• Follow Us on

Home ဘာလုပ်ငန်းပဲလုပ်လုပ် ပြည်ထောင်စုအကျိုးအား နှလုံးသွင်းကာ ဆောင်ရွက်ရန် နိုင်ငံတော်အတိုင်ပင်ခံ မှာ ကြား

ဘာလုပ်ငန်းပဲလုပ်လုပ် ပြည်ထောင်စုအကျိုးအား နှလုံးသွင်းကာ ဆောင်ရွက်ရန် နိုင်ငံတော်အတိုင်ပင်ခံ မှာ ကြား

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၉ (People Media)
 
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် တည်ထောင်ထားသည့် နိုင်ငံဖြစ်သည့်အတွက် ဘာလုပ်ငန်းပဲ ဆောင်ရွက်သည်ဖြစ်စေ ပြည်ထောင်စုအကျိုးအား နှလုံးသွင်း၍ ဆောင်ရွက်ရန် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေးတွင် ပြောသည်။
 
“တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ တည်ထောင်ထားတဲ့နိုင်ငံဖြစ်တဲ့အတွက် ဘာလုပ်ငန်းပဲလုပ်လုပ် ပြည်ထောင်စု အကျိုးကို နှလုံးသွင်းဆောင်ရွက်ဖို့လိုပါတယ်။ ခရီးသွားလုပ်ငန်းကိုမြှင့်တင်တဲ့အခါမှာလည်း နေရာဒေသတစ်ခု ထဲပဲမကြည့်ဘဲ ပြည်ထောင်စုကြီးတစ်ခုလုံး ဆက်စပ်အကျိုးဖြစ်ထွန်းစေမယ့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ကြဖို့ကိစ္စဟာ အင်မတန်အရေးကြီးပါတယ်”ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
 
ဖွံ့ဖြိုးတိုးတက်ရေးအား ဆောင်ရွက်ရာမှာလဲ ခရီးသွားသူများအတွက် ခရီးစဉ်လမ်းကြောင်းများကို စိတ်ဝင်စား စရာကောင်းအောင် ချိတ်ဆက်ဆောင်ရွက်နိုင်ပါက ခရီးသွားလုပ်ငန်းကြောင့် တိုင်းရင်းသားပြည်သူများကြား ပိုမိုနီးစပ်ကာ ညီညွတ်မှုရှိလာမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
 
လက်ရှိ စိန်ခေါ်မှုများ ကြုံတွေ့နေရသော ခရီးသွားလုပ်ငန်းများနှင့်ပတ်သက်၍ မြန်မာ့ခရီးသွားလုပ်ငန်းများ အမြန်ဆုံး ပြန်လည်ရှင်သန်ကာ ဘေးကင်းလုံခြုံစွာ လည်ပတ်နိုင်ဖို့ ညီညွတ်စွာ လက်တွဲပူးပေါင်းဆောင်ရွက် ကြရန် အလေးနက်တိုက်တွန်းပြောကြားလိုကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
 
#PeopleMedia #ဒေါ်အောင်ဆန်းစုကြည် #ခရီးသွား
 
(unicode)
…………………………………………….
 
 
 
 
 
 

Share this post