• Follow Us on
Latest News

Home အေျခခံျပည္သူမ်ားကို ရက္သတၱပတ္အတြင္း ေငြေၾကးေထာက္ပံ့ရန္ ႏိုင္ငံေတာ္အစိုးရစီစဥ္

အေျခခံျပည္သူမ်ားကို ရက္သတၱပတ္အတြင္း ေငြေၾကးေထာက္ပံ့ရန္ ႏိုင္ငံေတာ္အစိုးရစီစဥ္

Share this post

ရန္ကုန္၊ ႏို၀င္ဘာ – ၁၀
 
လာမည့္ ရက္သတၱပတ္အတြင္း အေျခခံျပည္သူေတြမ်ားကို စတုတၳေျမာက္ ေငြေၾကးေထာက္ပံ့ရန္ ႏိုင္ငံေတာ္အစိုးရက စီစဥ္လွ်က္ရွိသည္။
 
အဆိုပါေထာက္ပံ့မႈအစီအစဥ္ႏွင့္ပတ္သက္ၿပီး ႏိုင္ငံေတာ္၏အတိုင္ပင္ခံေဒၚေအာင္ဆန္းစုၾကည္က ႏို၀င္ဘာ ၉ ရက္ေန႔မိန္႔ခြန္း၌ ထည့္သြင္းေျပာဆိုမႈျပဳလုပ္ခဲ့သည္။
 
“ဒီရက္သတၱပတ္ကေနစၿပီးေတာ့ ကၽြန္မတို႔ အေျခခံျပည္သူမ်ားအတြက္ ပံ့ပိုးမႈအစီအစဥ္ေတြကို စၿပီးေတာ့ လုပ္ပါမယ္။ အရင္ ရက္သတၱပတ္တုန္းကလုပ္ဖို႔ အဆင္သင့္ရွိေပမယ့္လည္း ေရြးေကာက္ပြဲကိစၥေတြရွိေန လို႔ ကၽြန္မတို႔ မလုပ္ျဖစ္တာျဖစ္ပါတယ္” ဟု ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာသည္။
 
ေထာက္ပံ့မႈကို ႏို၀င္ဘာလအေစာပိုင္းတြင္ ေထာက္ပံ့ရန္ စီစဥ္ခဲ့ေသာ္လည္း ေရြးေကာက္ပြဲဆိုင္ရာ ကိစၥမ်ားရွိေနသည့္အတြက္ ေရြးေကာက္ပြဲေနာက္ပိုင္းပံ့ပိုးရန္ အစိုးရကစီစဥ္ခဲ့ျခင္းျဖစ္သည္။
 
ထိုသို႔ေထာက္ပံ့ရာတြင္ Stay at home သတ္မွတ္ထားသည့္ ၿမိဳ႕နယ္မ်ားရွိ အေျခခံလူတန္းစား အိမ္ ေထာင္စုတစ္စုလွ်င္ က်ပ္ေငြေလးေသာင္း ေထာက္ပံ့ရန္စီစဥ္ထားၿပီး Stay at Home မသတ္မွတ္ထား ေသာ ၿမိဳ႕နယ္မ်ားရွိ အေျခခံလူတန္းစား အိမ္ေထာင္စုတစ္စုလွ်င္ က်ပ္ေငြႏွစ္ေသာင္း ေထာက္ပံ့ရန္ အစိုးရက စီစဥ္ထားသည္။
 
#PeopleMedia
 
(unicode)
အခြေခံပြည်သူများကို ရက်သတ္တပတ်အတွင်း ငွေကြေးထောက်ပံ့ရန် နိုင်ငံတော်အစိုးရစီစဉ်
……………………………………………………………………………………
 
ရန်ကုန်၊ နိုဝင်ဘာ – ၁၀
 
လာမည့် ရက်သတ္တပတ်အတွင်း အခြေခံပြည်သူတွေများကို စတုတ္ထမြောက် ငွေကြေးထောက်ပံ့ရန် နိုင်ငံတော်အစိုးရက စီစဉ်လျှက်ရှိသည်။
 
အဆိုပါထောက်ပံ့မှုအစီအစဉ်နှင့်ပတ်သက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၉ ရက်နေ့မိန့်ခွန်း၌ ထည့်သွင်းပြောဆိုမှုပြုလုပ်ခဲ့သည်။
 
“ဒီရက်သတ္တပတ်ကနေစပြီးတော့ ကျွန်မတို့ အခြေခံပြည်သူများအတွက် ပံ့ပိုးမှုအစီအစဉ်တွေကို စပြီးတော့ လုပ်ပါမယ်။ အရင် ရက်သတ္တပတ်တုန်းကလုပ်ဖို့ အဆင်သင့်ရှိပေမယ့်လည်း ရွေးကောက်ပွဲကိစ္စတွေရှိနေ လို့ ကျွန်မတို့ မလုပ်ဖြစ်တာဖြစ်ပါတယ်” ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
 
ထောက်ပံ့မှုကို နိုဝင်ဘာလအစောပိုင်းတွင် ထောက်ပံ့ရန် စီစဉ်ခဲ့သော်လည်း ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများရှိနေသည့်အတွက် ရွေးကောက်ပွဲနောက်ပိုင်းပံ့ပိုးရန် အစိုးရကစီစဉ်ခဲ့ခြင်းဖြစ်သည်။
 
ထိုသို့ထောက်ပံ့ရာတွင် Stay at home သတ်မှတ်ထားသည့် မြို့နယ်များရှိ အခြေခံလူတန်းစား အိမ် ထောင်စုတစ်စုလျှင် ကျပ်ငွေလေးသောင်း ထောက်ပံ့ရန်စီစဉ်ထားပြီး Stay at Home မသတ်မှတ်ထား သော မြို့နယ်များရှိ အခြေခံလူတန်းစား အိမ်ထောင်စုတစ်စုလျှင် ကျပ်ငွေနှစ်သောင်း ထောက်ပံ့ရန် အစိုးရက စီစဉ်ထားသည်။
 
#PeopleMedia

Share this post