• Follow Us on
Latest News

Home ကော့ကရိတ်-မြဝတီ လမ်းဟောင်းရှိ အလယ်ဗိုလ်တဲအနီး ဆက်သွယ်ရေးတာဝါတိုင်အစောင့် တပ်မတော်သား နှစ်ဦးလုပ်ကြံခံရ၊ သေဆုံးသူ တပ်မတော်သားနှစ်ဦးအလောင်းသွားယူစဉ် မိုင်းပေါက်ကွဲ၍ ထပ်မံ သေဆုံးမှုရှိ


Share this post

ရန်ကုန်၊ သြဂုတ် – ၃၁

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကော့ကရိတ်-မြဝတီ လမ်းဟောင်းရှိ အလယ်ဗိုလ်တဲအနီးရှိ ဆက်သွယ် ရေးတာဝါတိုင် အစောင့်နှစ်ဦးဖြစ်သည့် တပ်မတော်သားတစ်ဦးသည် သြဂုတ်လ(၃၀)ရက်နေ့ နေ့လည် (၂)နာရီခန့်က လုပ်ကြံခံခဲ့ရပါတယ်။

 


 

ထိုနောက် ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ သြဂုတ်လ(၃၀)ရက် ညနေပိုင်းအချိန်၌ လုံခြုံရေးအဖွဲ့များ၊ လူမှုရေး အဖွဲ့များက သွားရောက်ရာတွင် သေဆုံးသည့် တပ်မတော်သားနှစ်ဦး၏ အလောင်းအောက်၌ မိုင်းထောင်ထား မှုကြောင့် မိုင်းပေါက်ကွဲ၍ ကူညီရေးဆောင်ရွက်သူအချို့ သေဆုံးဒဏ်ရာရရှိခဲ့တယ်လို့ အုပ်ချုပ်ရေးအဖွဲ့အချို့ က အတည်ပြုပြောဆိုပါတယ်။

 


 


 


 

(unicode)

ကော့ကရိတ်-မြဝတီ လမ်းဟောင်းရှိ အလယ်ဗိုလ်တဲအနီး ဆက်သွယ်ရေးတာဝါတိုင်အစောင့် တပ်မတော်သား နှစ်ဦးလုပ်ကြံခံရ၊ သေဆုံးသူ တပ်မတော်သားနှစ်ဦးအလောင်းသွားယူစဉ် မိုင်းပေါက်ကွဲ၍ ထပ်မံ သေဆုံးမှုရှိ

……………………………………………………………

 

ရန်ကုန်၊ ဩဂုတ် – ၃၁

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကော့ကရိတ်-မြဝတီ လမ်းဟောင်းရှိ အလယ်ဗိုလ်တဲအနီးရှိ ဆက်သွယ် ရေးတာဝါတိုင် အစောင့်နှစ်ဦးဖြစ်သည့် တပ်မတော်သားတစ်ဦးသည် ဩဂုတ်လ(၃၀)ရက်နေ့ နေ့လည် (၂)နာရီခန့်က လုပ်ကြံခံခဲ့ရပါတယ်။

 

လုပ်ကြံခဲ့သူများသည် ဆက်သွယ်ရေးတာဝါတိုင်၏ ဆိုလာပြားများ၊ စက်သွယ်ရေးစခန်းသုံးစက်ပစ္စည်းများကို ပစ်ခတ်ဖျက်ဆီးသွားကြပါတယ်။

 

ထိုနောက် ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ ဩဂုတ်လ(၃၀)ရက် ညနေပိုင်းအချိန်၌ လုံခြုံရေးအဖွဲ့များ၊ လူမှုရေး အဖွဲ့များက သွားရောက်ရာတွင် သေဆုံးသည့် တပ်မတော်သားနှစ်ဦး၏ အလောင်းအောက်၌ မိုင်းထောင်ထား မှုကြောင့် မိုင်းပေါက်ကွဲ၍ ကူညီရေးဆောင်ရွက်သူအချို့ သေဆုံးဒဏ်ရာရရှိခဲ့တယ်လို့ အုပ်ချုပ်ရေးအဖွဲ့အချို့ က အတည်ပြုပြောဆိုပါတယ်။

 

“အရင်က ဒီနေရာက လှုပ်ရှားကင်းနေရာပါ။ အခုက အင်အားမရှိအချိန်မှာ လုပ်ကြံသွားတာပါ”လို့ အုပ်ချုပ်ရေး အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

အဆိုပါသတင်းဖြစ်စဉ်အပေါ် People Media က ထပ်မံအတည်ပြုနိုင်ရန် တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းထံ ဖုန်းဖြင့်ဆက်သွယ်ရာတွင် ဆက်သွယ်၍ မရဖြစ်ခဲ့ပါတယ်။

 

#PeopleMedia #ကော့ကရိတ်


Share this post