• Follow Us on
Latest News

Home ေဒၚေအာင္ဆန္းစုၾကည္၏ အနီးကပ္လူယုံေဒါက္တာတင္မာေအာင္ ၀င္ျပဳိင္မည့္ ေတာင္ကုတ္မဲဆႏၵနယ္တြင္ ေရြးေကာက္ပြဲအႏိုင္ရလဒ္အျဖစ္ သမိုင္းစာမ်က္ႏွာသစ္ဖြင့္လွစ္မည္ဟု ALD ပါတီေႂကြးေၾကာ္

ေဒၚေအာင္ဆန္းစုၾကည္၏ အနီးကပ္လူယုံေဒါက္တာတင္မာေအာင္ ၀င္ျပဳိင္မည့္ ေတာင္ကုတ္မဲဆႏၵနယ္တြင္ ေရြးေကာက္ပြဲအႏိုင္ရလဒ္အျဖစ္ သမိုင္းစာမ်က္ႏွာသစ္ဖြင့္လွစ္မည္ဟု ALD ပါတီေႂကြးေၾကာ္

Share this post

ရန္ကုန္၊ ၾသဂုတ္ ၄

ၾသဂုတ္၄ ေဒၚေအာင္ဆန္းစုၾကည္၏ အနီးကပ္လူယုံေဒါက္တာတင္မာေအာင္ ၀င္ျပဳိင္မည့္ ေတာင္ကုတ္မဲ ဆႏၵနယ္တြင္ ေရြးေကာက္ပြဲအႏိုင္ရလဒ္အျဖစ္ သမိုင္းစာမ်က္ႏွာသစ္ဖြင့္လွစ္မည္ျဖစ္ေၾကာင္း ALD ပါတီေႂကြး ေၾကာ္လိုက္သည္။

၂၀၂၀ေရြးေကာက္ပြဲတြင္ ေဒါက္တာတင္မာေအာင္အား လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္ တာ၀န္ေပးအ ပ္သည့္အေပၚ ၾသဂုတ္လ ၄ ရက္ people media ကဆက္သြယ္ေမးျမန္းရာတြင္ ရခိုင္ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီ အေထြေထြအတြင္းေရးမွဴး ဦးမ်ိဳးေက်ာ္ကေျပာသည္။

“ေဒါက္တာတင္မာေအာင္ကို တာ၀န္ေပးအပ္တာက သူဟာ ဥကၠဌႀကီး ရွိကတည္းက ပါတီကို ၀င္ထြက္သြား လာေနတာလည္းျဖစ္တယ္။ ဟိုးယခင္ ပါတီ မ၀င္ခင္ကေရာ ပါတီ ၀င္ၿပီးေတာ့ေရာ ရခိုင္အမ်ိဳးသားအေရးမွာေပါ့။ ပညာေရး၊က်န္းမာေရး၊ သမိုင္းအေမြအႏွစ္ ယဥ္ေက်းမႈ စတာေတြမွာ စြမ္းစြမ္းတမံေဆာင္ရြက္ခဲ့တယ္။ ဒီအတြက္ သူ႔အေပၚ ရာနႈန္းျပည့္ယုံၾကည့္လို႔တာ၀န္ေပးအပ္လိုက္တာျဖစ္တယ္။ေနာက္ ဒီေနရာ ေတာင္ကုတ္က ရခိုင္ပါတီ သမိုင္းမွာ တစ္ခါမွမႏိုင္ဖူးဘူး။ ဒီအတြက္ ရခိုင္ပါတီအႏိုင္ရဖို႔ သမိုင္းစာမ်က္ႏွာသစ္ထိုးခ်င္တယ္။ ရခိုင္သမိုင္းစာမ်က္ႏွာ သစ္ဖြင့္လွစ္မယ္’’ဟု ၎ကေျပာသည္။

ရခိုင္ျပည္နယ္ ေတာင္ကုတ္မဲဆႏၵနယ္သည္ ၂၀၁၀ေရြးေကာက္ပြဲတြင္ USDP ပါတီကအႏိုင္ရရွိခဲ့ၿပီး ၂၀၁၅ ခုႏွစ္တြင္ NLD ပါတီက အႏိုင္ရရွိခဲ့သည္။

ယင္းေဒါက္တာတင္မာေအာင္ ၀င္ျပဳိင္မည့္ ေတာင္ကုတ္မဲဆႏၵနယ္တြင္ အဓိက ယွဥ္ျပဳိင္ရမည့္ပါတီမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီျဖစ္ေၾကာင္း ALD ပါတီက သိရသည္။

#PeopleMedia

(Unicode)
ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လူယုံဒေါက်တာတင်မာအောင် ဝင်ပြိုင်မည့် တောင်ကုတ်မဲဆန္ဒနယ်တွင် ရွေးကောက်ပွဲအနိုင်ရလဒ်အဖြစ် သမိုင်းစာမျက်နှာသစ်ဖွင့်လှစ်မည်ဟု ALD ပါတီကြွေးကြော်
……………………………………………………

ရန်ကုန်၊ ဩဂုတ် ၄

ဩဂုတ်၄ ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လူယုံဒေါက်တာတင်မာအောင် ဝင်ပြိုင်မည့် တောင်ကုတ်မဲ ဆန္ဒနယ်တွင် ရွေးကောက်ပွဲအနိုင်ရလဒ်အဖြစ် သမိုင်းစာမျက်နှာသစ်ဖွင့်လှစ်မည်ဖြစ်ကြောင်း ALD ပါတီကြွေး ကြော်လိုက်သည်။

၂၀၂၀ရွေးကောက်ပွဲတွင် ဒေါက်တာတင်မာအောင်အား လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် တာဝန်ပေးအ ပ်သည့်အပေါ် ဩဂုတ်လ ၄ ရက် people media ကဆက်သွယ်မေးမြန်းရာတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်ကပြောသည်။

“ဒေါက်တာတင်မာအောင်ကို တာဝန်ပေးအပ်တာက သူဟာ ဥက္ကဌကြီး ရှိကတည်းက ပါတီကို ဝင်ထွက်သွား လာနေတာလည်းဖြစ်တယ်။ ဟိုးယခင် ပါတီ မဝင်ခင်ကရော ပါတီ ဝင်ပြီးတော့ရော ရခိုင်အမျိုးသားအရေးမှာပေါ့။ ပညာရေး၊ကျန်းမာရေး၊ သမိုင်းအမွေအနှစ် ယဉ်ကျေးမှု စတာတွေမှာ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တယ်။ ဒီအတွက် သူ့အပေါ် ရာနှုန်းပြည့်ယုံကြည့်လို့တာဝန်ပေးအပ်လိုက်တာဖြစ်တယ်။နောက် ဒီနေရာ တောင်ကုတ်က ရခိုင်ပါတီ သမိုင်းမှာ တစ်ခါမှမနိုင်ဖူးဘူး။ ဒီအတွက် ရခိုင်ပါတီအနိုင်ရဖို့ သမိုင်းစာမျက်နှာသစ်ထိုးချင်တယ်။ ရခိုင်သမိုင်းစာမျက်နှာ သစ်ဖွင့်လှစ်မယ်’’ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ် တောင်ကုတ်မဲဆန္ဒနယ်သည် ၂၀၁၀ရွေးကောက်ပွဲတွင် USDP ပါတီကအနိုင်ရရှိခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် NLD ပါတီက အနိုင်ရရှိခဲ့သည်။

ယင်းဒေါက်တာတင်မာအောင် ဝင်ပြိုင်မည့် တောင်ကုတ်မဲဆန္ဒနယ်တွင် အဓိက ယှဉ်ပြိုင်ရမည့်ပါတီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဖြစ်ကြောင်း ALD ပါတီက သိရသည်။

#PeopleMedia


Share this post