• Follow Us on

Home ပုသိမ်မြို့၊ သာပေါင်းမြို့နယ်မှတစ်ဆင့် ဘဂါၤလီလူမျိုး ၁၃ ဦး ဖမ်းဆီးရမိ

ပုသိမ်မြို့၊ သာပေါင်းမြို့နယ်မှတစ်ဆင့် ဘဂါၤလီလူမျိုး ၁၃ ဦး ဖမ်းဆီးရမိ

Share this post

ရန်ကုန်၊ ဇန်နဝါရီ – ၂၇ (People media)
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဝင်ရောက်လာသည့် နိုင်ငံသားအထောက် အထားမဲ့ ဘင်္ဂါလီလူမျိုး ၁၃ ဦးကို ဒီကနေ့မနက်ပိုင်းတွင် ဖမ်းဆီးရမိကြောင်း ပုသိမ်မြို့ရဲတပ်ဖွဲ့မှ သိရပါတယ်။
ဖြစ်စဉ်မှာ သာပေါင်းဘက်ကနေ ပုသိမ်ကြိုးတံတားဂိတ်မှ ရပ်မပေးဘဲ မောင်းနှင်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့က ဒိုက်ဦးစစ်ဆေးရေးဂိတ်မှ ပိတ်ဆို့ဖမ်းဆီးခဲ့ရာတွင် နိုင်ငံသားအထောက်အထားမဲ့ ဘဂါၤလီအမျိုးသား ၁ ဦး၊ အမျိုးသမီး ၁၂ ဦးတို့ကို ဖမ်းစီးရမိကြောင်း သိရပါတယ်။
အဆိုပါဖမ်းစီးရမိသောဘဂါၤလီ ၁၃ ဦးကို သာပေါင်း မှ ရန်ကုန်ကို လိုက်လံပို့ခဲ့တဲ့ ကားမောင်းသူနဲ့ အကူ အမျိုးသား ၂ ဦးကို ပုသိမ်မြို့မ ရဲစခန်းမှာ စစ်ဆေးတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
အလားတူ ဇန်နဝါရီ ၁၉ ရက်နေ့တွင် ဖမ်းဆီးရမိသော နိုင်ငံသားအထောက်အထားမဲ့ ဘဂါၤလီ ၃၄ ဦးကို ဇန်နဝါရီ ၂၅ ရက်နေ့၌ အစိုးရအဖွဲ့အစီအစဉ်နဲ့ သူတို့နေရပ်ကို ပြန်လည်ပို့ဆောင်မှုရှိခဲ့ပါတယ်။
Credit – Ayeyarwady police
#Peoplemedia
(unicode)
……………………………………………………
Credit – Ayeyarwady police
#Peoplemedia


Share this post