• Follow Us on
Latest News

Home ကုန်စည်ယာဉ်များကို တရုတ်ပြည်ဘက်မှ ဝင်ခွင့်ပိတ်ထားသောကြောင့် ကားသမားများ ခက်ခဲမှုရှိနေ

ကုန်စည်ယာဉ်များကို တရုတ်ပြည်ဘက်မှ ဝင်ခွင့်ပိတ်ထားသောကြောင့် ကားသမားများ ခက်ခဲမှုရှိနေ

Share this post

မြစ်ကြီးနား၊ ဇန်နဝါရီ ၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ကချင်ပြည်နယ်တွင်းက ဝိုင်းမော်မြို့နယ် ကန်ပိုင်တီမြို့ကို ဖြတ်သန်းပြီး တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်း ကြောင်းအဖြစ် တရားဝင်အသုံးပြုနေသည့် ကန်ပိုင်တီနယ်စပ်ဂိတ်ကို တရုတ်ပြည်ဘက်က ဝင်ခွင့်မပေးသည့် အတွက်ကြောင့် ကုန်စည်တင်ယာဉ် ကားသမားများခက်ခဲမှုရှိနေသည်ဟု ကားသမားများထံမှသိရသည်။

ကချင်ပြည်နယ်အတွင်းက ကုန်စည်ယာဉ်ကားသမား စုစုပေါင်း တစ်ရာကျော်ရှိပြီး တရုတ်မြန်မာနယ်စပ်ကုန် သွယ်ရေးစခန်း၌ ကုန်စည်ယာဉ်မောင်းတစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီးနောက် တရုတ်ပြည်ဘက်ခြမ်းက မြန်မာ ကုန်စည်တင် ကားသမားကို ဝင်ခွင့်မပေးသည့်အတွက်ကြောင့် ကားသမားများအနေဖြင့် စီးပွားရေးခက်ခဲမှုများ ရှိနေကြောင်း ကားသမားတစ်ဦးမှ ယခုလိုပြောသည်။

“မြစ်ကြီးနားမှာ ကုန်စည်ယာဉ်စုစုပေါင်း (၁၃၈)စီး ရှိနေပါတယ်။ ကုန်စည်ယာဉ်တွေကို ပိတ်ပင်ထားတာ တစ်လ လောက်ရှိပြီ။ နားနေရတဲ့ကားသမားတွေအတွက် အခက်အခဲများနေပါတယ် တချို့ဆိုရင် အိမ်ငှားခတောင် မပေးနိုင်ကြဘူး။ အောက်ပိုင်းကတက်လာတဲ့ ကုန်စည်ယာဉ်မောင်းတစ်ယောက်ဆီကနေ ပိုးတွေ့တော့ ကုန် စည်ယာဉ်တွေကို အသွားအလာပိတ်လိုက်တယ်။ ဒါပေမယ့် တခြားဆေးစစ်ပြီးလုပ်တဲ့ ကားသမားတွေအတွက် နှစ်နာတာပေါ့။ ပိတ်ထားတာလဲ တစ်လလောက် ရှိနေပြီလေ အလုပ်အကိုင်အခက်အခဲတွေ ရှိတာပေါ့” ဟု ၎င်းက ပြောသည်။

ဤကဲ့သို့ ကုန်စည်တင်ယာဉ်များ ပိတ်ခံထားရခြင်းနှင့်ပတ်သက်၍ ကန်ပိုင်တီမြို့ အုပ်ချုပ်ရေးမှူး ဦးမင်းမင်း လတ်ထံ ဆက်သွယ်မေးမြန်းခဲ့ရာတွင် ၎င်းက ယခုကဲ့သို့ ဆိုသည်။

“အခုလို ကုန်စည်ယာဉ်တွေ ပိတ်ထားတာနဲ့ပတ်သက်ပြီး ကချင်ပြည်နယ် အစိုးရဘက်ကနေလဲ သွား ရောက်ညှိနှိုင်းမှုတွေတော့ လုပ်ထားပါတယ်” ဟု ၎င်းက ပြောသည်။

တရုတ်နိုင်ငံဘက်သို့ ကုန်စည်တင်ကားများကို ဝင်ခွင့်ပိတ်ထားသော်လည်း ငှက်ပျော်ကားများကိုမူ ဝင်ခွင့် ပေးထားသည်ကို တွေ့ရကြောင်း ကားသမားတစ်ဦးက ဆိုသည်။

“ကျွန်တော်တို့ ကုန်စည်တင်ကားလေးတွေသာ လုံးဝ အဝင်မခံတာ၊ ငှက်ပျော်ကားတွေတော့ နေစဉ်နဲ့အမျှ ဝင်နေကြတာကို မြင်တွေ့နေရတယ်”ဟု ၎င်းက ပြောပြသည်။

ကန်ပိုင်တီနယ်စပ်ဂိတ် တရုတ်နိုင်ငံဘက်အခြမ်းမှ ကုန်စည်ယာဉ်များကို ဝင်ခွင့်ပိတ်ထားသည်မှာ ဒီဇင်ဘာလ ၁၃ ရက်ထည်းကဖြစ်ပြီး၊ ငှက်ပျောကားများတွင်မူ ပိုးတွေ့သော်လည်း ဆေးစစ်၊ ဆေးထိုးပြီး သုံးလေးရက် ဝန်းကျင်တွင် ပြန်လွှတ်ကြောင်းလည်း မြစ်ကြီးနား-ဝိုင်းမော်- ကန်ပိုင်တီ ကုန်စည်တင်ကားသမားများက ပြောဆိုနေကြသည်။

ယခုကဲ့သို့ ကုန်စည်ယာဉ်များကို တရုတ်ပြည်ဘက်သို့ ဝင်ခွင့်ပိတ်ထားသောကြောင့် ကားသမားများ ခက်ခဲမှုရှိနေသည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိများအနေနှင့် ကုန်စည်တင်ယာဉ်များ ဝင်ခွင့်ရရေး ကားသမားများ မျှော်လင့်နေကြသည်။

ရှိုးကို

#PeopleMedia #တရုတ်မြန်မာကုန်သွယ်ရေး

(unicode)
……………………………………………………














Share this post