• Follow Us on
Latest News

Home ျမန္မာႏိုင္ငံတြင္ COVID 19 ေရာဂါ လမ္းဆုံလမ္းခြသို႔ ေရာက္ေနေၾကာင္း ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာျမင့္ ေထြးေျပာၾကား

ျမန္မာႏိုင္ငံတြင္ COVID 19 ေရာဂါ လမ္းဆုံလမ္းခြသို႔ ေရာက္ေနေၾကာင္း ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာျမင့္ ေထြးေျပာၾကား

Share this post

ရန္ကုန္၊ ဇူလိုင္ – ၉

ျမန္မာႏိုင္ငံတြင္ COVID 19 ေရာဂါအေျခအေနသည္ လမ္းဆုံလမ္းခြသို႔ေရာက္ေနေၾကာင္း က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာျမင့္ေထြးကေျပာၾကားလိုက္သည္။

ေနျပည္ေတာ္တြင္ ဇူလိုင္ ၈ ရက္ က်င္းပသည့္ ေဘာလုံးအကယ္ဒမီေက်ာင္းႏွင့္ ေဘာလုံးပြဲမ်ား ျပန္လည္က်င္း ပႏိုင္ေရး ညႇိႏႈိင္းအစည္းအေဝးတြင္ ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာျမင့္ေထြးကေျပာၾကားခဲ့သည္။

“ကြၽန္ေတာ္တို႔ႏိုင္ငံမွာ လက္ရွိ COVID 19 ေရာဂါဟာ ျပည္တြင္းကူးစက္မႈပိုမိုနည္းပါးလာတဲ့အေျခအေနနဲ႔ ႐ုတ္တရက္ကူးစက္မႈ ပိုမိုမ်ားျပားလာတဲ့အေျခအေနႏွစ္ခုၾကား လမ္းဆုံလမ္းခြကိုေရာက္ရွိေနပါတယ္’’ဟု ၎ကေျပာသည္။

ဇူလိုင္ ၉ ရက္ေန႔ က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာန၏ထုတ္ျပန္ခ်က္အရ COVID-19 ဓါတ္ခြဲ အတည္ ျပဳလူနာ ၃၁၈ ဦးရွိၿပီး ၎တို႔ထဲမွ ေရာဂါပိုးကင္းစင္လာသူ ၂၅၀ ဦးရွိၿပီး ေသဆုံးသူ ၆ ဦးရွိေၾကာင္းသိရသည္။

ကမၻာ့က်န္းမာေရးအဖြဲ႕ WHO ၏ ဇူလိုင္ ၇ ရက္ ထုတ္ျပန္ခ်က္အရတစ္ကမၻာလုံးတြင္ COVID-19 ေရာဂါျဖစ္ ပြားမႈအေျခအေနမွာ ဓါတ္ခြဲအတည္ျပဳလူနာ ၁၁၅၀၀၃၀၂ ဦး၊ ေသဆုံးသူဦးေရ ၅၃၅၇၅၉ ဦးထိရွိလာေၾကာင္း သိရသည္။

တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာ ၁၂ ရက္တြင္ စတင္ကူးစက္ျပန္႔ႏွံ႔ခဲ့ေသာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ေၾကာင့္ျဖစ္ပြားသည့္ ျပင္းထန္အဆုတ္ေရာင္ေရာဂါသည္ ကိုယ္အပူခ်ိန္ျမင့္မားျခင္း၊ ေခ်ာင္းဆိုးျခင္း၊ ကိုယ္လက္ မ်ားနာက်င္ကိုက္ခဲျခင္းစသည့္လကၡဏာတို႔ ျပသတတ္ေၾကာင္းသိရသည္။

#PeopleMedia #က်န္းမာေရး

(unicode)
မြန်မာနိုင်ငံတွင် COVID 19 ရောဂါ လမ်းဆုံလမ်းခွသို့ ရောက်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့် ထွေးပြောကြား
…………………………………………………

ရန်ကုန်၊ ဇူလိုင် – ၉

မြန်မာနိုင်ငံတွင် COVID 19 ရောဂါအခြေအနေသည် လမ်းဆုံလမ်းခွသို့ရောက်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောကြားလိုက်သည်။

နေပြည်တော်တွင် ဇူလိုင် ၈ ရက် ကျင်းပသည့် ဘောလုံးအကယ်ဒမီကျောင်းနှင့် ဘောလုံးပွဲများ ပြန်လည်ကျင်း ပနိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောကြားခဲ့သည်။

“ကျွန်တော်တို့နိုင်ငံမှာ လက်ရှိ COVID 19 ရောဂါဟာ ပြည်တွင်းကူးစက်မှုပိုမိုနည်းပါးလာတဲ့အခြေအနေနဲ့ ရုတ်တရက်ကူးစက်မှု ပိုမိုများပြားလာတဲ့အခြေအနေနှစ်ခုကြား လမ်းဆုံလမ်းခွကိုရောက်ရှိနေပါတယ်’’ဟု ၎င်းကပြောသည်။

ဇူလိုင် ၉ ရက်နေ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ COVID-19 ဓါတ်ခွဲ အတည် ပြုလူနာ ၃၁၈ ဦးရှိပြီး ၎င်းတို့ထဲမှ ရောဂါပိုးကင်းစင်လာသူ ၂၅၀ ဦးရှိပြီး သေဆုံးသူ ၆ ဦးရှိကြောင်းသိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ ဇူလိုင် ၇ ရက် ထုတ်ပြန်ချက်အရတစ်ကမ္ဘာလုံးတွင် COVID-19 ရောဂါဖြစ် ပွားမှုအခြေအနေမှာ ဓါတ်ခွဲအတည်ပြုလူနာ ၁၁၅၀၀၃၀၂ ဦး၊ သေဆုံးသူဦးရေ ၅၃၅၇၅၉ ဦးထိရှိလာကြောင်း သိရသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် စတင်ကူးစက်ပြန့်နှံ့ခဲ့သော ကိုရိုနာဗိုင်းရပ်စ်ပိုး ကြောင့်ဖြစ်ပွားသည့် ပြင်းထန်အဆုတ်ရောင်ရောဂါသည် ကိုယ်အပူချိန်မြင့်မားခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်လက် များနာကျင်ကိုက်ခဲခြင်းစသည့်လက္ခဏာတို့ ပြသတတ်ကြောင်းသိရသည်။

#PeopleMedia #ကျန်းမာရေး


Share this post