• Follow Us on
Latest News

Home မောင်တောခရိုင်တွင်မဲပေးခွင့်ရှိသူ ၆၇၂၀၉ ဦးရှိပြီး ပုံစံ(၃)ဖြင့် လျှောက်ထားသူ ၂၁၇ ဦးရှိနေ


Share this post

ရန်ကုန်၊ အောက်တိုဘာ ၁၂






(unicode)
မောင်တောခရိုင်တွင်မဲပေးခွင့်ရှိသူ ၆၇၂၀၉ ဦးရှိပြီး ပုံစံ(၃)ဖြင့် လျှောက်ထားသူ ၂၁၇ ဦးရှိနေ
……………………………………………………….

ရန်ကုန်၊ အောက်တိုဘာ ၁၂

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်တွင် ၂၀၂၀ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ (၆၇၂၀)ဦးရှိပြီး၊ မဲစာရင်းတွင် မိမိနာမည်ပါဝင်ခြင်းမရှိသေးပါက မဲစာရင်းတွင် ထည့်သွင်း ပေးရန် တောင်းဆိုလွှာ ပုံစံ(၃)ဖြင့် လျှောက်ထားသူ (၂၁၇) ဦးရှိကြောင်း မောင်တောခရိုင် ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးကျော်သန်းက ပြောပါတယ်။

“အခုက ယာယီတွေကို လက်မခံတော့ဘူး၊ ဥပဒေအတိုင်း နိုင်ကတ်ကိုင်ထားတဲ့သူတွေပဲ မဲစာရင်းထဲမှာ ပါတာပေါ့၊ မဲစာရင်း ကောက်တာတော့ အကုန်ကောက်တယ်၊ တိုက်ပွဲရှောင်စခန်းတွေမှာ ရောက်နေတဲ့ သူတွေကိုလည်း ကောက်တယ်၊ ကျန်ခဲ့တဲ့နေရာတော့ မရှိပါဘူး” ဟု ဦးကျော်သန်းက ပြောပါတယ်။

အနည်းဆုံး ရက်ပေါင်း ၉၀ မဲဆန္ဒနယ်ပြင်ပရောက်သူများ မိမိတို့ ရောက်ရှိနေသော မဲဆန္ဒနယ်တွင် မဲစာရင်း ထည့်သွင်းနိုင်ရန် ပုံစံ(၃)ကဖြင့် လျှောက်ထားသူ(၂၅၇)ဦး၊ မဲစာရင်းပါအမည်နှင့် အခြားအချက်အလက်များအား ကန့်ကွက်ရန် ပုံစံ(၄)ဖြင့် လျှောက်ထားသူ (၁၆၇)ဦး၊ ပုံစံ(၄)ဂဖြင့် လျှောက်ထားသူ (၄၉၀)ဦး ရှိပါတယ်။

မဲဆန္ဒရှင်များ မဲပေးခွင့် မဆုံးရူံးစေရန်အတွက် မဲစာရင်းများ ကြေညာပေးသည့်အချိန်တွင် မဲစာရင်းသွားကြည့် ကြရန် လိုအပ်ပြီး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နောက်ဆုံးအကြိမ် မဲဆန္ဒရှင်စာရင်းကို အောက်တို ဘာလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စုများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံးများတွင် မဲစာရင်းများကို ထပ်မံကြေညာပေးထားပါတယ်။

#PeopleMedia #UEC #2020election #မောင်တော


Share this post