• Follow Us on
Latest News

Home ဝူဟန်မြို့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုက တရားဝင်အချက်အလက်များထက် သုံးဆအထိ ပိုများနိုင်ဟုဆို

ဝူဟန်မြို့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုက တရားဝင်အချက်အလက်များထက် သုံးဆအထိ ပိုများနိုင်ဟုဆို

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး တွေ့ရှိခဲ့ရာ တရုတ်နိုင်ငံ ဝူဟန်မြို့တော်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရသူ အရေအတွက်က တရားဝင် အချက်အလက်ထက် သုံးဆအထိ ပိုများနိုင်ကြောင်း ဝူဟန်မြို့ရှိ တရုတ်သုတေ သီများ၏ လေ့လာမှုတစ်ရပ်အရသိရသည်။
 
၂၀၂၀ ပြည့်နှစ် မတ်လမှ မေလအတွင်း တရုတ်နိုင်ငံတစ်ဝန်းဒေသအသီးသီးမှ ကျန်းမာရေးဝန်ထမ်း ၆၀၀၀၀ ကျော်ထံမှ ရယူခဲ့သည့် သွေးနမူနာများကို အခြေခံ၍ ဆေးပညာဂျာနယ်ပါ လေ့လာမှုတစ်ရပ်က ထိုသို့ ဖော်ပြခဲ့ ခြင်းဖြစ်သည်။
 
ပြည်သူ ၁၀ သန်းကျော်နေထိုင်ရာ ဝူဟန်မြို့တော်၌ ဒေသခံ ၁၆၈၀၀၀ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီး တရားဝင်စာရင်းတွင် ၅၀၃၄၀ ဦးသာ ကူးစက်ခံခဲ့ရသည်ဟု ဖော်ပြခဲ့ကြောင်း သုတေသီများက ပြောသည်။
 
ဗိုင်းရပ်စ်ကူးစက်လူနာများ၏ သုံးပုံနှစ်ပုံက ရောဂါလက္ခဏာမပြသဘဲ အဆိုပါဗိုင်းရပ်စ်ပိုးက ကူးစက်ခံရသူများ ဆေးရုံတင်ရခြင်းမရှိဘဲ ဒေသခံများကြား ကာလကြာရှည်စွာ တည်ရှိနိုင်ခဲ့ကြောင်း ၎င်းတို့ကဆိုသည်။
 
ကိုဗစ်-၁၉ ကပ်ရောဂါက ၂၀၁၉ ခုနှစ်အကုန်တွင် ဝူဟန်မြို့ရှိ ပင်လယ်စာဈေးတစ်ခုမှ စတင်ခဲ့သည်ဟု ဖော်ထုတ်တွေ့ရှိခဲ့သည်။
 
တရုတ်နိုင်ငံက ဇန်နဝါရီလ ၂၃ ရက်တွင် ဝူဟန်မြို့နှင့် ဟူပေပြည်နယ်ရှိ အခြားမြို့များကို အလုံပိတ်ပြုလုပ်ခဲ့ သည်။
 
တရုတ်ပြည်မကြီး၌ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု စုစုပေါင်း ၈၇၃၃၁ မှုနှင့် သေဆုံးသူ ၄၆၃၄ ဦးရှိသည်။
 
ကိုးကား – ဗွီအိုအေ
 
Ref; Wuhan COVID Infections 3 times Higher than Official Figure, China Study Says
 
#PeopleMedia
 
(unicode)
……………………………………..
 
 
 
 
 
 
 
 
 
 
Ref; Wuhan COVID Infections 3 times Higher than Official Figure, China Study Says
 
#PeopleMedia

Share this post