• Follow Us on
Latest News

Home က်န္းမာေရးလူ႔စြမ္းအားအရင္းအျမစ္က႑တြင္ ၉၈ ဘီလီယံႏွင့္ ေဆးဝါးက႑တြင္ ဘီလီယံ ၃၀၀ အထိ လ်ာ ထားေၾကာင္း က်န္း မာေရးႏွင့္ အားကစား၀န္ႀကီး ေဒါက္တာျမင့္ေထြးေျပာ ၾကား

က်န္းမာေရးလူ႔စြမ္းအားအရင္းအျမစ္က႑တြင္ ၉၈ ဘီလီယံႏွင့္ ေဆးဝါးက႑တြင္ ဘီလီယံ ၃၀၀ အထိ လ်ာ ထားေၾကာင္း က်န္း မာေရးႏွင့္ အားကစား၀န္ႀကီး ေဒါက္တာျမင့္ေထြးေျပာ ၾကား

Share this post

ရန္ကုန္၊ ၾသဂုတ္ – ၁၀

က်န္းမာေရးလူ႔စြမ္းအားအရင္းအျမစ္က႑တြင္ ၉၈ ဘီလီယံႏွင့္ ေဆးဝါးက႑တြင္ ဘီလီယံ ၃၀၀ အထိ လ်ာထားေၾကာင္း က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာျမင့္ေထြး ကေျပာၾကားလိုက္သည္။

ေဆးတကၠသိုလ္ ၁ ရန္ကုန္တြင္ ၾသဂုတ္လ ၈ ရက္က်င္းပသည့္ ဓါတ္မွန္ပညာဌာနႏွင့္အေရးေပၚကုသမႈ ေဆးပညာဌာနမ်ား ဘက္စုံဖြံ႕ၿဖိဳးေရးအတြက္ ပါေမာကၡဌာနမွဴးမ်ား ၊ပါေမာကၡမ်ားႏွင့္ေတြ႕ဆုံရာတြ င္ ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာျမင့္ေထြးကေျပာၾကားခဲ့သည္။

“လာမည့္ ၂၀၂၀-၂၁ ဘ႑ာႏွစ္မွာ ကြ်န္ေတာ္တို႔ ၀န္ႀကီးဌာနအေနနဲ႔ က်န္းမာေရးလူ႔စြမ္းအားအရင္း အျမစ္က႑ာဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ ဘ႑ာေငြ ၉၈ ဘီလီယံက်ပ္လ်ာထားေဆာင္ရြက္မွာျဖစ္တဲ့အတြက္ ယခင္ႏွစ္ထက္ ၄၃ ဘီလီယံက်ပ္တိုးႁမွင့္ခြင့္ျပဳထားတာျဖစ္ပါတယ္။ အလားတူပဲ လူနာမ်ားကုသရာမွာ ေဆးဝါးမ်ားပိုမိုရရွိလာေစရန္အတြက္ ၂၀၂၀-၂၁ခုႏွစ္မွာ ယခင္ ဘ႑ာႏွစ္ထက္ႏွစ္ဆတိုးၿပီး ၃၀၀ ဘီလီယံ က်ပ္လ်ာထားပါတယ္’’ဟု ၎ကေျပာသည္။

၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္အတြက္ လႊတ္ေတာ္ရွင္းတမ္းတြင္ ကုသေရးဦးစီးဌာနမွ ပိုေငြျပန္အပ္ရာတြင္ ေဆးဝါးမ်ားအခ်ိန္ေစာင့္ဆိုင္း၀ယ္ယူရမႈေၾကာင့္ အပ္ေငြရွိခဲ့ေၾကာင္း က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာန ဒု၀န္ႀကီး ေဒါက္တာျမေလးစိန္ကလႊတ္ေတာ္တြင္ ေျဖၾကားခဲ့သည္။

အလားတူကုသေရးဦးစီးဌာန ေခါင္းစဥ္ေအာက္မွ အပ္ေငြမ်ားအား ေဆး႐ုံတည္ေဆာက္ေရးအပိုင္းတြင္ အသုံးျပဳခဲ့ရမႈတခ်ိဳ႕လည္းရွိေၾကာင္းသိရသည္။

၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္တြင္က်န္ရွိသည့္ အစိုးရသက္တမ္း ၄ လအတြက္ အစိုးရအသုံးစရိတ္က်ပ္ဘီလီယံ ၂၆၀၀ ေက်ာ္အား ျပည္ေထာင္စုလႊတ္ေတာ္မွတဆင့္ေတာင္းခံခဲ့သည္။

#PeopleMedia #က်န္းမာေရး

(unicode)
ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ကဏ္ဍတွင် ၉၈ ဘီလီယံနှင့် ဆေးဝါးကဏ္ဍတွင် ဘီလီယံ ၃၀၀ အထိ လျာ ထားကြောင်း ကျန်း မာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးပြော ကြား
……………………………………………………………

ရန်ကုန်၊ ဩဂုတ် – ၁၀

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ကဏ္ဍတွင် ၉၈ ဘီလီယံနှင့် ဆေးဝါးကဏ္ဍတွင် ဘီလီယံ ၃၀၀ အထိ လျာထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကပြောကြားလိုက်သည်။

ဆေးတက္ကသိုလ် ၁ ရန်ကုန်တွင် ဩဂုတ်လ ၈ ရက်ကျင်းပသည့် ဓါတ်မှန်ပညာဌာနနှင့်အရေးပေါ်ကုသမှု ဆေးပညာဌာနများ ဘက်စုံဖွံ့ဖြိုးရေးအတွက် ပါမောက္ခဌာနမှူးများ ၊ပါမောက္ခများနှင့်တွေ့ဆုံရာတွ င် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောကြားခဲ့သည်။

“လာမည့် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်ကဏ္ဍာဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘဏ္ဍာငွေ ၉၈ ဘီလီယံကျပ်လျာထားဆောင်ရွက်မှာဖြစ်တဲ့အတွက် ယခင်နှစ်ထက် ၄၃ ဘီလီယံကျပ်တိုးမြှင့်ခွင့်ပြုထားတာဖြစ်ပါတယ်။ အလားတူပဲ လူနာများကုသရာမှာ ဆေးဝါးများပိုမိုရရှိလာစေရန်အတွက် ၂၀၂၀-၂၁ခုနှစ်မှာ ယခင် ဘဏ္ဍာနှစ်ထက်နှစ်ဆတိုးပြီး ၃၀၀ ဘီလီယံ ကျပ်လျာထားပါတယ်’’ဟု ၎င်းကပြောသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် လွှတ်တော်ရှင်းတမ်းတွင် ကုသရေးဦးစီးဌာနမှ ပိုငွေပြန်အပ်ရာတွင် ဆေးဝါးများအချိန်စောင့်ဆိုင်းဝယ်ယူရမှုကြောင့် အပ်ငွေရှိခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာမြလေးစိန်ကလွှတ်တော်တွင် ဖြေကြားခဲ့သည်။

အလားတူကုသရေးဦးစီးဌာန ခေါင်းစဉ်အောက်မှ အပ်ငွေများအား ဆေးရုံတည်ဆောက်ရေးအပိုင်းတွင် အသုံးပြုခဲ့ရမှုတချို့လည်းရှိကြောင်းသိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်ကျန်ရှိသည့် အစိုးရသက်တမ်း ၄ လအတွက် အစိုးရအသုံးစရိတ်ကျပ်ဘီလီယံ ၂၆၀၀ ကျော်အား ပြည်ထောင်စုလွှတ်တော်မှတဆင့်တောင်းခံခဲ့သည်။

#PeopleMedia #ကျန်းမာရေး


Share this post