရေးအဖွဲ့ဝင်များသည် စစ်မြေပြင်အတွင်းလိုက်နာရမည့်တိုက် ခိုက်ရေးစည်းမျဉ်းများ (rules of engagement) ကို လွဲမှားစွာအဓိပ္ပာယ်ဖွင့်ဆိုခဲ့သည့်အဖွဲ့ဖြစ်သည်။

 

“သူတို့ဟာ ရက်ရက်စက်စက်နဲ့ သူတို့အလုပ်ကို အကောင်းဆုံးတာဝန်ကျေအောင်လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါ ပေမဲ့ သူတို့ဟာ ဆိုးရွားတဲ့တိုက်ခိုက်မှုတွေကိုလည်း လုပ်ခဲ့ကြပါတယ်။” ဟု ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ Talon Anvil စစ်ဆင်ရေးများတွင် တာဝန်ထမ်းဆောင်ခဲ့သော လေတပ်ထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦး ကပြောသည်။

 

၂၀၁၉ ခုနှစ်က ပြုလုပ်ခဲ့သော အထူးစစ်ဆင်ရေးတိုက်ခိုက်မှုတွင် အမျိုးသမီးများနှင့် ကလေးသူငယ်အမြောက် အမြားသေဆုံးခဲ့ပြီး ယင်းသတင်းကို အများပြည်သူများနှင့် စစ်ဘက်ထိပ်တန်းခေါင်းဆောင်များ မသိအောင်ဖုံး ကွယ်ထားကြောင်း လွန်ခဲ့သည့်လက New York Times သတင်းစာတွင်ရေးသားဖော်ပြခဲ့သည်။

 

Talon Anvil စစ်ဆင်ရေးအဖွဲ့ဝင်များဆောင်ရွက်ခဲ့သည့် တိုက်ခိုက်မှုများကို ထိပ်တန်းအဆင့်စုံစမ်းစစ်ဆေးမှု များပြုလုပ်သွားရန် နိုဝင်ဘာလတွင် အမေရိကန်ကာကွယ်ရေးဝန်ကြီးအယ်လ်လွိုက်ဂျေသြစတင်က အမိန့်ပေး ခဲ့သည်။

 

New York Times သတင်းစာ၏ဖော်ပြချက်များကို တင်ပြသောအခါ လက်ရှိတာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်း စားယူသွားပြီဖြစ်သော အထူးစစ်ဆင်ရေးအရာရှိများသည် မဆင်မခြင်တိုက်ခိုက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ပြု လုပ်ခဲ့ခြင်းကို ငြင်းဆိုခဲ့ပြီး အရပ်သားများသေဆုံးမှုကို အလေးမထား လျစ်လျူရှုခဲ့သည်။ ဆီးရီးယားနိုင်ငံရှိ စစ် ဆင်ရေးများကို ကြီးကြပ်နေရသည့် စစ်ဆင်ရေးဗဟိုဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ကြီးဘီလ်အာဘန်ကလည်း ယင်းကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပြုပြောဆိုရန် ငြင်းဆန်ခဲ့သည်။

 

Talon Anvil စစ်ဆင်ရေးကာလတွင်း တစ်ခါတစ်ရံ လူသူထူထပ်သောနယ်မြေများကို ဗုံးကြဲရန် အမိန့်ပေးသော အခါ လေယာဉ်မှူးများက ငြင်းဆန်ခဲ့ကြောင်း၊ ထိုသို့ငြင်းဆန်သဖြင့် C.I.A. ထိပ်တန်းအရာရှိများက အထူး စစ်ဆင်ရေးခေါင်းဆောင်များကို တိုင်ကြားခဲ့ကြကြောင်းသိရသည်။

 

Ref: Civilian Deaths Mounted as Secret Unit Pounded ISIS

 

#PeopleMedia

 

(unicode)


…………………………………………………………….

 


 


 


 


 


 


 


 


 


 


 


 

Ref: Civilian Deaths Mounted as Secret Unit Pounded ISIS

 

#PeopleMedia


Share this post