• Follow Us on
Latest News

Home နိုင်ငံခြားကလေးမွေးစားခွင့်ဥပဒေသည် အမျိုးသားလုံခြုံရေးကို ထိခိုက် ဟု ဧရာဝတီတိုင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌပြောဆို

နိုင်ငံခြားကလေးမွေးစားခွင့်ဥပဒေသည် အမျိုးသားလုံခြုံရေးကို ထိခိုက် ဟု ဧရာဝတီတိုင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌပြောဆို

Share this post

ကျိုက်လတ်၊ သြဂုတ် ၃၀
 
ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေများနှင့်ပတ်သက်၍ နိုင်ငံခြား ကလေးမွေးစားခွင့်ဥပဒေသည် မြန်မာနိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ထိခိုက်နိုင်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဥာဏ်လင်းက သြဂုတ်လ ၃၀ တွင် ပြောဆိုခဲ့သည်။
 
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအား ရှင်းလင်းသုံးသပ်ပွဲ အခမ်းအနားကို သြဂုတ်လ ၃၀ ရက် နေ့၌ ကျိုက်လတ်မြို့နယ်တွင် ပြည် ခိုင်ဖြိုးပါတီက ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါတယ်။
 
“အဓိက နိုင်ငံခြားကကလေးတွေကို မွေးစားခွင့်ဥပဒေသည် မိမိတို့မြန် မာနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ထိခိုက် စေနိုင်တဲ့အတွက် ကန့်ကွက် တယ်၊ ဆန့်ကျင်တယ်။ ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ပြီး အမျိုးချစ်တဲ့ ပြည်သူလူထုတွေ ဆန္ဒထုတ်ဖော်တာပါ။ အဓိ အမျိုးသားလုံခြုံရေး အတွက်ပါ” ဟု ဦးဥာဏ်လင်းက ပြောသည်။
 
အဆိုပါအခမ်းအနားကို ဖျာပုံခရိုင်အတွင်းရှိ ဖျာပုံ၊ ဘိုကလေး၊ ဒေးဒရဲ၊ ကျိုက်လတ်မြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီဝင် များနှင့် အခြားပါတီဝင်များ တက်ရောက်ခဲ့ကြပါတယ်။

Share this post