• Follow Us on
Latest News

Home တတိယအႀကိမ္လႊတ္ေတာ္အတြက္ ေရြးခ်ယ္မခံရသည့္ ကိုယ္စားလွယ္မ်ား (၅) ရက္အတြင္း ပစၥည္းလာသိမ္း ရန္ အေၾကာင္းၾကား

တတိယအႀကိမ္လႊတ္ေတာ္အတြက္ ေရြးခ်ယ္မခံရသည့္ ကိုယ္စားလွယ္မ်ား (၅) ရက္အတြင္း ပစၥည္းလာသိမ္း ရန္ အေၾကာင္းၾကား

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၁၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

တတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္အတြက္ ေရြးခ်ယ္မခံရသည့္ ကိုယ္စားလွယ္မ်ား ဒီဇင္ဘာလ (၁၇) ရက္မွ ဒီဇင္ဘာလ (၂၂) ရက္အတြင္း ေနျပည္ေတာ္ စည္ပင္ရိပ္သာရွိ မိမိပိုင္ပစၥည္းမ်ားကို လာေရာက္သိမ္း ယူၾကရန္ လႊတ္ေတာ္႐ုံးမွအေၾကာင္းၾကားလိုက္ေၾကာင္း NLD ပါတီ မဂၤလာဒုံ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္လိႈင္ဝင္းက ေျပာသည္။

“ပစၥည္းေတြသိမ္းဖို႔ အေၾကာင္းၾကားလာတာ ဟုတ္ပါတယ္၊ ေနာက္ဆုံး တစ္ေခါက္လႊတ္ေတာ္ကို မေခၚေတာ့ ဘူးဆိုတဲ့ သေဘာေပါ့၊ အရင္တုန္းကေတာ့ေခၚေနၾကေပါ့၊ ကိုဗစ္ေၾကာင့္ မေခၚေတာ့ဘူးေပါ့”ဟု ဦးေအာင္လိႈင္ ၀င္းက ဆိုသည္။

ေရြးခ်ယ္မခံရသည့္ ကိုယ္စားလွယ္မ်ားအေနျဖင့္ ပစၥည္းသိမ္းယူလိုပါက ယာဥ္ေမာင္းအပါအဝင္ (၃)ဦးအထိ ဝင္ေရာက္နိုင္မည္ျဖစ္၍ ဝင္ေရာက္သူအားလုံးသည္ သက္ဆိုင္ရာၿမိဳ႕နယ္မွ ၂၄ နာရီအတြင္း Rapid Diagostic Test (RDT) ျဖင့္ စစ္ေဆးခဲ့ေသာ ကိုဗစ္ေရာဂါပိုးကင္းရွင္းေၾကာင္း လက္မွတ္ယူေဆာင္လာရမည္ျဖစ္ေၾကာင္း လႊတ္ေတာ္႐ုံး၏ အေၾကာင္းၾကားစာတြင္ပါရွိသည္။

ေနျပည္ေတာ္အဝင္ဂိတ္တြင္ အဆိုပါလက္မွတ္မ်ားႏွင့္ မွတ္ပုံတင္ကတ္မ်ားျပသၿပီး က်န္းမာေရးဦးစီးဌာနမွ ဝတ္ဆင္ေပးသည့္ PPE level-2 ဝတ္စုံျဖင့္ ေနျပည္ေတာ္သို႔ ဝင္ေရာက္ရမည္ျဖစ္ၿပီး၊ ေနျပည္ေတာ္အဝင္ဂိတ္မွ ဝတ္ဆင္ေပးခဲ့ေသာ PPE Level-2 ဝတ္စုံမ်ားျဖင့္သာ ပစၥည္းသိမ္းျခင္းႏွင့္ သြားလာျခင္းတို႔ကို ေနခ်င္းၿပီး ေဆာင္ရြက္ရန္ႏွင့္ ေနျပည္ေတာ္မွ ျပန္လည္ထြက္ရမည္ျဖစ္ေၾကာင္း လႊတ္ေတာ္႐ုံး၏ အေၾကာင္းၾကားစာ တြင္ပါရွိသည္။

ႏွစ္ရက္ထက္ပို၍ ေနထိုင္လိုသည့္ ကိုယ္စားလွယ္မ်ားအေနျဖင့္လည္း ကိုဗစ္ေရာဂါပိုး ရွိ၊ မရွိ ေဆးစစ္မႈကို ခံယူကာ ေရာဂါပိုးကင္းရွင္းေၾကာင္း အေျဖရရွိမွသာ ျပင္ပသို႔ သြားလာျခင္းမ်ားေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း လႊတ္ေတာ္႐ုံး၏ အေၾကာင္းၾကားစာတြင္ပါရွိသည္။

#PeopleMedia #လႊတ္ေတာ္

(unicode)
တတိယအကြိမ်လွှတ်တော်အတွက် ရွေးချယ်မခံရသည့် ကိုယ်စားလှယ်များ (၅) ရက်အတွင်း ပစ္စည်းလာသိမ်း ရန် အကြောင်းကြား
………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အတွက် ရွေးချယ်မခံရသည့် ကိုယ်စားလှယ်များ ဒီဇင်ဘာလ (၁၇) ရက်မှ ဒီဇင်ဘာလ (၂၂) ရက်အတွင်း နေပြည်တော် စည်ပင်ရိပ်သာရှိ မိမိပိုင်ပစ္စည်းများကို လာရောက်သိမ်း ယူကြရန် လွှတ်တော်ရုံးမှအကြောင်းကြားလိုက်ကြောင်း NLD ပါတီ မင်္ဂလာဒုံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောသည်။

“ပစ္စည်းတွေသိမ်းဖို့ အကြောင်းကြားလာတာ ဟုတ်ပါတယ်၊ နောက်ဆုံး တစ်ခေါက်လွှတ်တော်ကို မခေါ်တော့ ဘူးဆိုတဲ့ သဘောပေါ့၊ အရင်တုန်းကတော့ခေါ်နေကြပေါ့၊ ကိုဗစ်ကြောင့် မခေါ်တော့ဘူးပေါ့”ဟု ဦးအောင်လှိုင် ဝင်းက ဆိုသည်။

ရွေးချယ်မခံရသည့် ကိုယ်စားလှယ်များအနေဖြင့် ပစ္စည်းသိမ်းယူလိုပါက ယာဉ်မောင်းအပါအဝင် (၃)ဦးအထိ ဝင်ရောက်နိုင်မည်ဖြစ်၍ ဝင်ရောက်သူအားလုံးသည် သက်ဆိုင်ရာမြို့နယ်မှ ၂၄ နာရီအတွင်း Rapid Diagostic Test (RDT) ဖြင့် စစ်ဆေးခဲ့သော ကိုဗစ်ရောဂါပိုးကင်းရှင်းကြောင်း လက်မှတ်ယူဆောင်လာရမည်ဖြစ်ကြောင်း လွှတ်တော်ရုံး၏ အကြောင်းကြားစာတွင်ပါရှိသည်။

နေပြည်တော်အဝင်ဂိတ်တွင် အဆိုပါလက်မှတ်များနှင့် မှတ်ပုံတင်ကတ်များပြသပြီး ကျန်းမာရေးဦးစီးဌာနမှ ဝတ်ဆင်ပေးသည့် PPE level-2 ဝတ်စုံဖြင့် နေပြည်တော်သို့ ဝင်ရောက်ရမည်ဖြစ်ပြီး၊ နေပြည်တော်အဝင်ဂိတ်မှ ဝတ်ဆင်ပေးခဲ့သော PPE Level-2 ဝတ်စုံများဖြင့်သာ ပစ္စည်းသိမ်းခြင်းနှင့် သွားလာခြင်းတို့ကို နေချင်းပြီး ဆောင်ရွက်ရန်နှင့် နေပြည်တော်မှ ပြန်လည်ထွက်ရမည်ဖြစ်ကြောင်း လွှတ်တော်ရုံး၏ အကြောင်းကြားစာ တွင်ပါရှိသည်။

နှစ်ရက်ထက်ပို၍ နေထိုင်လိုသည့် ကိုယ်စားလှယ်များအနေဖြင့်လည်း ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ ဆေးစစ်မှုကို ခံယူကာ ရောဂါပိုးကင်းရှင်းကြောင်း အဖြေရရှိမှသာ ပြင်ပသို့ သွားလာခြင်းများဆောင်ရွက်ရမည်ဖြစ်ကြောင်း လွှတ်တော်ရုံး၏ အကြောင်းကြားစာတွင်ပါရှိသည်။

#PeopleMedia #လွှတ်တော်


Share this post