• Follow Us on

Home COVID-19 ကာကွယ်ဆေးထိုးမည့်စာရင်းတွင် အစိုးရတာဝန်ရှိသူများနှင့် ကိုယ်တိုင်ဦးစားပေးပါဝင်နေသည့် အတွက် အားနာကြောင်း ပြည်သူများကို ပြောဆိုလိုက်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်

COVID-19 ကာကွယ်ဆေးထိုးမည့်စာရင်းတွင် အစိုးရတာဝန်ရှိသူများနှင့် ကိုယ်တိုင်ဦးစားပေးပါဝင်နေသည့် အတွက် အားနာကြောင်း ပြည်သူများကို ပြောဆိုလိုက်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၂၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

COVID-19 ကာကွယ်ဆေးထိုးမည့်စာရင်းတွင် အစိုးရတာဝန်ရှိသူများနှင့် ကိုယ်တိုင် ဦးစားပေးပါဝင်နေသည့် အတွက် အားနာကြောင်း ပြည်သူများကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား လိုက်သည်။

ဇန်နဝါရီ ၂၁ ရက်နေ့ ညပိုင်းအချိန်တွင် COVID-19 ရောဂါဖြစ်ပွားမှုနောက်ဆုံးအခြေအနေနှင့် ပတ်သက်ပြီး ပြည်သူကို အစီရင်ခံတင်ပြတဲ့မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ် သည်။

“ကျွန်မတို့ဦးစားပေးမှာက ကျန်းမာရေးဝန်ထမ်းတွေ၊ ရှေ့တန်းကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ ကျွန်မတို့ရဲ့ ပြည်သူတွေ၊ နောက်ဒုတိယကတော့ ကျွန်မတို့အစိုးရအဖွဲ့ထဲက အဓိကကျတဲ့ အစိတ်အပိုင်းတွေကို ကာကွယ် ဆေးထိုးပေးမှာပါ။ အဲဒီလိုပြောရတာ ကျွန်မကတော့ တော်တော်တော့ အားနာတယ်။ ကာကွယ်ဆေးထိုး မယ်ထဲ ကျွန်မလည်းပါတယ်။ ဒါကိုတော့ ပြည်သူတွေနားလည်မှုပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဆက်လက်ပြီး ၎င်းအပါအဝင် အစိုးရအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များကို ဦးစားပေးထိုးရခြင်းနှင့်ပတ်သက်ပြီး “နိုင်ငံရဲ့ ယန္တရားကြီးလည်ပတ်ဖို့ဆိုရင် ကျွန်မတို့ဗဟိုအစိုးရနဲ့ တိုင်းနဲ့ပြည်နယ်အစိုးရတို့က ထိထိရောက်ရောက်လှုပ်ရှား နိုင်ဖို့က အင်မတန်မှအရေးကြီးပါတယ်။ သိပ်မများပါဘူးလို့ ကျွန်မထည့်ပြောပါရစေ။ အစိုးရအဖွဲ့ထဲက အဓိက ကျတဲ့ပုဂ္ဂိုလ်တွေဆိုတာက သိပ်အများကြီးမဟုတ်ပါဘူး” ဟု ဆိုသည်။

နောက်ထပ်ရောက်ရှိလာမည့် COVID ကာကွယ်ဆေးများကို အုပ်စုအလိုက် ထိုးနှံပေးသွားမည်ဟုလည်း ပြော ကြားခဲ့သည်။
အိန္ဒိယနိုင်ငံမှ ရောက်ရှိလာမည့် COVID ကာကွယ်ဆေးသည် လူဦးရေ (၇၅၀၀၀၀) အတွက် မြန်မာနိုင်ငံကို ယနေ့ ဇန်နဝါရီလ (၂၂) ရက်နေ့ရောက်မည်ဖြစ်သော်လည်း လာပို့မည့်သူများပေါ်တွင် မူတည်နေကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှပြောသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွား၊ သေဆုံးမှုအခြေအနေနှင့်ပတ်သက်ပြီး ဇန်နဝါရီ ၂၁ ရက်နေ့ ညပိုင်း အချိန်ထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရောဂါအတည်ပြုလူနာ ၁၃၆၁၆၆ ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၁၁၉၉၇၃ ဦးနှင့် အဆိုပါရောဂါဖြင့် သေဆုံးလူနာ ၃၀၁၃ ဦးရှိပြီဖြစ်သည်။

Photo – myanmar state Counsellor

#PeopleMedia #COVID19

(unicode)
……………………………………………………………








Photo – myanmar state Counsellor

#PeopleMedia #COVID19


Share this post