• Follow Us on
Latest News

Home လပြတၱာၿမိဳ႕နယ္ NLD ပါတီ ေရြးေကာက္ပြဲအနိုင္ရကိုယ္စားလွယ္ေလာင္းသုံးဦးႏွင့္ ဝန္ထမ္းမ်ား COVID-19 ေရာဂါကူးစက္ခံရ

လပြတၱာၿမိဳ႕နယ္ NLD ပါတီ ေရြးေကာက္ပြဲအနိုင္ရကိုယ္စားလွယ္ေလာင္းသုံးဦးႏွင့္ ဝန္ထမ္းမ်ား COVID-19 ေရာဂါကူးစက္ခံရ

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

၂၀၂၀ ခုႏွစ္ နိုဝင္ဘာလ ၈ ရက္ေန႔က က်င္းပခဲ့သည့္ ေရြးေကာက္ပြဲတြင္ အနိုင္ရရွိခဲ့သည့္ လပြတၱာၿမိဳ႕နယ္ NLD ပါတီမွ ကိုယ္စားလွယ္ေလာင္းသုံးဦးႏွင့္ ပါတီ႐ုံးဝန္ထမ္းမ်ား COVID-19 ေရာဂါပိုးေတြ႕ရွိခဲ့ေၾကာင္း လပြတၱာၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းလွက ေျပာသည္။

“NLD ႐ုံးမွာ ကြန္ပ်ဴတာကိုင္တဲ့ ေကာင္ကေလးစၿပီး ပိုးေတြ႕တယ္ေျပာတယ္။ ပိုးေတြ႕လို႔ ႐ုံးတစ္႐ုံးလုံးကို စစ္လိုက္တဲ့အခါက်ေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း သုံးေယာက္စလုံး ပိုးေတြ႕တယ္လို႔ ေျပာတယ္။ အားလုံး ႐ုံးသူ႐ုံးသားအပါဆိုရင္ ၁၀ ေယာက္ေက်ာ္ ပိုးေတြ႕သြားတယ္လို႔ ေျပာတယ္” လို႔ ၎က ေျပာသည္။

လပြတၱာၿမိဳ႕နယ္ NLD ပါတီမွ ေရြးေကာက္ပြဲေကာက္အနိုင္ရရွိသည့္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ေလာင္း ဦးခ်မ္းၿငိမ္းေက်ာ္၊ တိုင္းေဒသႀကီးအမွတ္ (၁) မဲဆႏၵနယ္မွ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေအာင္ေက်ာ္စိုး၊ တိုင္းေဒသႀကီး အမွတ္ (၂) မဲဆႏၵနယ္မွ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေက်ာ္ဝင္းႏွင့္ ပါတီ႐ုံးဝန္ထမ္းတစ္ခ်ိဳ႕အပါအဝင္ စုစုေပါင္း ၁၀ဦးေက်ာ္ COVID-19 ေရာဂါပိုးကူးစက္ခံရျခင္းျဖစ္သည္။

COVID-19 ေရာဂါပိုး ေတြ႕ရွိသည့္ လပြတၱာၿမိဳ႕နယ္ NLD ပါတီဝင္မ်ားကို လက္ရွိတြင္ လပြတၱာခရိုင္ ျပည္သူ႔ ေဆး႐ုံႀကီးတြင္ ေဆးကုသမႈခံယူေနလ်က္ရွိၿပီး စိုးရိမ္စရာအေျခအေနမရွိေၾကာင္း ဦးထြန္းလွက ေျပာသည္။

#PeopleMedia #COVID #လပြတၱာ

(unicode)
လပွတ္တာမြို့နယ် NLD ပါတီ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်လောင်းသုံးဦးနှင့် ဝန်ထမ်းများ COVID-19 ရောဂါကူးစက်ခံရ
………………………………………………………..

ရန်ကုန်၊ ဒီဇင်ဘာ ၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် လပွတ္တာမြို့နယ် NLD ပါတီမှ ကိုယ်စားလှယ်လောင်းသုံးဦးနှင့် ပါတီရုံးဝန်ထမ်းများ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ကြောင်း လပွတ္တာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှက ပြောသည်။

“NLD ရုံးမှာ ကွန်ပျူတာကိုင်တဲ့ ကောင်ကလေးစပြီး ပိုးတွေ့တယ်ပြောတယ်။ ပိုးတွေ့လို့ ရုံးတစ်ရုံးလုံးကို စစ်လိုက်တဲ့အခါကျတော့ လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးယောက်စလုံး ပိုးတွေ့တယ်လို့ ပြောတယ်။ အားလုံး ရုံးသူရုံးသားအပါဆိုရင် ၁၀ ယောက်ကျော် ပိုးတွေ့သွားတယ်လို့ ပြောတယ်” လို့ ၎င်းက ပြောသည်။

လပွတ္တာမြို့နယ် NLD ပါတီမှ ရွေးကောက်ပွဲကောက်အနိုင်ရရှိသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လောင်း ဦးချမ်းငြိမ်းကျော်၊ တိုင်းဒေသကြီးအမှတ် (၁) မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်စိုး၊ တိုင်းဒေသကြီး အမှတ် (၂) မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ဝင်းနှင့် ပါတီရုံးဝန်ထမ်းတစ်ချို့အပါအဝင် စုစုပေါင်း ၁ဝဦးကျော် COVID-19 ရောဂါပိုးကူးစက်ခံရခြင်းဖြစ်သည်။

COVID-19 ရောဂါပိုး တွေ့ရှိသည့် လပွတ္တာမြို့နယ် NLD ပါတီဝင်များကို လက်ရှိတွင် လပွတ္တာခရိုင် ပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေလျက်ရှိပြီး စိုးရိမ်စရာအခြေအနေမရှိကြောင်း ဦးထွန်းလှက ပြောသည်။

#PeopleMedia #COVID #လပွတ္တာ


Share this post