• Follow Us on
Latest News

Home ဒေါက်တာ အောင်မိုးညိုက ပါတီမှ ချမှတ်ထားသည့်နေရာမဟုတ်ပါက တွေ့ဆုံရန်မရှိဟု ပြောဆိုသည့်အတွက် NLD နှင့် KySDP ပါတီတွေ့ဆုံပွဲ ထပ်မံပျက်

ဒေါက်တာ အောင်မိုးညိုက ပါတီမှ ချမှတ်ထားသည့်နေရာမဟုတ်ပါက တွေ့ဆုံရန်မရှိဟု ပြောဆိုသည့်အတွက် NLD နှင့် KySDP ပါတီတွေ့ဆုံပွဲ ထပ်မံပျက်

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၁၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
NLD ပါတီနှင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ KySDP တို့ ယနေ့တွင် တွေ့ဆုံရန် စီစဉ်ထားသော်လည်း NLD ပါတီ၏ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံညှိနှိုင်းရေးခေါင်းဆောင် ဒေါက်တာ အောင်မိုးညိုက ပါတီမှ ချမှတ်ထားသည့်နေရာမဟုတ်ပါက တွေ့ဆုံရန်မရှိဟု ပြောဆိုသည်အတွက် တွေ့ဆုံပွဲပျက်သွားကြောင်း ကယား ပြည်နယ်ဒီမိုကရက်တစ်ပါတီအတွင်းရေးမှူး ဦးခူသဲရယ်က People Media သို့ ပြောသည်။ KySDP ပါတီမှ NLD ပါတီနှင့် တွေ့ဆုံရာ နှစ်ဘက်ပါတီရုံးများမဟုတ်သည့် တတိယနေရာတစ်ခုတွင် တွေ့ဆုံ ရန် အဆိုပြုသော်လည်း NLD ပါတီဘက်မှ ဗဟိုမှ ဆုံးဖြတ်ချက်ချထားသည့် ပါတီရုံး၌သာ တွေ့ဆုံမည်ဟု ပြောဆိုခဲ့ခြင်းကြောင့် တွေ့ဆုံပွဲပျက်ရခြင်းဖြစ်ကြောင်း ဦးခူသဲရယ်က ပြောသည်။ “မနေ့က သူတို့ရောက်တယ်။ ကျွန်တော်နဲ့ချိတ်ဆက်တယ်၊ ဒီမနက်လည်း ချိတ်ဆက်လာတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အဆိုပြုတဲ့နေရာကို သူတို့က လက်မခံနိုင်ဘူးပေါ့။ သူတို့သတ်မှတ်နေတဲ့နေရာကြတော့လည်း ကျွန်တော်တို့က သွားတွေ့ဖို့ အခတ်အခဲရှိနေတော့ တွေ့ဆုံမယ့်အစီစဉ်ကတော့ အလားအလာမရှိတော့ ဘူးပေါ့” ဟု ဦးခူသဲရယ်က ပြောသည်။ ယနေ့နံနက်ပိုင်းက ဒေါက်တာအောင်မိုးညိုမှ ဖုန်းဖြင့် ဆက်သွယ်ရာတွင် တွေ့ဆုံမည့်နေရာကို ဗဟိုမှ ဆုံး ဖြတ်ချက်ချထားသည့်နေရာ၌သာတွေ့ဆုံရန် ပြောဆိုပြီး ထိုသို့မဟုတ်ဘဲ တစ်ခြားနေရာတစ်ခုဖြစ်ပါက တွေ့ ရန်မရှိကြောင်း ပြောဆိုခဲ့သည်ဟု ဦးခူသဲရယ်က ဆိုသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့တွင် NLD ပါတီနှင့် မွန်ညီညွတ်ရေးပါတီ MUP ကြား နှစ်ပါတီရုံးများမဟုတ် သည့် ကြားနေရာတွင် တွေ့ဆုံရန် တောင်းဆိုခဲ့သော်လည်း ယင်းတောင်းဆိုချက်ကို NLD ပါတီမှ လက်ခံခြင်း မရှိဘဲ တွေ့ဆုံပွဲပျက်ခဲ့ရပြီး ယနေ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ တွေ့ဆုံမည့် အစီစဉ်မှာလည်း ထပ်မံ ပျက်ခဲ့ရသည်။ NLD ပါတီမှ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံရန် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ဖြစ်ကြသည့် မကွေး တိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုအပါအဝင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ဦးအင်ထုံးခါးနော်ဆန်စသည့် တာဝန်ပေးထားခြင်း ဖြစ်သည်။ #PeopleMedia #ဒေါက်တာ အောင်မိုးညို (unicode) ဒေါကျတာ အောငျမိုးညိုက ပါတီမှ ခမြှတျထားသည့ျနရောမဟုတျပါက တှေ့ဆုံရနျမရှိဟု ပွောဆိုသည့ျအတှကျ NLD နှင့ျ KySDP ပါတီတှေ့ဆုံပှဲ ထပျမံပကြျ
……………………………………….
 
 
 
 
 
 
 
 

Share this post