• Follow Us on

Home ဥပေဒ၊ နည္းဥပေဒကို ဆန္႔က်င္ေဆာင္ရြက္ေနေသာ ရပ္ကြက္/ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးမ်ားကို အေရးယူျခင္း ရွိ/ မရွိ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚမရန္ဂ်ာဆိုင္းေခါန္က ျပည္နယ္လႊတ္ေတာ္၌ ေမးျမန္း ………………………………………………

ဥပေဒ၊ နည္းဥပေဒကို ဆန္႔က်င္ေဆာင္ရြက္ေနေသာ ရပ္ကြက္/ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးမ်ားကို အေရးယူျခင္း ရွိ/ မရွိ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚမရန္ဂ်ာဆိုင္းေခါန္က ျပည္နယ္လႊတ္ေတာ္၌ ေမးျမန္း ………………………………………………

Share this post

ျမစ္ႀကီးနား၊ ျသဂုတ္ ၃၁

ျပဌာန္းထားသည့္ ဥပေဒ၊ နည္းဥပေဒ မ်ားကို ဆန္႔က်င္ကာေဆာင္ရြက္ေနေသာ ကခ်င္ျပည္နယ္အတြင္းရွိ ရပ္ကြက္၊ ေက်းရြာအုပ္စုအုပ္ခ်ဳပ္ေရးမွဴးမ်ားကို အေရးယူေဆာင္ရြက္ေနျခင္း ရွိ၊ မရွိႏွင့္ အေရးယူ ေဆာင္ရြက္သြားရန္ ရွိ၊ မရွိကို အင္ဂ်န္းယန္ၿမိဳ႕နယ္၊ မဲဆႏၵနယ္အမွတ္(၂)မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚမရန္ဂ်ာဆိုင္းေခါန္က လႊတ္ေတာ္တြင္ ေမးခြန္းထုတ္ေမးျမန္းခဲ့သည္။

ဒုတိယအႀကိမ္ ကခ်င္ျပည္နယ္လႊတ္ေတာ္ (၂၀) ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝး (ပၪၥမေန႔)ကို ယေန႔ျသဂုတ္ (၃၁)ေန႔တြင္ က်င္းပျပဳလုပ္ခဲ့ၿပီး ယင္းအစည္းအေဝး၌ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ေဒၚ မရန္ဂ်ာဆိုင္းေခါန္က အခ်ိဳ႕ေသာ ရပ္ကြက္ သို႔မဟုတ္ ေက်းရြာ အုပ္စုမ်ားမွ ေက်းရြာအုပ္စုအုပ္ခ်ဳပ္ေရး မွဴးမ်ားအနက္ အခ်ိဳ႕အုပ္ခ်ဳပ္ေရး တာဝန္ရွိသူ မ်ားမွာ ရပ္ကြက္ (သို႔မဟုတ္) ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရး ဥပေဒ၊ နည္းဥပေဒႏွင့္ကိုက္ညီမႈ မရွိပဲ ဆန္႔က်င္ေဆာင္ရြက္သူမ်ား ရွိေနၿပီး သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရး အႀကီးအကဲမ်ားမွ စိစစ္ေနမႈ ရွိ/မရွိႏွင့္ ေဆာင္ရြက္ေနမႈ မရွိပါက စိစစ္ေဆာင္ရြက္သြားရန္ ရွိ၊ မရွိကို ေမးခြန္း ထုတ္ေမးျမန္းခဲ့သည္။

ယင္းအဆိုႏွင့္ စပ္လ်ဉ္း၍ ကခ်င္ျပည္နယ္ လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီးေက်ာ္လင္းေအာင္ က ဥပေဒ၊နည္းဥပေဒကို ဆန္႔က်င္ေဆာင္ရြက္ေနသာ ေအာက္ေျခမွ အုပ္ခ်ဳပ္ေရးတာဝန္ရွိသူမ်ားကို အေရးယူမႈမ်ားျပဳလုပ္ေနေၾကာင္း၊ စိစစ္ေနေၾကာင္း ယခုကဲ့သို႔ ျပန္လည္ေျဖၾကားခဲ့သည္။

“ရပ္ကြက္ သို႔မဟုတ္ ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးဥပေဒ၊ နည္းဥပေဒႏွင့္ မညီၫြတ္သည့္ သို႔မဟုတ္ ျပဌာန္းထားေသာ ဥပေဒ၊ နည္းဥပေဒႏွင့္ ဆန္႔က်င္ ေဆာင္ရြက္သည့္ ရပ္ကြက္/ေက်းရြာ အုပ္စု၊ အုပ္ခ်ဳပ္ ေရး၊ တာဝန္ခံ/ရာအိမ္မွဴး မ်ားကို ရပ္ကြက္ သို႔မဟုတ္ ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရး ဥပေဒ၊ အခန္း(၈)၊ ပုဒ္မ-၁၅ ႏွင့္ အညီအေရးယူေဆာင္ရြက္လ်က္ရွိပါတယ္”ဟု လုံနယ္ဝန္ႀကီး ဗိုလ္မွဴးႀကီး ေက်ာ္လင္း ေအာင္က ေျဖၾကားခဲ့သည္။

ထို႔အျပင္ လက္ရွိတြင္ ကခ်င္ျပည္နယ္က တည္ဆဲ ဥပေဒ၊နည္း ဥပေဒကို လိုက္နာျခင္း မရွိသည့္ ေက်းရြာ အုပ္စု အုပ္ခ်ဳပ္ေရးမွဴး၊ရပ္ကြက္/ေက်းရြာ တာဝန္ခံ ရာအိမ္မွဴး စုစုေပါင္း (၁၆)ဦး တိတိကို ရပ္ကြက္ သို႔မဟုတ္ ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရး ဥပေဒအရအေရးယူေဆာင္ရြက္ထားၿပီ ျဖစ္ေၾကာင္း ဗိုလ္မွဴးႀကီး ေက်ာ္လင္းေအာင္က ထည့္သြင္း ေျပာဆိုခဲ့သည္။

ေျမျပင္တြင္ အခ်ိဳ႕ ေက်းရြာအုပ္စုအုပ္ခ်ဳပ္ေရးမွဴး မ်ား၊ ရပ္ကြက္/ေက်းရြာ တာဝန္ခံ ရာအိမ္မွဴးမ်ားက ႏိုင္ငံေရးပါတီမ်ား၊ ကိုယ္စားလွယ္မ်ားႏွင့္ ပတ္သက္၍ ဘက္လိုက္ေဆာင္ရြက္ေပးျခင္း၊ ကိုယ္က်ိဳး အတြက္ ေမ်ာ္ကိုး၍ ေဆာင္ရြက္ျခင္း၊ အျခားသူမ်ားကို မဟုတ္မမွန္ေျပာဆိုျခင္း၊ ေက်းရြာ ေနျပည္သူမ်ားကို ေျခာက္လန္႔ေျပာဆိုျခင္းမ်ား ေတြ႕ရွိေနရေၾကာင္း လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚမရန္ဂ်ာဆိုင္းေခါန္ထံမွ သိရသည္။

ဒုတိယအႀကိမ္ ကခ်င္ျပည္နယ္လႊတ္ေတာ္ (၂၀)ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝး (ပၪၥမေန႔)ကို ယေန႔ျသဂုတ္ (၃၁)ေန႔က ကခ်င္ျပညနယ္လႊတ္ေတာ္ အစည္းအေဝးခန္းမ၌ နံနက္ (၁၀)နာရီခန္႔အခ်ိန္က စတင္ က်င္းပျပဳလုပ္ခဲ့သည္။

လြမ္းေအာင္(EPN)

#PeopleMedia #ကခ်င္လႊတ္ေတာ္

(unicode)
ဥပဒေ၊ နည်းဥပဒေကို ဆန့်ကျင်ဆောင်ရွက်နေသော ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများကို အရေးယူခြင်း ရှိ/ မရှိ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မရန်ဂျာဆိုင်းခေါန်က ပြည်နယ်လွှတ်တော်၌ မေးမြန်း
………………………………………………

မြစ်ကြီးနား၊ သြဂုတ် ၃၁

ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ များကို ဆန့်ကျင်ကာဆောင်ရွက်နေသော ကချင်ပြည်နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများကို အရေးယူဆောင်ရွက်နေခြင်း ရှိ၊ မရှိနှင့် အရေးယူ ဆောင်ရွက်သွားရန် ရှိ၊ မရှိကို အင်ဂျန်းယန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မရန်ဂျာဆိုင်းခေါန်က လွှတ်တော်တွင် မေးခွန်းထုတ်မေးမြန်းခဲ့သည်။

ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၂၀) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပဉ္စမနေ့)ကို ယနေ့သြဂုတ် (၃၁)နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေး၌ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဒေါ် မရန်ဂျာဆိုင်းခေါန်က အချို့သော ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုများမှ ကျေးရွာအုပ်စုအုပ်ချုပ်ရေး မှူးများအနက် အချို့အုပ်ချုပ်ရေး တာဝန်ရှိသူ များမှာ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေနှင့်ကိုက်ညီမှု မရှိပဲ ဆန့်ကျင်ဆောင်ရွက်သူများ ရှိနေပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေး အကြီးအကဲများမှ စိစစ်နေမှု ရှိ/မရှိနှင့် ဆောင်ရွက်နေမှု မရှိပါက စိစစ်ဆောင်ရွက်သွားရန် ရှိ၊ မရှိကို မေးခွန်း ထုတ်မေးမြန်းခဲ့သည်။

ယင်းအဆိုနှင့် စပ်လျဉ်း၍ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်လင်းအောင် က ဥပဒေ၊နည်းဥပဒေကို ဆန့်ကျင်ဆောင်ရွက်နေသာ အောက်ခြေမှ အုပ်ချုပ်ရေးတာဝန်ရှိသူများကို အရေးယူမှုများပြုလုပ်နေကြောင်း၊ စိစစ်နေကြောင်း ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့သည်။

“ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေနှင့် မညီညွတ်သည့် သို့မဟုတ် ပြဌာန်းထားသော ဥပဒေ၊ နည်းဥပဒေနှင့် ဆန့်ကျင် ဆောင်ရွက်သည့် ရပ်ကွက်/ကျေးရွာ အုပ်စု၊ အုပ်ချုပ် ရေး၊ တာဝန်ခံ/ရာအိမ်မှူး များကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ အခန်း(၈)၊ ပုဒ်မ-၁၅ နှင့် အညီအရေးယူဆောင်ရွက်လျက်ရှိပါတယ်”ဟု လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီး ကျော်လင်း အောင်က ဖြေကြားခဲ့သည်။

ထို့အပြင် လက်ရှိတွင် ကချင်ပြည်နယ်က တည်ဆဲ ဥပဒေ၊နည်း ဥပဒေကို လိုက်နာခြင်း မရှိသည့် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၊ရပ်ကွက်/ကျေးရွာ တာဝန်ခံ ရာအိမ်မှူး စုစုပေါင်း (၁၆)ဦး တိတိကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေအရအရေးယူဆောင်ရွက်ထားပြီ ဖြစ်ကြောင်း ဗိုလ်မှူးကြီး ကျော်လင်းအောင်က ထည့်သွင်း ပြောဆိုခဲ့သည်။

မြေပြင်တွင် အချို့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး များ၊ ရပ်ကွက်/ကျေးရွာ တာဝန်ခံ ရာအိမ်မှူးများက နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်များနှင့် ပတ်သက်၍ ဘက်လိုက်ဆောင်ရွက်ပေးခြင်း၊ ကိုယ်ကျိုး အတွက် မျော်ကိုး၍ ဆောင်ရွက်ခြင်း၊ အခြားသူများကို မဟုတ်မမှန်ပြောဆိုခြင်း၊ ကျေးရွာ နေပြည်သူများကို ခြောက်လန့်ပြောဆိုခြင်းများ တွေ့ရှိနေရကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်မရန်ဂျာဆိုင်းခေါန်ထံမှ သိရသည်။

ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပဉ္စမနေ့)ကို ယနေ့သြဂုတ် (၃၁)နေ့က ကချင်ပြညနယ်လွှတ်တော် အစည်းအဝေးခန်းမ၌ နံနက် (၁၀)နာရီခန့်အချိန်က စတင် ကျင်းပပြုလုပ်ခဲ့သည်။

လွမ်းအောင်(EPN)

#PeopleMedia #ကချင်လွှတ်တော်


Share this post