• Follow Us on
Latest News

Home ေဈးမ်ားမွ တစ္ဆင့္ COVID-19 ကူးစက္မႈ ေလ်ာ့ခ်ရန္ ေဈးေရာင္းခ်သူ၊ ေဈးဝယ္သူမ်ား Masks တပ္ဆင္ျခင္း ရွိ မရွိ စစ္ေဆးေဆာင္ရြက္

ေဈးမ်ားမွ တစ္ဆင့္ COVID-19 ကူးစက္မႈ ေလ်ာ့ခ်ရန္ ေဈးေရာင္းခ်သူ၊ ေဈးဝယ္သူမ်ား Masks တပ္ဆင္ျခင္း ရွိ မရွိ စစ္ေဆးေဆာင္ရြက္

Share this post

မိုးေကာင္း၊ ဒီဇင္ဘာ ၆
လူထူထပ္ေသာ ေဈးမ်ားမွ တစ္ဆင့္ COVID-19 ကူးစက္မႈေလ်ာ့ခ်ရန္ ေဈးေရာင္းခ်သူ၊ ေဈးဝယ္သူမ်ား Masks တပ္ဆင္ျခင္းရွိ မရွိကို အဖြဲ႕ (၄)ဖြဲ႕ခြဲၿပီး အလွည့္က် ၾကပ္မတ္စစ္ေဆးသြားမည္ ျဖစ္ေၾကာင္း မိုးေကာင္း ၿမိဳ႕နယ္ (COVID-19) ေရာဂါ ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီ တာဝန္ရွိသူမ်ားက ေျပာသည္။
ကခ်င္ျပည္နယ္ မိုးေကာင္းၿမိဳ႕တြင္ ဒီဇင္ဘာ (၆)ရက္ နံနက္ပိုင္းက အဖြဲ႕(၁) ျဖစ္ေသာ ၿမိဳ႕နယ္ (COVID-19) ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီ ဥကၠဌ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးရန္နိုင္ထြန္း ဦးစီးအဖြဲ႕ သည္ေဈးမ်ားမွတစ္ဆင့္ COVID-19ကူးစက္မႈေလ်ာ့ခ် ေစေရးအတြက္ ၿမိဳ႕မစည္ပင္သာယာေဈးအတြင္းႏွင့္ေဈးပတ္ဝန္းက်င္ တစ္ဝိုက္ ေဈးေရာင္းခ်သူမ်ား ေဈးဝယ္သူမ်ား Masks တပ္ဆင္ထားျခင္း ရွိ မရွိကို လိုက္လံ စစ္ေဆးၿပီး Masks တပ္ဆင္ရန္ အသိေပး ႏွိုးေဆာ္ခဲ့သည္။
“က်ေနာ္တို႔ၿမိဳ႕ဟာ Stay at home သတ္မွတ္ထားတဲ့ ၿမိဳ႕နယ္ေတြပတ္ခ်ာလည္ ဝိုင္းေနတာျဖစ္တဲ့အတြက္ အလြန္အႏၲရာယ္ ရွိပါတယ္။ ဒါေၾကာင့္ ေထာင့္စုံ ကေန အဖြဲ႕စုံနဲ႔ ေစာင့္ၾကည့္မွ သာလၽွင္ ကူးစက္မႈကို ကာကြယ္နိုင္မွာျဖစ္ပါတယ္”ဟု (COVID-19)ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီ ဥကၠဌမွ ဆိုသည္။
အဆိုပါ လိုက္လံသတိေပး ႏွိုးေဆာ္ျခင္း အျပင္ ၿမိဳ႕နယ္ၾကက္ေျခနီတပ္ဖြဲ႕ဝင္မ်ားမွ Mask တပ္ဆင္လာျခင္း မရွိသူမ်ားကို Mask မ်ား အခမဲ့ ေဝငွေပးလ်က္သည္။
ခ်ိဳေမာင္
(unicode)
ဈေးများမှ တစ်ဆင့် COVID-19 ကူးစက်မှု လျော့ချရန် ဈေးရောင်းချသူ၊ ဈေးဝယ်သူများ Masks တပ်ဆင်ခြင်း ရှိ မရှိ စစ်ဆေးဆောင်ရွက်
…………………………………………….
မိုးကောင်း၊ ဒီဇင်ဘာ ၆
လူထူထပ်သော ဈေးများမှ တစ်ဆင့် COVID-19 ကူးစက်မှုလျော့ချရန် ဈေးရောင်းချသူ၊ ဈေးဝယ်သူများ Masks တပ်ဆင်ခြင်းရှိ မရှိကို အဖွဲ့ (၄)ဖွဲ့ခွဲပြီး အလှည့်ကျ ကြပ်မတ်စစ်ဆေးသွားမည် ဖြစ်ကြောင်း မိုးကောင်း မြို့နယ် (COVID-19) ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူများက ပြောသည်။
ကချင်ပြည်နယ် မိုးကောင်းမြို့တွင် ဒီဇင်ဘာ (၆)ရက် နံနက်ပိုင်းက အဖွဲ့(၁) ဖြစ်သော မြို့နယ် (COVID-19) ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း ဦးစီးအဖွဲ့ သည်ဈေးများမှတစ်ဆင့် COVID-19ကူးစက်မှုလျော့ချ စေရေးအတွက် မြို့မစည်ပင်သာယာဈေးအတွင်းနှင့်ဈေးပတ်ဝန်းကျင် တစ်ဝိုက် ဈေးရောင်းချသူများ ဈေးဝယ်သူများ Masks တပ်ဆင်ထားခြင်း ရှိ မရှိကို လိုက်လံ စစ်ဆေးပြီး Masks တပ်ဆင်ရန် အသိပေး နှိုးဆော်ခဲ့သည်။
“ကျနော်တို့မြို့ဟာ Stay at home သတ်မှတ်ထားတဲ့ မြို့နယ်တွေပတ်ချာလည် ဝိုင်းနေတာဖြစ်တဲ့အတွက် အလွန်အန္တရာယ် ရှိပါတယ်။ ဒါကြောင့် ထောင့်စုံ ကနေ အဖွဲ့စုံနဲ့ စောင့်ကြည့်မှ သာလျှင် ကူးစက်မှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်”ဟု (COVID-19)ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌမှ ဆိုသည်။
အဆိုပါ လိုက်လံသတိပေး နှိုးဆော်ခြင်း အပြင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ Mask တပ်ဆင်လာခြင်း မရှိသူများကို Mask များ အခမဲ့ ဝေငှပေးလျက်သည်။
ချိုမောင်

Share this post