• Follow Us on

Home ဖီဇာကုမၸဏီ၏ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆး ၉၀ ရာခိုင္ႏႈန္းအစြမ္း႐ွိ

ဖီဇာကုမၸဏီ၏ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆး ၉၀ ရာခိုင္ႏႈန္းအစြမ္း႐ွိ

Share this post

နယူးေယာက္၊ ႏို၀င္ဘာ ၁၀

စမ္းသပ္ေနသည့္ COVID-19 ေရာဂါကာကြယ္ေဆးသည္ ၉၀ ရာခိုင္ႏႈန္းအစြမ္း႐ွိေၾကာင္း ဖီဇာကုမၸဏီက တနလၤာေန႔တြင္ေျပာသည္။

ဖီဇာႏွင့္ ဂ်ာမနီမိတ္ဖက္ကုမၸဏီ BioNTech တို႔သည္ ကာကြယ္ေဆးအႀကီးအက်ယ္စမ္းသပ္ေနသည့္ အခ်က္အလက္မ်ားကို ေအာင္ေအာင္ျမင္ျမင္ထုတ္ျပန္ႏိုင္သည့္ပထမဆံုးေဆးကုမၸဏီမ်ားျဖစ္လာသည္။

ဆိုးဆိုး႐ြား႐ြားေဘးကင္းလံုျခံဳမႈမ႐ွိေၾကာင္း အေထာက္အထားမ်ားမေတြ႕ရဘဲ ယခုလတြင္ အေမရိကန္အစိုးရထံမွ အေရးေပၚအသံုးျပဳခြင့္ရမည္ဟု ေမွ်ာ္လင့္ေၾကာင္းလည္း ကုမၸဏီမ်ားကေျပာသည္။

အကယ္၍အတည္ျပဳခဲ့ပါက ေဆးပမာဏသည္ အစပိုင္းတြင္အကန္႔အသတ္႐ွိေနမည္ျဖစ္ၿပီး အခ်ိန္မည္မွ်အထိ ေရာဂါကိုကာကြယ္ႏိုင္မည္ဆိုသည့္အခ်က္အပါအ၀င္ ေမးခြန္းမ်ားစြာက်န္႐ွိေနေသးသည္။

သို႔ေသာ္ ယခုသတင္းေၾကာင့္ အျခားကုမၸဏီမ်ားထံမွ ကာကြယ္ေဆးမ်ား အစြမ္း႐ွိေၾကာင္းေၾကညာ လာႏိုင္သည္ဟု ေမွ်ာ္လင့္ေနၾကသည္။

ယေန႔သည္ သိပၸံပညာႏွင့္လူသားမ်ိဳးႏြယ္တို႔အတြက္ ႀကီးျမတ္ေသာေန႔တေန႔ျဖစ္ေၾကာင္း တနလၤာေန႔တြင္ ဖီဇာကုမၸဏီဥကၠ႒ႏွင့္ အမႈေဆာင္အရာ႐ွိခ်ဳပ္ အဲလ္ဘာ့ ဘြာလာကေျပာသည္။

အေမရိကန္ႏွင့္အျခားႏိုင္ငံ ၅ ႏိုင္ငံမွ လူ ၄၄၀၀၀ နီးပါးကို စမ္းသပ္ခဲ့ၿပီး ၉၄ ေယာက္ကူးစက္မႈ႐ွိခဲ့ေၾကာင္း ၾကားျဖတ္ခြဲျခမ္းစိတ္ျဖာေလ့လာမႈအရသိရသည္။

Ref : Pfizer says early data signals COVID-19 vaccine is 90% effective

#PeopleMedia

(unicode)
ဖီဇာကုမ္ပဏီ၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၉၀ ရာခိုင်နှုန်းအစွမ်းရှိ
……………………………………….

နယူးယောက်၊ နိုဝင်ဘာ ၁၀

စမ်းသပ်နေသည့် COVID-19 ရောဂါကာကွယ်ဆေးသည် ၉၀ ရာခိုင်နှုန်းအစွမ်းရှိကြောင်း ဖီဇာကုမ္ပဏီက တနင်္လာနေ့တွင်ပြောသည်။

ဖီဇာနှင့် ဂျာမနီမိတ်ဖက်ကုမ္ပဏီ BioNTech တို့သည် ကာကွယ်ဆေးအကြီးအကျယ်စမ်းသပ်နေသည့် အချက်အလက်များကို အောင်အောင်မြင်မြင်ထုတ်ပြန်နိုင်သည့်ပထမဆုံးဆေးကုမ္ပဏီများဖြစ်လာသည်။

ဆိုးဆိုးရွားရွားဘေးကင်းလုံခြုံမှုမရှိကြောင်း အထောက်အထားများမတွေ့ရဘဲ ယခုလတွင် အမေရိကန်အစိုးရထံမှ အရေးပေါ်အသုံးပြုခွင့်ရမည်ဟု မျှော်လင့်ကြောင်းလည်း ကုမ္ပဏီများကပြောသည်။

အကယ်၍အတည်ပြုခဲ့ပါက ဆေးပမာဏသည် အစပိုင်းတွင်အကန့်အသတ်ရှိနေမည်ဖြစ်ပြီး အချိန်မည်မျှအထိ ရောဂါကိုကာကွယ်နိုင်မည်ဆိုသည့်အချက်အပါအဝင် မေးခွန်းများစွာကျန်ရှိနေသေးသည်။

သို့သော် ယခုသတင်းကြောင့် အခြားကုမ္ပဏီများထံမှ ကာကွယ်ဆေးများ အစွမ်းရှိကြောင်းကြေညာ လာနိုင်သည်ဟု မျှော်လင့်နေကြသည်။

ယနေ့သည် သိပ္ပံပညာနှင့်လူသားမျိုးနွယ်တို့အတွက် ကြီးမြတ်သောနေ့တနေ့ဖြစ်ကြောင်း တနင်္လာနေ့တွင် ဖီဇာကုမ္ပဏီဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် အဲလ်ဘာ့ ဘွာလာကပြောသည်။

အမေရိကန်နှင့်အခြားနိုင်ငံ ၅ နိုင်ငံမှ လူ ၄၄၀၀၀ နီးပါးကို စမ်းသပ်ခဲ့ပြီး ၉၄ ယောက်ကူးစက်မှုရှိခဲ့ကြောင်း ကြားဖြတ်ခွဲခြမ်းစိတ်ဖြာလေ့လာမှုအရသိရသည်။

Ref : Pfizer says early data signals COVID-19 vaccine is 90% effective

#PeopleMedia


Share this post