• Follow Us on
Latest News

Home ျပည္သူမ်ား၏ အမ်က္ေဒါသေၾကာင့္ တ႐ုတ္ထံမွ ေရငုပ္သေဘၤာမ်ား ဝယ္ယူမည့္အစီအစဉ္ ထိုင္းႏိုင္ငံ ေရႊ႕ဆိုင္း

ျပည္သူမ်ား၏ အမ်က္ေဒါသေၾကာင့္ တ႐ုတ္ထံမွ ေရငုပ္သေဘၤာမ်ား ဝယ္ယူမည့္အစီအစဉ္ ထိုင္းႏိုင္ငံ ေရႊ႕ဆိုင္း

Share this post

ႏိုင္ငံတကာ၊ စက္တင္ဘာလ(၁)ရက္

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ စီးပြားေရးထိခိုက္ေနခ်ိန္ အျငင္းပြားဖြယ္ရာ သေဘာတူညီခ်က္အေပၚ ျပည္သူ မ်ား၏ အမ်က္ေဒါသထြက္မႈေၾကာင့္ တ႐ုတ္ႏိုင္ငံမွ ေဒၚလာ ၇၂၄ သန္းတန္ ေရငုပ္သေဘၤာႏွစ္စင္း ဝယ္ယူမည့္အ စီအစဉ္ကို ထိုင္းႏိုင္ငံက ေရႊ႕ဆိုင္းခဲ့သည္။

၂၀၁၅ ခုႏွစ္ သေဘာတူညီခ်က္အရ ထိုင္းႏိုင္ငံက တ႐ုတ္ႏိုင္ငံထံမွ ေရငုပ္သေဘၤာမ်ားဝယ္ယူသည့္ ပ ထမဆုံးေသာ တိုင္းျပည္မ်ားတြင္ ပါဝင္ခဲ့ၿပီး ၂၀၁၇ ခုႏွစ္တြင္ ေရငုပ္သေဘၤာသုံးစင္းဝယ္ယူရန္ အၿပီးသတ္သ ေဘာတူညီခဲ့သလို ပထမဆုံး ေရငုပ္သေဘၤာကို ၂၀၂၃ ခုႏွစ္တြင္ ထိုင္းေရတပ္သို႔ေပးပို႔ရမည္ျဖစ္သည္။

ယခုလအေစာပိုင္းတြင္ ေဒၚလာ ၇၂၃ သန္းေက်ာ္ျဖင့္ ေရငုပ္သေဘၤာႏွစ္စင္း ထပ္မံမွာယူမႈကို လႊတ္ေတာ္ ေကာ္မတီက အတည္ျပဳခဲ့ရာ တိုင္းျပည္စီးပြားေရးက်ဆင္းေနခ်ိန္တြင္ အတည္ျပဳမႈအတြက္ ျပည္သူမ်ားက အ မ်က္ေဒါသထြက္ခဲ့သည္။

အမ်က္ထြက္ေနေသာ ထိုင္းျပည္သူမ်ားက လူမႈကြန္ရက္မွတစ္ဆင့္ သေဘာတူညီခ်က္ကို ေဝဖန္ခဲ့ၿပီး “ျပည္သူမ်ားက ေရငုပ္သေဘၤာမ်ား အလိုမရွိ” ဟု တြစ္တာ၌ ေရးသားခဲ့ၾကသည္။

ဝန္ႀကီးခ်ဳပ္ ပရာယြပ္ခ်န္အိုခ်ာႏွင့္ ကာကြယ္ေရးဝန္ႀကီးတို႔က ေနာက္ထပ္ ေရငုပ္သေဘၤာႏွစ္စင္း ဝယ္ ယူမႈကိုဆိုင္းငံ့ရန္ ေရတပ္သို႔ ၫႊန္ၾကားခဲ့ေၾကာင္း အစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ အႏူခ်ာဘူရာပါခ်ိဳင္သီရိက ေၾက ညာခဲ့သည္။

“ထိုင္းေရတပ္က ေရငုပ္သေဘၤာဝယ္ယူမႈ ဆိုင္းငံ့ဖို႔ တ႐ုတ္ႏိုင္ငံနဲ႔ ေစ့စပ္ညႇိႏႈိင္းမွာျဖစ္ပါတယ္” ဟု အႏူ ခ်ာက သတင္းေထာက္မ်ားသို႔ ေျပာၾကားခဲ့သည္။

ဝန္ႀကီးခ်ဳပ္ ပရာယြပ္၏ အစိုးရအဖြဲ႕က ရာထူးမွႏႈတ္ထြက္ေပးရန္ အစိုးရအဖြဲ႕ ဖ်က္သိမ္းေပးရန္ေတာင္း ဆိုေသာ ဆႏၵျပသူမ်ား၏ ေန႔စဉ္နီးပါး ဆႏၵေဖာ္ထုတ္မႈ ရင္ဆိုင္ေနရသည္။

ထိုင္းႏိုင္ငံ၏ စီးပြားေရးမွာလည္း ႏွစ္ ၂၀ ေက်ာ္အတြင္း အဆိုးရြားဆုံး က်ဆင္းခဲ့ၿပီး ခရီးသြားလုပ္ငန္းႏွင့္ ပို႔ကုန္တင္ပို႔မႈအေျချပဳ တိုင္းျပည္၏စီးပြားေရးမွာ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေဘး ဆိုးရြားစြာ ခံေနရသည္။

ကိုးကား – ေအအက္ဖ္ပီ

Ref; Thailand delays $724m China submarine deal after public anger

(unicode)
ပြည်သူများ၏ အမျက်ဒေါသကြောင့် တရုတ်ထံမှ ရေငုပ်သင်္ဘောများ ဝယ်ယူမည့်အစီအစဉ် ထိုင်းနိုင်ငံ ရွှေ့ဆိုင်း
…………………………………………………………………….

နိုင်ငံတကာ၊ စက်တင်ဘာလ(၁)ရက်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးထိခိုက်နေချိန် အငြင်းပွားဖွယ်ရာ သဘောတူညီချက်အပေါ် ပြည်သူ များ၏ အမျက်ဒေါသထွက်မှုကြောင့် တရုတ်နိုင်ငံမှ ဒေါ်လာ ၇၂၄ သန်းတန် ရေငုပ်သင်္ဘောနှစ်စင်း ဝယ်ယူမည့်အ စီအစဉ်ကို ထိုင်းနိုင်ငံက ရွှေ့ဆိုင်းခဲ့သည်။

၂၀၁၅ ခုနှစ် သဘောတူညီချက်အရ ထိုင်းနိုင်ငံက တရုတ်နိုင်ငံထံမှ ရေငုပ်သင်္ဘောများဝယ်ယူသည့် ပ ထမဆုံးသော တိုင်းပြည်များတွင် ပါဝင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ရေငုပ်သင်္ဘောသုံးစင်းဝယ်ယူရန် အပြီးသတ်သ ဘောတူညီခဲ့သလို ပထမဆုံး ရေငုပ်သင်္ဘောကို ၂၀၂၃ ခုနှစ်တွင် ထိုင်းရေတပ်သို့ပေးပို့ရမည်ဖြစ်သည်။

ယခုလအစောပိုင်းတွင် ဒေါ်လာ ၇၂၃ သန်းကျော်ဖြင့် ရေငုပ်သင်္ဘောနှစ်စင်း ထပ်မံမှာယူမှုကို လွှတ်တော် ကော်မတီက အတည်ပြုခဲ့ရာ တိုင်းပြည်စီးပွားရေးကျဆင်းနေချိန်တွင် အတည်ပြုမှုအတွက် ပြည်သူများက အ မျက်ဒေါသထွက်ခဲ့သည်။

အမျက်ထွက်နေသော ထိုင်းပြည်သူများက လူမှုကွန်ရက်မှတစ်ဆင့် သဘောတူညီချက်ကို ဝေဖန်ခဲ့ပြီး “ပြည်သူများက ရေငုပ်သင်္ဘောများ အလိုမရှိ” ဟု တွစ်တာ၌ ရေးသားခဲ့ကြသည်။

ဝန်ကြီးချုပ် ပရာယွပ်ချန်အိုချာနှင့် ကာကွယ်ရေးဝန်ကြီးတို့က နောက်ထပ် ရေငုပ်သင်္ဘောနှစ်စင်း ဝယ် ယူမှုကိုဆိုင်းငံ့ရန် ရေတပ်သို့ ညွှန်ကြားခဲ့ကြောင်း အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အနူချာဘူရာပါချိုင်သီရိက ကြေ ညာခဲ့သည်။

“ထိုင်းရေတပ်က ရေငုပ်သင်္ဘောဝယ်ယူမှု ဆိုင်းငံ့ဖို့ တရုတ်နိုင်ငံနဲ့ စေ့စပ်ညှိနှိုင်းမှာဖြစ်ပါတယ်” ဟု အနူ ချာက သတင်းထောက်များသို့ ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် ပရာယွပ်၏ အစိုးရအဖွဲ့က ရာထူးမှနှုတ်ထွက်ပေးရန် အစိုးရအဖွဲ့ ဖျက်သိမ်းပေးရန်တောင်း ဆိုသော ဆန္ဒပြသူများ၏ နေ့စဉ်နီးပါး ဆန္ဒဖော်ထုတ်မှု ရင်ဆိုင်နေရသည်။

ထိုင်းနိုင်ငံ၏ စီးပွားရေးမှာလည်း နှစ် ၂၀ ကျော်အတွင်း အဆိုးရွားဆုံး ကျဆင်းခဲ့ပြီး ခရီးသွားလုပ်ငန်းနှင့် ပို့ကုန်တင်ပို့မှုအခြေပြု တိုင်းပြည်၏စီးပွားရေးမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေး ဆိုးရွားစွာ ခံနေရသည်။

ကိုးကား – အေအက်ဖ်ပီ

Ref; Thailand delays $724m China submarine deal after public anger


Share this post