• Follow Us on
Latest News

Home အိန္ဒိယနိုင်ငံရှိ ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်ရေးစက်ရုံ၌ မီးလောင်မှုဖြစ်ပွားရာ ငါးဦး သေဆုံး

အိန္ဒိယနိုင်ငံရှိ ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်ရေးစက်ရုံ၌ မီးလောင်မှုဖြစ်ပွားရာ ငါးဦး သေဆုံး

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

အိန္ဒိယနိုင်ငံရှိ ကမ္ဘာ့အကြီးမားဆုံး ကာကွယ်ဆေးထုတ်လုပ်ရေးကုမ္ပဏီ Serum Institute of India ရှိ တည် ဆောက်ဆဲ အဆောက်အအုံတစ်လုံး၌ ယမန်နေ့က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူငါးဦးထက်မနည်း သေ ဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

မီးလောင်မှုကြောင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်မှုကို ထိခိုက်စေမည်မဟုတ်ဟု Serum Institute of India က ပြောကြားသည်။

မီးသတ်သမားများက မီးတောက်ကို ငြိမ်းသတ်ပြီးနောက် အုတ်ကျိုးအုတ်ပဲ့များအတွင်း အလောင်းငါးလောင်း တွေ့ရှိခဲ့ကြောင်း အိန္ဒိယနိုင်ငံတောင်ပိုင်း မဟာရတ်ရှ်ထရာပြည်နယ် ပူနေးမြို့တော်ဝန် မာလင်ဒါမိုဟောက ပြောသည်။

သေဆုံးသူများက ဆောက်လုပ်ရေး အလုပ်သမားများဖြစ်နိုင်ကြောင်း၊ မီးလောင်မှုဖြစ်ပွားရသော အကြောင်း ရင်းကို မသိရသေးကြောင်း၊ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုပမာဏကို မသိရသေးကြောင်း ၎င်းက ပြော သည်။

မီးလောင်မှုအတွင်း အသက်သေဆုံးခဲ့သူများအတွက် လွန်စွာ စိတ်မကောင်းဖြစ်မိပါကြောင်း Serum Institute of India ၏ အမှုဆောင်အရာရှိချုပ် အဒါပွန်းဝါလာက ပြောသည်။

မီးလောင်မှုကြောင့် ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်မှု လျော့ကျမည်မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆို သော် ကုမ္ပဏီ၌ အခြားဆေးဝါးထုတ်လုပ်ရေးစက်ရုံများရှိကြောင်း ၎င်းကပြောသည်။
မီးလောင်မှုကြောင့် ရှိရင်းစွဲ ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်မှု သို့မဟုတ် ထုတ်လုပ်ပြီးသား ကာကွယ် ဆေး အလုံးရေ သန်း ၅၀ ကို ထိခိုက်စေမည်မဟုတ်ဟု သူက ဆိုသည်။

ကိုးကား – ဂလိုဘယ်နယူးစ်

Ref; Fire kills 5 at Indian coronavirus vaccine producer

#PeopleMedia

(unicode)
…………………………………………………………..









Ref; Fire kills 5 at Indian coronavirus vaccine producer

#PeopleMedia


Share this post