• Follow Us on
Latest News

Home ႐ုရွားမွတ႐ုတ္သို႔တင္သြင္းေသာျပည္ႀကီးငါးထုပ္မ်ားတြင္ COVID-19 ေရာဂါေတြ႕ရွိ

႐ုရွားမွတ႐ုတ္သို႔တင္သြင္းေသာျပည္ႀကီးငါးထုပ္မ်ားတြင္ COVID-19 ေရာဂါေတြ႕ရွိ

Share this post

နင္ဘို၊ စက္တင္ဘာ ၂၁

ျပည္ပမွတင္ပို႔ေသာျပည္ႀကီးငါးအထုပ္မ်ားတြင္ ကိုရိုနာဗိုင္းရပ္စ္ပိုးသင့္ေနသည္ကိုေတြ႕ရေၾကာင္း တ႐ုတ္နိုင္ငံအေရွ႕ေျမာက္ပိုင္း၊ ဂ်ီလင္းျပည္နယ္မွအာဏာပိုင္မ်ားက ေတြ႕ရွိခဲ့သည္။

စမ္းသပ္မႈခံယူရန္ သယ္ေဆာင္လာသူမ်ားကို ဖူယူၿမိဳ႕မွက်န္းမာေရးအာဏာပိုင္မ်ားက စက္တင္ဘာ ၂၀ ရက္ တနဂၤေႏြေန႕တြင္ တိုက္တြန္းခဲ့သည္။

အထုပ္တစ္ထုပ္သည္ ျပည္နယ္ၿမိဳ႕ေတာ္ခ်န္ခြၽန္းမွ ၿမိဳ႕ကိုေရာက္လာသည္ဟု ဖူယူက်န္းမာေရးအရာရွိမ်ားက တရား၀င္ WeChat အေကာင့္တြင္ တနဂၤေႏြေန႕ကေျပာသည္။

ၾသဂုတ္ ၂၄ ရက္မွ ၾသဂုတ္ ၃၁ ရက္အတြင္း ဆန္ဂ်ားဒီဒါေအးခဲပင္လယ္စာလက္ကားေစ်းတြင္ နိုင္ငံျခားမွတင္ပို႔သည့္ျပည္ႀကီးငါးမ်ား၀ယ္ယူစားသုံးသူမ်ားအေနျဖင့္ ရပ္ကြက္အာဏာပိုင္မ်ားထံသတင္းပို႔ၿပီး COVID-19 စမ္းသပ္မႈခံယူရန္လည္း ေျပာသည္။

ထိုျပည္ႀကီးငါးမ်ားကို ႐ုရွားမွတင္သြင္းၿပီး ဟန္ခြၽန္းၿမိဳ႕မွကုမၸဏီတစ္ခုကတစ္ဆင့္ ျပည္နယ္ၿမိဳ႕ေတာ္သို႔သယ္လာေၾကာင္း ၿမိဳ႕ COVID-19 ကာကြယ္ေရး႐ုံးကေျပာသည္။

ၾသဂုတ္လတြင္လည္း နိုင္ငံျခားမွတင္သြင္းသည့္ေအးခဲအစားအစာကုန္ေသတၱာမ်ားတြင္ ကိုရိုနာဗိုင္းရပ္စ္အရိပ္လကၡဏာမ်ားေတြ႕ရေၾကာင္း တ႐ုတ္ၿမိဳ႕ႀကီး ၂ ၿမိဳ႕မွအာဏာပိုင္မ်ားကေျပာသည္။

အစားအစာ သို႔မဟုတ္ ထုပ္ပိုးမႈမ်ားမွ COVID-19 ကူးစက္သည့္အေထာက္အထားမရွိဟု ကမာၻ႔က်န္းမာေရးအဖြဲ႕ W.H.O ကေျပာသည္။

Ref : COVID-19 found on imported squid packaging in China

#PeopleMedia

[Unicode]
ရုရှားမှတရုတ်သို့တင်သွင်းသောပြည်ကြီးငါးထုပ်များတွင် COVID-19 ရောဂါတွေ့ရှိ

နင်ဘို၊ စက်တင်ဘာ ၂၁

ပြည်ပမှတင်ပို့သောပြည်ကြီးငါးအထုပ်များတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးသင့်နေသည်ကိုတွေ့ရကြောင်း တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း၊ ဂျီလင်းပြည်နယ်မှအာဏာပိုင်များက တွေ့ရှိခဲ့သည်။

စမ်းသပ်မှုခံယူရန် သယ်ဆောင်လာသူများကို ဖူယူမြို့မှကျန်းမာရေးအာဏာပိုင်များက စက်တင်ဘာ ၂၀ ရက် တနင်္ဂနွေနေ့တွင် တိုက်တွန်းခဲ့သည်။

အထုပ်တစ်ထုပ်သည် ပြည်နယ်မြို့တော်ချန်ချွန်းမှ မြို့ကိုရောက်လာသည်ဟု ဖူယူကျန်းမာရေးအရာရှိများက တရား၀င် WeChat အကောင့်တွင် တနင်္ဂနွေနေ့ကပြောသည်။

သြဂုတ် ၂၄ ရက်မှ သြဂုတ် ၃၁ ရက်အတွင်း ဆန်ဂျားဒီဒါအေးခဲပင်လယ်စာလက်ကားစျေးတွင် နိုင်ငံခြားမှတင်ပို့သည့်ပြည်ကြီးငါးများ၀ယ်ယူစားသုံးသူများအနေဖြင့် ရပ်ကွက်အာဏာပိုင်များထံသတင်းပို့ပြီး COVID-19 စမ်းသပ်မှုခံယူရန်လည်း ပြောသည်။

ထိုပြည်ကြီးငါးများကို ရုရှားမှတင်သွင်းပြီး ဟန်ချွန်းမြို့မှကုမ္ပဏီတစ်ခုကတစ်ဆင့် ပြည်နယ်မြို့တော်သို့သယ်လာကြောင်း မြို့ COVID-19 ကာကွယ်ရေးရုံးကပြောသည်။

သြဂုတ်လတွင်လည်း နိုင်ငံခြားမှတင်သွင်းသည့်အေးခဲအစားအစာကုန်သေတ္တာများတွင် ကိုရိုနာဗိုင်းရပ်စ်အရိပ်လက္ခဏာများတွေ့ရကြောင်း တရုတ်မြို့ကြီး ၂ မြို့မှအာဏာပိုင်များကပြောသည်။

အစားအစာ သို့မဟုတ် ထုပ်ပိုးမှုများမှ COVID-19 ကူးစက်သည့်အထောက်အထားမရှိဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ W.H.O ကပြောသည်။

Ref : COVID-19 found on imported squid packaging in China

#PeopleMedia


Share this post