• Follow Us on

Home တ႐ုတ္ကို လူမ်ိဳးတုန္းသတ္ျဖတ္မႈႏွင့္ အေရးယူရန္ ဝီဂါမ်ားကေတာင္းဆိုမႈကို အိုင္စီစီပယ္ခ်

တ႐ုတ္ကို လူမ်ိဳးတုန္းသတ္ျဖတ္မႈႏွင့္ အေရးယူရန္ ဝီဂါမ်ားကေတာင္းဆိုမႈကို အိုင္စီစီပယ္ခ်

Share this post

သယ္ေဟ့ဂ္၊ ဒီဇင္ဘာ ၁၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

တ႐ုတ္ႏိုင္ငံကို လူမ်ိဳးတုန္းသတ္ျဖတ္မႈ၊ လူသားမ်ိဳးႏြယ္ကိုဆန္႔က်င္ေသာ ျပစ္မႈမ်ားက်ဴးလြန္ျခင္းတို႔ျဖင့္ အေရး ယူရန္ ျပင္ပေရာက္ဝီဂါလူမ်ိဳးမ်ားကေတာင္းဆိုမႈကို ႏိုင္ငံတကာရာဇ၀တ္မႈဆိုင္ရာတရား႐ံုး (အိုင္စီစီ) က ပယ္ခ်လိုက္သည္ဟု အမႈစစ္ခ်ဳပ္႐ံုး၏အစီရင္ခံတြင္ပါ၀င္သည္။

ဝီဂါႏွင့္အျခားမြတ္ဆလင္အမ်ားစုပါ၀င္သည့္လူနည္းစုမ်ားကို ျပန္လည္သင္ၾကားေပးေရးစခန္းမ်ားတြင္ အလံုပိတ္ထားျခင္း၊ အမ်ိဳးသမီးမ်ားကို မ်ိဳးဆက္မျပန္႔ပြားေစရန္ျပဳလုပ္ျခင္းစသည့္ အေထာက္အထားမ်ားကို ဇူလိုင္လတြင္ ဝီဂါမ်ားက တရား႐ံုးထံတင္သြင္းခဲ့သည္။

ထိုျဖစ္ရပ္မ်ားသည္ အိုင္စီစီအဖြဲ႔၀င္အျဖစ္လက္မွတ္ေရးထိုးထားျခင္းမ႐ွိသည့္တ႐ုတ္ႏိုင္ငံထဲတြင္ ထိုစြပ္စြဲသည့္ ျဖစ္ရပ္မ်ားျဖစ္ပြားျခင္းေၾကာင့္ အေရးယူေပးႏိုင္ျခင္းမ႐ွိေၾကာင္း အမႈစစ္ခ်ဳပ္ ဖာတူ ဘန္ဆိုဒါ၏႐ံုးကထုတ္ ျပန္သည္။

စြပ္စြဲထားသည့္မႈခင္းအမ်ားစုျဖစ္ပြားခဲ့သည့္ေနရာသည္ တရား႐ံုး၏နယ္ေျမအရတရားစီရင္မႈက်င့္သံုးႏိုင္ေသာ ႀကိဳတင္သတ္မွတ္ခ်က္မ်ားႏွင့္မကိုက္ညီေၾကာင္းလည္းပါ၀င္သည္။

တာဂ်စ္ကစၥတန္ႏွင့္ကေမာၻဒီးယားတို႔မွတ႐ုတ္ႏိုင္ငံသို႔ ဝီဂါမ်ားကိုအတင္းအၾကပ္ျပန္လႊတ္သည္ဆိုသည့္ သီးျခားစြဲခ်က္မ်ားအေပၚ လက္႐ွိအခ်ိန္တြင္ အေရးယူေဆာင္႐ြက္ရန္မ႐ွိေသးေၾကာင္းလည္း အသိေပးသည္။

ထိုအတင္းအၾကပ္ျပန္ပို႔မႈမ်ားသည္ တ႐ုတ္ေျမေပၚတြင္ျဖစ္ခဲ့ျခင္းမ႐ွိေသာ္လည္း ထိုျဖစ္ရပ္မ်ားသည္ အိုင္စီစီအဖြဲ႔၀င္ျဖစ္သည့္ တာဂ်စ္ကစၥတန္ႏွင့္ကေမာၻဒီးယားႏိုင္ငံနယ္ေျမမ်ားေပၚတြင္ျဖစ္ခဲ့ေၾကာင္း ဝီဂါမ်ားက ေခ်ပထားသည္။ ထိုစြပ္စြဲခ်က္မ်ားသည္ အေျခအျမစ္မ႐ွိေၾကာင္း တ႐ုတ္ႏိုင္ငံဘက္က သတ္မွတ္ထားသည္။
၂၀၀၂ ခုႏွစ္တြင္ ကမာၻ႔အဆိုး႐ြားဆံုးမႈခင္းမ်ားအတြက္ တရားမွ်တမႈ႐ွိေရးတည္ေထာင္ခဲ့သည့္အိုင္စီစီသို႔ မည္သည့္အမႈမ်ားတင္သြင္းမည္ဟု အမႈစစ္ခ်ဳပ္ကလြတ္လပ္စြာဆံုးျဖတ္ခြင့္႐ွိသည္။

Ref : ICC rejects Uighur genocide complaint against China

#PeopleMedia

(unicode)
တရုတ်ကို လူမျိုးတုန်းသတ်ဖြတ်မှုနှင့် အရေးယူရန် ဝီဂါများကတောင်းဆိုမှုကို အိုင်စီစီပယ်ချ
……………………………………..

သယ်ဟေ့ဂ်၊ ဒီဇင်ဘာ ၁၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

တရုတ်နိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်ကိုဆန့်ကျင်သော ပြစ်မှုများကျူးလွန်ခြင်းတို့ဖြင့် အရေး ယူရန် ပြင်ပရောက်ဝီဂါလူမျိုးများကတောင်းဆိုမှုကို နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာတရားရုံး (အိုင်စီစီ) က ပယ်ချလိုက်သည်ဟု အမှုစစ်ချုပ်ရုံး၏အစီရင်ခံတွင်ပါဝင်သည်။

ဝီဂါနှင့်အခြားမွတ်ဆလင်အများစုပါဝင်သည့်လူနည်းစုများကို ပြန်လည်သင်ကြားပေးရေးစခန်းများတွင် အလုံပိတ်ထားခြင်း၊ အမျိုးသမီးများကို မျိုးဆက်မပြန့်ပွားစေရန်ပြုလုပ်ခြင်းစသည့် အထောက်အထားများကို ဇူလိုင်လတွင် ဝီဂါများက တရားရုံးထံတင်သွင်းခဲ့သည်။

ထိုဖြစ်ရပ်များသည် အိုင်စီစီအဖွဲ့ဝင်အဖြစ်လက်မှတ်ရေးထိုးထားခြင်းမရှိသည့်တရုတ်နိုင်ငံထဲတွင် ထိုစွပ်စွဲသည့် ဖြစ်ရပ်များဖြစ်ပွားခြင်းကြောင့် အရေးယူပေးနိုင်ခြင်းမရှိကြောင်း အမှုစစ်ချုပ် ဖာတူ ဘန်ဆိုဒါ၏ရုံးကထုတ် ပြန်သည်။

စွပ်စွဲထားသည့်မှုခင်းအများစုဖြစ်ပွားခဲ့သည့်နေရာသည် တရားရုံး၏နယ်မြေအရတရားစီရင်မှုကျင့်သုံးနိုင်သော ကြိုတင်သတ်မှတ်ချက်များနှင့်မကိုက်ညီကြောင်းလည်းပါဝင်သည်။

တာဂျစ်ကစ္စတန်နှင့်ကမ္ဘောဒီးယားတို့မှတရုတ်နိုင်ငံသို့ ဝီဂါများကိုအတင်းအကြပ်ပြန်လွှတ်သည်ဆိုသည့် သီးခြားစွဲချက်များအပေါ် လက်ရှိအချိန်တွင် အရေးယူဆောင်ရွက်ရန်မရှိသေးကြောင်းလည်း အသိပေးသည်။

ထိုအတင်းအကြပ်ပြန်ပို့မှုများသည် တရုတ်မြေပေါ်တွင်ဖြစ်ခဲ့ခြင်းမရှိသော်လည်း ထိုဖြစ်ရပ်များသည် အိုင်စီစီအဖွဲ့ဝင်ဖြစ်သည့် တာဂျစ်ကစ္စတန်နှင့်ကမ္ဘောဒီးယားနိုင်ငံနယ်မြေများပေါ်တွင်ဖြစ်ခဲ့ကြောင်း ဝီဂါများက ချေပထားသည်။ ထိုစွပ်စွဲချက်များသည် အခြေအမြစ်မရှိကြောင်း တရုတ်နိုင်ငံဘက်က သတ်မှတ်ထားသည်။
၂၀၀၂ ခုနှစ်တွင် ကမ္ဘာ့အဆိုးရွားဆုံးမှုခင်းများအတွက် တရားမျှတမှုရှိရေးတည်ထောင်ခဲ့သည့်အိုင်စီစီသို့ မည်သည့်အမှုများတင်သွင်းမည်ဟု အမှုစစ်ချုပ်ကလွတ်လပ်စွာဆုံးဖြတ်ခွင့်ရှိသည်။

Ref : ICC rejects Uighur genocide complaint against China

#PeopleMedia


Share this post