• Follow Us on
Latest News

Home ရုရှားဒုံးကျည်တွေကို ပစ်ချဖို့ အမေရိကန်က ပက်ထရီယောခ့်ဒုံးကျည်တွေနဲ့ THAAD ဒုံးကျည်တွေကို နေတိုး အဖွဲ့ဝင်နိုင်ငံတွေမှာ တပ်ဖြန့်ချထားဖို့ စဉ်းစားနေ

ရုရှားဒုံးကျည်တွေကို ပစ်ချဖို့ အမေရိကန်က ပက်ထရီယောခ့်ဒုံးကျည်တွေနဲ့ THAAD ဒုံးကျည်တွေကို နေတိုး အဖွဲ့ဝင်နိုင်ငံတွေမှာ တပ်ဖြန့်ချထားဖို့ စဉ်းစားနေ

Share this post

Open photo

နိုင်ငံတကာ၊ မတ် ၈

 

အမေရိကန်ပြည်ထောင်စုက နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေထောက်ပံ့ ပေးဖို့ စဉ်းစားနေပါတယ်။

 

ယူကရိန်းနိုင်ငံမှာဖြစ်ပွားနေတဲ့စစ်ပွဲ အရှိန်မြင့်လာတာနဲ့အမျှ ရုရှားနိုင်ငံက ခြိမ်းခြောက်မှုနဲ့ စိုးရိမ်ပူပန်စရာတွေ အဆက်မပြတ်ထွက်ပေါ်လာနေတဲ့အတွက် အခုလို စဉ်းစားရတာလို့ ဆိုပါတယ်။

 

အရှေ့ဥရောပမှာရှိတဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို လေကြောင်းရန်ကာကွယ်ရေးလက်နက်စနစ်တွေထောက်ပံ့ ပေးဖို့ အမေရိကန်နိုင်ငံက စဉ်းစားနေတယ်လို့ အမေရိကန်အရာရှိတစ်ဦးက CNN ကို ပြောပါတယ်။

 

ရုရှားနိုင်ငံက နေတိုးမဟာမိတ်အဖွဲ့ရဲ့ အရှေ့ဘက်စစ်တောင်ပံကို ဒုံးကျည်တွေနဲ့ဖြစ်ဖြစ် လေကြောင်းတိုက်ခိုက် မှုနဲ့ဖြစ်ဖြစ် တိုက်ခိုက်ဖို့ စဉ်းစားလာမှာကို အနောက်အုပ်စုက စိုးရိမ်ပူပန်နေကြပါတယ်။

 

“အမေရိကန်နိုင်ငံက လက်နက်မျိုးစုံချထားဖို့အရေး စဉ်းစားနေပါတယ်။” လို့ အမေရိကန်အရာရှိတစ်ဦးကပြော ကြောင်း CNN က ပြောပါတယ်။

 

လက်နက်တွေချထားဖို့အတွက် အသေးစိတ်အစီအစဉ်တွေကို ချမှတ်ရခြင်းမရှိသေးပေမဲ့ အဲဒီလို လက်နက် တွေချထားမယ့်အတွေးကတော့ ရုရှားဒုံးကျည်တွေဖြစ်စေ လေယာဉ်တွေဖြစ်စေ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာမယ်ဆိုလို့ရှိရင်ဆိုတဲ့အတွေးကို အခြေပြုပြီးထွက်ပေါ်လာတာဖြစ်တယ်လို့ အ ဆိုပါအရာရှိက ပြောပါတယ်။

 

ယူကရိန်းအရေးမှာ နေတိုးအဖွဲ့ဝင်နိုင်ငံတွေက ယူကရိန်းကို လက်နက်ခဲယမ်းတွေထောက်ပံ့ပေးတာကြောင့် ရု ရှားသမ္မတဗလာဒီမာပူတင်အနေနဲ့ အဲဒီလိုထောက်ပံ့ပေးတဲ့နိုင်ငံတွေကို တိုက်ခိုက်သွားဖို့ ဆုံးဖြတ်ကောင်း ဆုံး ဖြတ်နိုင်တယ်လို့ အဲဒီအရာရှိက ပြောပါတယ်။

 

တကယ်လို့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ လေကြောင်းပိုင်နက်ကို ရုရှားလေယာဉ်တွေ မတော်တဆ လမ်းမှား ဝင်လာခဲ့ရင်လည်း လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက အသင့်အနေအထားရှိနေဖို့လိုတယ်လို့ ၎င်းက ပြောပါတယ်။

 

အမေရိကန်နိုင်ငံက တပ်ဖြန့်ချထားမယ့် လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေက ပက်ထရီယော့ခ် ဒုံး ကျည်တွေနဲ့ ပဲ့ထိန်းဒုံးကျည်တိုက်ဖျက်ရေးဒုံးကျည်တွေ THAAD (Terminal High Altitude Area Defense) ဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီလက်နက်စနစ်ကို အရှေ့အလယ်ပိုင်းမှာ ပဲ့ထိန်းဒုံးကျည်တွေကို ပစ်ချရာမှာ အောင်မြင်စွာအသုံးပြုနိုင်ခဲ့ တယ်လို့ သိရပါတယ်။

 

Ref: War: US to deploy THAAD, Patriot to shoot down Russian missiles

 

(unicode)


…………………………………

 


 


 


 


 


 


 


 


 


 


 

Ref: War: US to deploy THAAD, Patriot to shoot down Russian missiles


Share this post