တ႐ုတ္ျပည္မႀကီးအစိုးရ၏ ဆံုးျဖတ္ခ်က္ေၾကာင့္ အမတ္ ၄ ေယာက္ကို ထုတ္ပယ္ၿပီးေနာက္ ဒီမိုကေရစီ လႊတ္ေတာ္အမတ္မ်ား ေဟာင္ေကာင္လႊတ္ေတာ္မွႏုတ္ထြက္
PUBLISHED - November 12, 2020
ေဟာင္ေကာင္၊ ႏို၀င္ဘာ ၁၂
ေဟာင္ေကာင္မွ ဒီမိုကေရစီလိုလားသည့္လႊတ္ေတာ္အမတ္မ်ားက လႊတ္ေတာ္အမတ္အျဖစ္မွ ႏုတ္ထြက္ ေၾကာင္းေၾကညာသည္။
သူတို႔ႏွင့္လုပ္ေဖာ္ကိုင္ဖက္အမတ္ ၄ ေယာက္ကို တ႐ုတ္ျပည္မႀကီးအစိုးရက လႊတ္ေတာ္အမတ္အျဖစ္ အရည္အခ်င္းမျပည့္မီဟုဆိုကာ ရာထူးမွထုတ္ပယ္ခဲ့ၿပီးေနာက္ ယခုကဲ့သို႔ေၾကညာျခင္းျဖစ္သည္။
အမ်ိဳးသားလံုၿခံဳေရးအေပၚၿခိမ္းေျခာက္မႈျဖစ္လာႏိုင္သည့္ႏိုင္ငံေရးသမားမ်ားကို ရာထူးမွဖယ္႐ွားခြင့္ ေဟာင္ ေကာင္အစိုးရကိုေပးထားသည့္ဆံုးျဖတ္ခ်က္ကို တ႐ုတ္ျပည္မႀကီးက ဗုဒၶဟူးေန႔တြင္အတည္ျပဳခဲ့သည္။
ထို႔ေနာက္ အတိုက္အခံအမတ္မ်ားက ညီညီၫြတ္ၫြတ္ႏုတ္ထြက္မည္ဟုေျပာျခင္းျဖစ္သည္။
တ႐ုတ္ျပည္မႀကီးထံ ၿဗိတိန္က ၁၉၉၇ ခုႏွစ္တြင္ ေဟာင္ေကာင္ကိုျပန္လႊဲေပးခဲ့ၿပီးေနာက္ပိုင္း ေဟာင္ ေကာင္လႊတ္ေတာ္တြင္ လံုး၀နီးပါးဖီဆန္သည့္လုပ္ရပ္မ်ိဳးမ႐ွိခဲ့ဘဲ ယခုလုပ္ရပ္သည္ ပထမဆံုးအႀကိမ္ ျဖစ္သည္။
လႊတ္ေတာ္အမတ္ ၄ ေယာက္ကို ထုတ္ပယ္ခဲ့ျခင္းသည္ ေဟာင္ေကာင္လြတ္လပ္ခြင့္မ်ားကိုကန္႔သတ္ရန္ ေနာက္ဆံုးႀကိဳးစားမႈမ်ားဟု အမ်ားက ႐ွဳျမင္ေနၾကၿပီး တ႐ုတ္ျပည္မႀကီးဘက္က ျငင္းဆိုထားသည္။
ထုတ္ပယ္မႈေၾကာင့္ တ႐ုတ္ျပည္မႀကီးအေပၚပိတ္ဆို႔မႈမ်ားထပ္မံျပဳလုပ္သြားႏိုင္သည္ဟု အေမရိကန္အမ်ိဳး သားလံုၿခံဳေရးအႀကံေပး ေရာဘတ္ အိုဘ႐ိုင္ယန္ကသတိေပးသည္။
Ref : Hong Kong pro-democracy lawmakers resign after China ruling
#PeopleMedia
(unicode)
တရုတ်ပြည်မကြီးအစိုးရ၏ ဆုံးဖြတ်ချက်ကြောင့် အမတ် ၄ ယောက်ကို ထုတ်ပယ်ပြီးနောက် ဒီမိုကရေစီ လွှတ်တော်အမတ်များ ဟောင်ကောင်လွှတ်တော်မှနုတ်ထွက်
……………………………………………………………
ဟောင်ကောင်၊ နိုဝင်ဘာ ၁၂
ဟောင်ကောင်မှ ဒီမိုကရေစီလိုလားသည့်လွှတ်တော်အမတ်များက လွှတ်တော်အမတ်အဖြစ်မှ နုတ်ထွက် ကြောင်းကြေညာသည်။
သူတို့နှင့်လုပ်ဖော်ကိုင်ဖက်အမတ် ၄ ယောက်ကို တရုတ်ပြည်မကြီးအစိုးရက လွှတ်တော်အမတ်အဖြစ် အရည်အချင်းမပြည့်မီဟုဆိုကာ ရာထူးမှထုတ်ပယ်ခဲ့ပြီးနောက် ယခုကဲ့သို့ကြေညာခြင်းဖြစ်သည်။
အမျိုးသားလုံခြုံရေးအပေါ်ခြိမ်းခြောက်မှုဖြစ်လာနိုင်သည့်နိုင်ငံရေးသမားများကို ရာထူးမှဖယ်ရှားခွင့် ဟောင် ကောင်အစိုးရကိုပေးထားသည့်ဆုံးဖြတ်ချက်ကို တရုတ်ပြည်မကြီးက ဗုဒ္ဓဟူးနေ့တွင်အတည်ပြုခဲ့သည်။
ထို့နောက် အတိုက်အခံအမတ်များက ညီညီညွတ်ညွတ်နုတ်ထွက်မည်ဟုပြောခြင်းဖြစ်သည်။
တရုတ်ပြည်မကြီးထံ ဗြိတိန်က ၁၉၉၇ ခုနှစ်တွင် ဟောင်ကောင်ကိုပြန်လွှဲပေးခဲ့ပြီးနောက်ပိုင်း ဟောင် ကောင်လွှတ်တော်တွင် လုံးဝနီးပါးဖီဆန်သည့်လုပ်ရပ်မျိုးမရှိခဲ့ဘဲ ယခုလုပ်ရပ်သည် ပထမဆုံးအကြိမ် ဖြစ်သည်။
လွှတ်တော်အမတ် ၄ ယောက်ကို ထုတ်ပယ်ခဲ့ခြင်းသည် ဟောင်ကောင်လွတ်လပ်ခွင့်များကိုကန့်သတ်ရန် နောက်ဆုံးကြိုးစားမှုများဟု အများက ရှုမြင်နေကြပြီး တရုတ်ပြည်မကြီးဘက်က ငြင်းဆိုထားသည်။
ထုတ်ပယ်မှုကြောင့် တရုတ်ပြည်မကြီးအပေါ်ပိတ်ဆို့မှုများထပ်မံပြုလုပ်သွားနိုင်သည်ဟု အမေရိကန်အမျိုး သားလုံခြုံရေးအကြံပေး ရောဘတ် အိုဘရိုင်ယန်ကသတိပေးသည်။
Ref : Hong Kong pro-democracy lawmakers resign after China ruling
#PeopleMedia