• Follow Us on
Latest News

Home အိႏိၵယႏိုင္ငံသားျဖစ္ခြင့္ဥပေဒျပင္ဆင္ၿပီးေနာက္ မြတ္ဆလင္မ်ားႏွင့္ ဘဂၤါလီမ်ား ခရစ္ယာန္ဘာသာ၀င္အျဖစ္ေျပာင္းၿပီး ႏိုင္ငံသားခံယူေန

အိႏိၵယႏိုင္ငံသားျဖစ္ခြင့္ဥပေဒျပင္ဆင္ၿပီးေနာက္ မြတ္ဆလင္မ်ားႏွင့္ ဘဂၤါလီမ်ား ခရစ္ယာန္ဘာသာ၀င္အျဖစ္ေျပာင္းၿပီး ႏိုင္ငံသားခံယူေန

Share this post

နယူးေဒလီ၊ ဇူလိုင္ ၂၃

အိႏိၵယႏိုင္ငံ၏ႏိုင္ငံသားျဖစ္ခြင့္ျပင္ဆင္ခ်က္ဥပေဒ(CAA)ေၾကာင့္ အာဖဂန္နစၥတန္ႏွင့္ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ) မြတ္ဆလင္မ်ား အိႏိၵယႏိုင္ငံသားခံယူႏိုင္ရန္ ခရစ္ယာန္ဘာသာ၀င္အျဖစ္ေျပာင္းေနၾကေၾကာင္း ဗဟိုေအဂ်င္စီမ်ားက အိႏၵိယအစိုးရကို အသိေပးထားေၾကာင္း ထိုျဖစ္ရပ္ႏွင့္နီးစပ္သည့္သတင္းရင္းျမစ္မ်ားကေျပာသည္။

အာဖဂန္မြတ္ဆလင္မ်ား ခရစ္ယာန္ဘာသာေျပာင္းေနမႈကို ေအဂ်င္စီမ်ားက ဆက္လက္စံုစမ္းစစ္ေဆးေနေၾကာင္းလည္း ေျပာသည္။

၂၀၁၉ ခုႏွစ္တြင္ အိႏၵိယလႊတ္ေတာ္ကအတည္ျပဳခဲ့ၿပီး ယခုႏွစ္၊ ဇန္နဝါရီ ၁၀ ရက္တြင္စတင္အသက္၀င္ခဲ့သည့္ ထိုဥပေဒက အာဖဂန္နစၥတန္၊ ဘဂၤလားေဒ့႐ွ္ႏွင့္ ပါကစၥတန္ႏိုင္ငံတို႔မွ မြတ္ဆလင္မဟုတ္သည့္ေ႐ႊ႕ေျပာင္းအေျခခ်သူမ်ားကို အိႏၵိယႏိုင္ငံ သားေလွ်ာက္ထားခြင့္ျပဳထားသည္။

အိႏိၵယျပည္ထဲေရး၀န္ႀကီးဌာနက ထိုဥပေဒ၏စည္းမ်ဥ္းမ်ားကို အေၾကာင္းမၾကာေသးေပ။

“CAA အသက္၀င္ၿပီးေနာက္ပိုင္း ခရစ္ယာန္ဘာသာ၀င္ခ်င္ေနၾကတဲ့အာဖဂန္မြတ္ဆလင္အေရအတြက္ သိသိသာသာျမင့္တက္ လာတယ္”ဟု ေဒလီၿမိဳ႕ေတာင္ ဘက္႐ွိအာဖဂန္မြတ္ဆလင္ခရစ္ယာန္ဘုရား႐ွိခိုးေက်ာင္းကိုဦးေဆာင္သည့္ အဒစ္ အာမက္ မက္က္စ္ဝဲက Economic Times ကိုေျပာသည္။

“အာဖဂန္အမ်ားစုကေတာ့ ကုလသမဂၢဒုကၡသည္ေအဂ်င္စီ UNHCR ဆီကေနတစ္ဆင့္ ခိုလႈံခြင့္ေတာင္းခံၾကပါတယ္”ဟု သူကေျပာသည္။

တရား၀င္အခ်က္အလက္မ်ားအရ ေဒလီတြင္ အာဖဂန္မြတ္ဆလင္ ၁၅၀၀၀၀ မွ ၁၆၀၀၀၀ အထိ႐ွိေနသည္။

ထို႔အျပင္ အိႏၵိယတစ္ႏိုင္ငံလံုးတြင္ ဘဂၤါလီမြတ္ဆလင္ ၄၀၀၀၀ နီးပါး႐ွိေနမည္ဟု အာဏာပိုင္မ်ားက ခန္႔မွန္းထားၿပီး ဂ်မ္မူးႏွင့္ ကတ္႐ွ္မီးယားျပည္နယ္တြင္ အမ်ားဆံုး႐ွိေနႏိုင္သည္။

ထိုေ႐ႊ႕ေျပာင္းဒုကၡသည္မ်ားသည္ ၂၀၁၂ ခုႏွစ္မတိုင္ခင္ အိႏၵိယႏိုင္ငံတြင္ခိုလႈံေနၾကၿပီး လက္႐ွိတြင္ ဘဂၤလားေဒ့႐ွ္မွလာသည္ဟု ေျပာသည့္အျပင္ ခရစ္ယာန္ဘာသာသို႔ေျပာင္းလဲေနၾကသည္။

ျမန္မာလက္နက္ကိုင္တပ္ဖြဲ႔မ်ား၏ရက္စက္မႈမ်ားေတြ႕ရၿပီးေနာက္ ဘဂၤါလီမ်ား ၂၀၁၁ ခုႏွစ္ေနာက္ပိုင္းတြင္ ရခိုင္ျပည္နယ္မွာ အိႏိၵယသို႔ေ႐ႊ႕ေျပာင္းထြက္ေျပးလာၾကသည္။

“အိႏၵိယက ခရစ္ယာန္ဘုရားေက်ာင္းေတြရဲ႕ေထာက္ခံခ်က္နဲ႔ ကၽြန္ေတာ္တို႔ေတြ ပ႐ိုတက္စတင့္ခရစ္ယာန္ကိုးကြယ္ေနပါတယ္” ဟု အာဖဂန္ခရစ္ယာန္ဘုရားေက်ာင္းမွ အဇစ္ ဆူတာနီကေျပာသည္။

ၿပီးခဲ့သည့္ ၆ ႏွစ္အတြင္း အာဖဂန္နစၥတန္၊ ဘဂၤလားေဒ့႐ွ္ႏွင့္ ပါကစၥတန္ႏိုင္ငံတို႔မွ လူ ၄၀၀၀ ကို အိႏၵိယႏိုင္ငံသားျဖစ္ခြင့္ေပးခဲ့ၿပီး ၂၀၁၄ ခုႏွစ္တြင္ ဘဂၤလားေဒ့႐ွ္ႏွင့္နယ္နိမိတ္သေဘာတူညီခ်က္အရ ယခင္ဘဂၤလားေဒ့႐ွ္ပိုင္ကၽြန္းဆြယ္ ၅၀ ေက်ာ္ အိႏၵိယပိုင္ ျဖစ္လာသျဖင့္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံသား ၁၄၈၄၆ ေယာက္ကိုလည္း အိႏိၵယႏိုင္ငံသားျဖစ္ခြင့္ျပဳခဲ့သည္။

ထိုအိမ္နီးခ်င္း ၃ ႏိုင္ငံမွထြက္ေျပးလာသည့္ လူနည္းစုဟိႏၵဴ၊ ဆစ္၊ ဗုဒၶ၊ ပါဆစ္၊ ဂ်ိန္းႏွင့္ ခရစ္ယာန္ဘာသာ၀င္မ်ားကို ဘာသာေရး အရရက္စက္မႈမ်ားေၾကာင့္ထြက္ေျပးလာပါက ႏိုင္ငံသားျဖစ္ခြင့္ေလွ်ာက္ထားႏိုင္ေၾကာင္း CAA တြင္ေျပာထားသည္။

သို႔ေသာ္ ၂၀၁၄ ခုႏွစ္၊ ဒီဇင္ဘာ ၃၁ ရက္မတိုင္မီ အိႏၵိယႏိုင္ငံသို႔ေျပာင္းေ႐ႊ႕လာသူမ်ားသာ ေလွ်ာက္ထားခြင့္႐ွိမည္ျဖစ္သည္။

သို႔ေသာ္ ထိုရက္မတိုင္ခင္ အိႏၵိယႏိုင္ငံေရာက္႐ွိေနၿပီး UNHCR ကခိုလႈံခြင့္ျငင္းပယ္ခံထားရသူမ်ားႏွင့္ မြတ္ဆလင္ေ႐ႊ႕ေျပာင္း ဒုကၡသည္မ်ားက CAA ကိုအခြင့္ေကာင္းယူႏိုင္ေၾကာင္း အာဏာပိုင္မ်ားကေျပာေနသည္။

အာဖဂန္တရားေဟာဆရာမ်ားကလည္း CAA ကိုေထာက္ခံေသာ္လည္း အစၥလာမ္မွခရစ္ယာန္ေျပာင္းလာသူမ်ားႏွင့္ဆက္စပ္၍ အစိုးရအေနျဖင့္ အကာအကြယ္မ်ားလုပ္ထားသင့္ေၾကာင္း ယူဆသည္ဟုေျပာသည္။

Ref : Muslim, Rohingya refugees convert to Christianity to take benefit of the Citizenship (Amendment) Act

#PeopleMedia

(unicode)
အိန္ဒိယနိုင်ငံသားဖြစ်ခွင့်ဥပဒေပြင်ဆင်ပြီးနောက် မွတ်ဆလင်များနှင့် ဘင်္ဂါလီများ ခရစ်ယာန်ဘာသာဝင်အဖြစ်ပြောင်းပြီး နိုင်ငံသားခံယူနေ
……………………………………………………

နယူးဒေလီ၊ ဇူလိုင် ၂၃

အိန္ဒိယနိုင်ငံ၏နိုင်ငံသားဖြစ်ခွင့်ပြင်ဆင်ချက်ဥပဒေ(CAA)ကြောင့် အာဖဂန်နစ္စတန်နှင့်ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ) မွတ်ဆလင်များ အိန္ဒိယနိုင်ငံသားခံယူနိုင်ရန် ခရစ်ယာန်ဘာသာဝင်အဖြစ်ပြောင်းနေကြကြောင်း ဗဟိုအေဂျင်စီများက အိန္ဒိယအစိုးရကို အသိပေးထားကြောင်း ထိုဖြစ်ရပ်နှင့်နီးစပ်သည့်သတင်းရင်းမြစ်များကပြောသည်။

အာဖဂန်မွတ်ဆလင်များ ခရစ်ယာန်ဘာသာပြောင်းနေမှုကို အေဂျင်စီများက ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်းလည်း ပြောသည်။

၂၀၁၉ ခုနှစ်တွင် အိန္ဒိယလွှတ်တော်ကအတည်ပြုခဲ့ပြီး ယခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်တွင်စတင်အသက်ဝင်ခဲ့သည့် ထိုဥပဒေက အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံတို့မှ မွတ်ဆလင်မဟုတ်သည့်ရွှေ့ပြောင်းအခြေချသူများကို အိန္ဒိယနိုင်ငံ သားလျှောက်ထားခွင့်ပြုထားသည်။

အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက ထိုဥပဒေ၏စည်းမျဉ်းများကို အကြောင်းမကြာသေးပေ။

“CAA အသက်ဝင်ပြီးနောက်ပိုင်း ခရစ်ယာန်ဘာသာဝင်ချင်နေကြတဲ့အာဖဂန်မွတ်ဆလင်အရေအတွက် သိသိသာသာမြင့်တက် လာတယ်”ဟု ဒေလီမြို့တောင် ဘက်ရှိအာဖဂန်မွတ်ဆလင်ခရစ်ယာန်ဘုရားရှိခိုးကျောင်းကိုဦးဆောင်သည့် အဒစ် အာမက် မက်က်စ်ဝဲက Economic Times ကိုပြောသည်။

“အာဖဂန်အများစုကတော့ ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီ UNHCR ဆီကနေတစ်ဆင့် ခိုလှုံခွင့်တောင်းခံကြပါတယ်”ဟု သူကပြောသည်။

တရားဝင်အချက်အလက်များအရ ဒေလီတွင် အာဖဂန်မွတ်ဆလင် ၁၅၀၀၀၀ မှ ၁၆၀၀၀၀ အထိရှိနေသည်။

ထို့အပြင် အိန္ဒိယတစ်နိုင်ငံလုံးတွင် ဘင်္ဂါလီမွတ်ဆလင် ၄၀၀၀၀ နီးပါးရှိနေမည်ဟု အာဏာပိုင်များက ခန့်မှန်းထားပြီး ဂျမ်မူးနှင့် ကတ်ရှ်မီးယားပြည်နယ်တွင် အများဆုံးရှိနေနိုင်သည်။

ထိုရွှေ့ပြောင်းဒုက္ခသည်များသည် ၂၀၁၂ ခုနှစ်မတိုင်ခင် အိန္ဒိယနိုင်ငံတွင်ခိုလှုံနေကြပြီး လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်မှလာသည်ဟု ပြောသည့်အပြင် ခရစ်ယာန်ဘာသာသို့ပြောင်းလဲနေကြသည်။

မြန်မာလက်နက်ကိုင်တပ်ဖွဲ့များ၏ရက်စက်မှုများတွေ့ရပြီးနောက် ဘင်္ဂါလီများ ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် ရခိုင်ပြည်နယ်မှာ အိန္ဒိယသို့ရွှေ့ပြောင်းထွက်ပြေးလာကြသည်။

“အိန္ဒိယက ခရစ်ယာန်ဘုရားကျောင်းတွေရဲ့ထောက်ခံချက်နဲ့ ကျွန်တော်တို့တွေ ပရိုတက်စတင့်ခရစ်ယာန်ကိုးကွယ်နေပါတယ်” ဟု အာဖဂန်ခရစ်ယာန်ဘုရားကျောင်းမှ အဇစ် ဆူတာနီကပြောသည်။

ပြီးခဲ့သည့် ၆ နှစ်အတွင်း အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံတို့မှ လူ ၄၀၀၀ ကို အိန္ဒိယနိုင်ငံသားဖြစ်ခွင့်ပေးခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နှင့်နယ်နိမိတ်သဘောတူညီချက်အရ ယခင်ဘင်္ဂလားဒေ့ရှ်ပိုင်ကျွန်းဆွယ် ၅၀ ကျော် အိန္ဒိယပိုင် ဖြစ်လာသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၄၈၄၆ ယောက်ကိုလည်း အိန္ဒိယနိုင်ငံသားဖြစ်ခွင့်ပြုခဲ့သည်။

ထိုအိမ်နီးချင်း ၃ နိုင်ငံမှထွက်ပြေးလာသည့် လူနည်းစုဟိန္ဒူ၊ ဆစ်၊ ဗုဒ္ဓ၊ ပါဆစ်၊ ဂျိန်းနှင့် ခရစ်ယာန်ဘာသာဝင်များကို ဘာသာရေး အရရက်စက်မှုများကြောင့်ထွက်ပြေးလာပါက နိုင်ငံသားဖြစ်ခွင့်လျှောက်ထားနိုင်ကြောင်း CAA တွင်ပြောထားသည်။

သို့သော် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ အိန္ဒိယနိုင်ငံသို့ပြောင်းရွှေ့လာသူများသာ လျှောက်ထားခွင့်ရှိမည်ဖြစ်သည်။

သို့သော် ထိုရက်မတိုင်ခင် အိန္ဒိယနိုင်ငံရောက်ရှိနေပြီး UNHCR ကခိုလှုံခွင့်ငြင်းပယ်ခံထားရသူများနှင့် မွတ်ဆလင်ရွှေ့ပြောင်း ဒုက္ခသည်များက CAA ကိုအခွင့်ကောင်းယူနိုင်ကြောင်း အာဏာပိုင်များကပြောနေသည်။

အာဖဂန်တရားဟောဆရာများကလည်း CAA ကိုထောက်ခံသော်လည်း အစ္စလာမ်မှခရစ်ယာန်ပြောင်းလာသူများနှင့်ဆက်စပ်၍ အစိုးရအနေဖြင့် အကာအကွယ်များလုပ်ထားသင့်ကြောင်း ယူဆသည်ဟုပြောသည်။

Ref : Muslim, Rohingya refugees convert to Christianity to take benefit of the Citizenship (Amendment) Act

#PeopleMedia


Share this post