• Follow Us on
Latest News

Home သတင်းအချက်အလက်ကမ္ဘာ့ကပ်ရောဂါက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများကိုဖျက်ဆီးနေဟု WHO ပြော

သတင်းအချက်အလက်ကမ္ဘာ့ကပ်ရောဂါက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများကိုဖျက်ဆီးနေဟု WHO ပြော

Share this post

ပဲရစ်၊ နိုဝင်ဘာ ၂၆
ကမ္ဘာတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်နေချိန်တွင် ဖေဖော်ဝါရီလအစောဆုံးထားပြီး လူမှုကွန်ရက်တွင် သတင်းတုများနှင့် ရောဂါအကြောင်း သတင်းမှားများပါဝင်သည့် သတင်းအချက်အလက်ကမ္ဘာ့ကပ်ရောဂါကို သတိထားသင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က သတိပေးသည်။
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံ၌ စတင်တွေ့ရှိခဲ့သည့်ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါကြောင့် လက်ရှိတွင် လူ ၁.၄ သန်းကျော်သေဆုံးထားချိန်တွင် ယခုနှစ်ဒီဇင်ဘာတွင်အစောဆုံးအသုံးပြုနိုင်ရန်ခွင့်ပြုမိန့်စောင့်ဆိုင်းနေသည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၃ မျိုးရှိလာသည်။
သတင်းအချက်အလက်ကမ္ဘာ့ကပ်ရောဂါဆိုသည်မှာ အချက်အလက်အမှားများကို ရည်ရွယ်ချက်ရှိရှိဖြန့်ဝေခြင်းမပါအ၀င် အွန်လိုင်းသာမက ပြင်ပတွင်ပါ သတင်းအချက်အလက်များအလွန်အကျွံပေါများနေခြင်းကိုဆိုလိုသည်ဟု WHO ကပြောသည်။
ပြီးခဲ့သည့်လတွင် အမေရိကန်ပြည်ထောင်စုမှကွန်ဝဲလ်တက္ကသိုလ်၏လေ့လာမှုတခုအရ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်သည် ကမ္ဘာ့ကပ်ရောဂါကာလတွင် ကမ္ဘာ့အကြီးဆုံးသတင်းမှားများဖြန့်ချိသူဖြစ်နေသည်။
#peoplemedia
(unicode)
သတင်းအချက်အလက်ကမာ္ဘ့ကပ်ရောဂါက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများကိုဖျက်ဆီးနေဟု WHO ပြော
…………………………
ပဲရစ်၊ နိုဝင်ဘာ ၂၆
ကမာ္ဘတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်နေချိန်တွင် ဖေဖော်ဝါရီလအစောဆုံးထားပြီး လူမှုကွန်ရက်တွင် သတင်းတုများနှင့် ရောဂါအကြောင်း သတင်းမှားများပါဝင်သည့် သတင်းအချက်အလက်ကမာ္ဘ့ကပ်ရောဂါကို သတိထားသင့်ကြောင်း ကမာ္ဘ့ကျန်းမာရေးအဖွဲ့(WHO)က သတိပေးသည်။
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးမျှော်လင့်ချက်များမြင့်တက်နေချိန်တွင် ရောဂါခံစားရမှုများအဆုံးသတ်ရေးရည်ရွယ်ထားသည့် ရောဂါခုခံအားစနစ်အစီအစဉ်များကို အလားတူအခြေအနေများက ပျက်စီးစေနိုင်ကြောင်းလည်း WHO နှင့် ကျွမ်းကျင်သူများက သတိပေးနေသည်။
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံ၌ စတင်တွေ့ရှိခဲ့သည့်ကိုရိုနာဗိုင်းရပ်စ်ကမာ္ဘ့ကပ်ရောဂါကြောင့် လက်ရှိတွင် လူ ၁.၄ သန်းကျော်သေဆုံးထားချိန်တွင် ယခုနှစ်ဒီဇင်ဘာတွင်အစောဆုံးအသုံးပြုနိုင်ရန်ခွင့်ပြုမိန့်စောင့်ဆိုင်းနေသည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၃ မျိုးရှိလာသည်။
ထောက်ပံ့ပို့ဆောင်ရေးအပြင် အစိုးရများအနေဖြင့် စံချိန်တင်မြန်နှုန်းဖြင့်ထုတ်လုပ်ခဲ့ရသည့်ကာကွယ်ဆေးများအပေါ် ဆန့်ကျင်မှုများကိုလည်း ရင်ဆိုင်ရနိုင်သည်။
သတင်းအချက်အလက်ကမာ္ဘ့ကပ်ရောဂါဆိုသည်မှာ အချက်အလက်အမှားများကို ရည်ရွယ်ချက်ရှိရှိဖြန့်ဝေခြင်းမပါအဝင် အွန်လိုင်းသာမက ပြင်ပတွင်ပါ သတင်းအချက်အလက်များအလွန်အကျွံပေါများနေခြင်းကိုဆိုလိုသည်ဟု WHO ကပြောသည်။
ပြီးခဲ့သည့်လတွင် အမေရိကန်ပြည်ထောင်စုမှကွန်ဝဲလ်တက္ကသိုလ်၏လေ့လာမှုတခုအရ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်သည် ကမာ္ဘ့ကပ်ရောဂါကာလတွင် ကမာ္ဘ့အကြီးဆုံးသတင်းမှားများဖြန့်ချိသူဖြစ်နေသည်။
Ref : ‘Infodemic’ risks jeopardising COVID-19 vaccines WHO
#peoplemedia


Share this post