• Follow Us on
Latest News

Home အိုဘားမားအစိုးရေၾကာင့္သာ သမၼတျဖစ္လာသည္ဟု မစ္ခ်ယ္ အိုဘားမားကို ေဒၚနယ္ထရမ့္တံု႔ျပန္

အိုဘားမားအစိုးရေၾကာင့္သာ သမၼတျဖစ္လာသည္ဟု မစ္ခ်ယ္ အိုဘားမားကို ေဒၚနယ္ထရမ့္တံု႔ျပန္

Share this post

မီဝါကီ၊ ၾသဂုတ္ ၁၉

ဒီမိုကရက္ပါတီညီလာခံ၌ သူ႔ကို အေမရိကန္သမၼတကေတာ္ေဟာင္း မစ္ခ်ယ္ အိုဘားမားက ျပင္းျပင္းထန္ထန္ေ၀ဖန္ခဲ့ၿပီးေနာက္ မစ္ခ်ယ္ အိုဘားမား၏ခင္ပြန္း သမၼတေဟာင္း ဘားရက္ အိုဘားမားေၾကာင့္ သမၼတျဖစ္လာသည္ဟု အေမရိကန္သမၼတ ေဒၚနယ္ ထရမ့္က အဂၤါေန႔တြင္ တံု႔ျပန္လိုက္သည္။

“ဒီ(မစ္ခ်ယ္ အိုဘားမား၏မွတ္ခ်က္)စကားက ေတာ္ေတာ္ေသြးကြဲေစတဲ့စကားပါပဲ။ အလြန္တရာကို ေသြးကြဲေစတယ္။ ပြင့္ပြင့္လင္းလင္းေျပာရရင္ ဘားရက္ အိုဘားမားေၾကာင့္သာမဟုတ္ရင္ ဒီေနရာ(အိမ္ျဖဴေတာ္)မွာ ကၽြန္ေတာ္႐ွိေနမွာမဟုတ္ဘူး။ တစ္ေနရာရာမွာ အေဆာက္အအံုေတြေဆာက္ၿပီး ေပ်ာ္ရႊင္ေနမွာ” ဟု ထရမ့္က အိမ္ျဖဴေတာ္တြင္ သတင္းေထာက္မ်ားကိုေျပာသည္။

ကို႐ိုနာဗိုင္းရပ္စ္ကမာၻ႔ကပ္ေရာဂါေၾကာင့္ အားလံုးနီးပါးအြန္လိုင္းမွက်င္းပရသည့္ညီလာခံအတြက္ ႀကိဳတင္မွတ္တမ္းတင္ထားသည့္မိန္႔ခြန္းတြင္ သူ႔ခင္ပြန္းဘားရက္ အိုဘားမားလက္ထက္က ဒုတိယသမၼတျဖစ္ခဲ့သည့္ ဂ်ိဳး ဘိုင္ဒန္ေနာက္တြင္ ႏို၀င္ဘာေ႐ြးေကာက္ပြဲအတြက္မဲဆြယ္ေပးၾကရန္ မစ္ခ်ယ္ အိုဘားမားက တိုက္တြန္းခဲ့ၿပီး ထရမ့္သည္ အေမရိကန္အတြက္ မွားယြင္းသည့္သမၼတျဖစ္ေနသည္ဟု ျပင္းျပင္းထန္ထန္ေ၀ဖန္ခဲ့သည္။

မစ္ခ်ယ္ အိုဘားမား၏ထရမ့္အေပၚေ၀ဖန္မႈသည္ လက္႐ွိသမၼတအေပၚ သမၼတကေတာ္ေဟာင္းတစ္ေ ယာက္၏မၾကံဳစဖူးေ၀ဖန္မႈျဖစ္သည္။

လာမည့္ႏို၀င္ဘာ ၃ ရက္တြင္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲက်င္းပမည္ျဖစ္သည္။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ လူအမ်ားမစုေ၀းဘဲ ႀကိဳတင္မွတ္တမ္းတင္ထားသည့္မွတ္တမ္းတင္႐ုပ္သံမ်ားျဖင့္ ဒီမိုကရက္ပါတီညီလာခံက်င္းပေနျခင္းျဖစ္သည္။
လာမည့္တစ္ပတ္တြင္က်င္းပမည့္ရီပတ္ဘလစ္ကန္ပါတီညီလာခံတြင္လည္း အလားတူက်င္းပရန္႐ွိေနသည္။

Ref : Trump lashes out at Michelle Obama after convention takedown

#PeopleMedia

(unicode)
အိုဘားမားအစိုးရကြောင့်သာ သမ္မတဖြစ်လာသည်ဟု မစ်ချယ် အိုဘားမားကို ဒေါ်နယ်ထရမ့်တုံ့ပြန်
…………………………………………………

မီဝါကီ၊ ဩဂုတ် ၁၉

ဒီမိုကရက်ပါတီညီလာခံ၌ သူ့ကို အမေရိကန်သမ္မတကတော်ဟောင်း မစ်ချယ် အိုဘားမားက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီးနောက် မစ်ချယ် အိုဘားမား၏ခင်ပွန်း သမ္မတဟောင်း ဘားရက် အိုဘားမားကြောင့် သမ္မတဖြစ်လာသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က အင်္ဂါနေ့တွင် တုံ့ပြန်လိုက်သည်။

“ဒီ(မစ်ချယ် အိုဘားမား၏မှတ်ချက်)စကားက တော်တော်သွေးကွဲစေတဲ့စကားပါပဲ။ အလွန်တရာကို သွေးကွဲစေတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဘားရက် အိုဘားမားကြောင့်သာမဟုတ်ရင် ဒီနေရာ(အိမ်ဖြူတော်)မှာ ကျွန်တော်ရှိနေမှာမဟုတ်ဘူး။ တစ်နေရာရာမှာ အဆောက်အအုံတွေဆောက်ပြီး ပျော်ရွှင်နေမှာ” ဟု ထရမ့်က အိမ်ဖြူတော်တွင် သတင်းထောက်များကိုပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါကြောင့် အားလုံးနီးပါးအွန်လိုင်းမှကျင်းပရသည့်ညီလာခံအတွက် ကြိုတင်မှတ်တမ်းတင်ထားသည့်မိန့်ခွန်းတွင် သူ့ခင်ပွန်းဘားရက် အိုဘားမားလက်ထက်က ဒုတိယသမ္မတဖြစ်ခဲ့သည့် ဂျိုး ဘိုင်ဒန်နောက်တွင် နိုဝင်ဘာရွေးကောက်ပွဲအတွက်မဲဆွယ်ပေးကြရန် မစ်ချယ် အိုဘားမားက တိုက်တွန်းခဲ့ပြီး ထရမ့်သည် အမေရိကန်အတွက် မှားယွင်းသည့်သမ္မတဖြစ်နေသည်ဟု ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။

မစ်ချယ် အိုဘားမား၏ထရမ့်အပေါ်ဝေဖန်မှုသည် လက်ရှိသမ္မတအပေါ် သမ္မတကတော်ဟောင်းတစ် ေယာက်၏မကြုံစဖူးဝေဖန်မှုဖြစ်သည်။

လာမည့်နိုဝင်ဘာ ၃ ရက်တွင် အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပမည်ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူအများမစုဝေးဘဲ ကြိုတင်မှတ်တမ်းတင်ထားသည့်မှတ်တမ်းတင်ရုပ်သံများဖြင့် ဒီမိုကရက်ပါတီညီလာခံကျင်းပနေခြင်းဖြစ်သည်။
လာမည့်တစ်ပတ်တွင်ကျင်းပမည့်ရီပတ်ဘလစ်ကန်ပါတီညီလာခံတွင်လည်း အလားတူကျင်းပရန်ရှိနေသည်။

Ref : Trump lashes out at Michelle Obama after convention takedown

#PeopleMedia


Share this post