• Follow Us on
Latest News

Home YBS စီးလို့မရတဲ့နေရာတွေမှာ ဆိုင်ကယ်စီးနှင်းခွင့်ရအောင် လာမည့်လွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်းအဖြစ် တင်ပြသွားမည်

YBS စီးလို့မရတဲ့နေရာတွေမှာ ဆိုင်ကယ်စီးနှင်းခွင့်ရအောင် လာမည့်လွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်းအဖြစ် တင်ပြသွားမည်

Share this post

ရန်ကုန်၊ ဇန်နဝါရီ – ၂၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ရန်ကုန်တိုင်းဒေသကြီးအတွင်း YBS ကားတွေမရောက်သေးတဲ့နေရာတွေမှာ ဆိုင်ကယ်စီးနှင်းခွင့်ရအောင် လာမည့်လွှတ်တော်တွင် ကြယ်ပွင့်ပြမေးသွားမယ်လို့ ဒဂုံမြို့သစ်တောင်ပိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက People Media ကိုပြောပါတယ်။
လာမည့်လွှတ်တော်သက်တမ်းမှာ ရန်ကုန်မြို့အတွင်း ဆိုင်ကယ်စီးနှင်းခွင့်ရရှိစေရန် လွှတ်တော်တွင် အဆို တင်သွင်းခွင့် ရှိ၊ မရှိနှင့် ပတ်သက်၍ People Media မှ ဆက်သွယ်မေးမြန်းရာတွင်အထက်ပါအတိုင်းပြောကြား ခဲ့ခြင်းဖြစ်ပါတယ်။
“ဆိုင်ကယ်စီးနှင်းခွင့်ကိစ္စက မဖွံ့ဖြိုးသေးတဲ့နေရာတွေမှာပေါ့နော်၊ ဥပမာအားဖြင့် ကျွန်တော်တို့ ဒဂုံဆိပ်ကမ်း၊ ဒဂုံတောင်၊ လှိုင်သာယာ၊ ရွှေပြည်သာ ဒီလိုနေရာတွေမှာ YBS မရောက်တဲ့နေရာတွေမျိုးတွေမှာ အခက်အခဲ တွေရှိပါတယ် အဲလိုနေရာမျိုးတွေကို ဆိုင်ကယ်အနေနဲ့ သတ်မှတ်ချက် စည်းမျည်းစည်းကမ်းနဲ့အညီ ဒေသခံ သတ်မှတ်ချက်ထားပြီးတော့ လိုအပ်ချက်အရ စီးနှင်းခွင့်ပြုစေဖို့တဲ့ဟာမျိုးကို ကျွန်တော်တို့ ဆက်လက်ပြီးတော့ တိုက်တွန်းသွားမှာပါ” လို့ ဒဂုံမြို့သစ်တောင်ပိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောပါတယ်။
၂၀၂၀ ပြည့်နှစ်အတွင်း ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ စည်းကမ်းပျက်မော်တော်ယာဉ် ၂၆၂၆ စီး၊ ဆိုင်ကယ် နှင့် လျှပ်စစ်ဆိုင်ကယ် ၈၀ စီး အပါအဝင် စုစုပေါင်း ၂၇၀၆ စီးနှင့် ဖမ်းဆီးအရေးယူထားကြောင်း သိရပါတယ်။
#PeopleMedia
(unicode)
…………………………………………………………………
#PeopleMedia


Share this post