• Follow Us on

Home ရွေးကောက်ပွဲကျင်းပပြီးနောက် ပြန်လည်ဆန်းစစ်ရာ တွင် တရားမျှတမှုမရှိသည့်အခြေအနေများ၊ မရိုးသားမှုများကို တွေ့ရှိရသဖြင့် ဝေဖန်ထောက်ပြမှုများကိုလုပ်ဆောင်နေရခြင်းဖြစ်ကြောင်းတပ်ချုပ်ပြောကြား

ရွေးကောက်ပွဲကျင်းပပြီးနောက် ပြန်လည်ဆန်းစစ်ရာ တွင် တရားမျှတမှုမရှိသည့်အခြေအနေများ၊ မရိုးသားမှုများကို တွေ့ရှိရသဖြင့် ဝေဖန်ထောက်ပြမှုများကိုလုပ်ဆောင်နေရခြင်းဖြစ်ကြောင်းတပ်ချုပ်ပြောကြား

Share this post

ရန်ကုန်၊ ဇန်နဝါရီ – ၈ (people media)
ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အနှစ်သာရဖြစ်ပြီး မိမိတို့နိုင်ငံ၌ မကြာမီက အထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာဖြင့် ကျင်းပနိုင်ခဲ့ကြောင်း၊ တပ်မတော်သားများ အနေဖြင့်လည်း လွတ်လွတ်လပ်လပ်ဖြင့် ဆန္ဒမဲများပေးနိုင်ခဲ့ကြကြောင်း၊ ရွေးကောက်ပွဲ မကျင်းပမီကပင် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် လိုအပ်သည်ဟု အကြိမ်ကြိမ်ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပပြီးနောက် ပြန်လည်ဆန်းစစ်ရာ တွင် တရားမျှတမှုမရှိသည့်အခြေအနေများ၊ မရိုးသားမှုများကို တွေ့ရှိရသဖြင့် ဝေဖန်ထောက်ပြ မှုများကို လုပ်ဆောင်နေရခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားလိုက်သည်။
ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေကို မိမိလိုရာဆွဲ၍ လုပ်ဆောင်ခြင်းများမှာ မသင့်တော်ကြောင်း၊ ဖြစ်ပျက်ခဲ့သည့် အမှားအယွင်းများကို ထောက်ပြရခြင်းမှာ မိမိတို့ နိုင်ငံရွေးကောက်ပွဲ၏ ဂုဏ်သိက္ခာကိုများစွာထိခိုက်စေနိုင်မည်ဖြစ်သည့်အတွက် ဝေဖန်ထောက် ပြနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် ကလောတပ်နယ်ရှိ စစ်ဦးစီးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီး များအား Video Conferencing ဖြင့် တွေ့ဆုံ အမှာစကားပြောကြားစဉ် ထည့်သွင်းပြော ကြားသည်။
#PeopleMedia #2020electionresults #တပ်မတော်
(unicode)
………………………………….

Share this post