• Follow Us on
Latest News

Home အချိုးကျကိုယ်စားပြုစနစ် (PR) အား ကျင့်သုံးရန် နိုင်ငံရေးပါတီများ၏ သဘောထားကို ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် တောင်းခံ

အချိုးကျကိုယ်စားပြုစနစ် (PR) အား ကျင့်သုံးရန် နိုင်ငံရေးပါတီများ၏ သဘောထားကို ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် တောင်းခံ

Share this post

ရန်ကုန်၊ မတ် ၁ (People Media)

 

လက်ရှိ အသုံးပြုနေသည့် ရွေးကောက်ပွဲစနစ်ဖြစ်သည့် နိုင်သူအကုန်ယူစနစ် (FPIP System) အစား အချိုးကျ ကိုယ်စားပြုစနစ် (PR System) အား အသုံးပြုရန် နိုင်ငံရေးပါတီများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှ သဘောထားတောင်းခံထားကြောင်း သိရသည်။

 

အချိုးကျကိုယ်စားပြုစနစ် (PR System) အား မည်သည့်အချိန်တွင် အသုံးပြုရန် လိုအပ်သည်ကို နိုင်ငံရေးပါတီ များအနေဖြင့် အသေးစိတ်အကြံပြုတင်ပြနိုင်ကြောင်း သဘောထားတောင်းခံစာတွင်ပါဝင်သည်။

 

“PR စနစ်ကို ကျင့်သုံးတယ်ဆိုတာ နိုင်တဲ့သူအကုန်ယူဆိုတဲ့စနစ်ကို အစားထိုးတဲ့သဘောမျိုးပဲ လက်ရှိ မြန်မာ နိုင်ငံရေးအခြေအနေက NLD ကပဲ နိုင်တာများနေတော့ ဒါကို Balance လုပ်နိုင်ဖို့ PR စနစ်ကို အစားထိုးဖို့ပဲလို့ ယူဆတယ်” ဟု ပြည်သူ့ပါတီ ဒုဥက္ကဋ္ဌ ဦးမင်းဇေယျက ပြောသည်။

 

ပြီးခဲ့သည့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် အချိုးကျကိုယ်စားပြုစနစ် (PR System) အား ကျင့်သုံးရန် လွှတ် တော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီတချို့မှ လေ့လာမှုများကို ဆောင်ရွက်ခဲ့ပြီး လွှတ် တော်သို့ တင်သွင်းရာတွင် ယင်းအချိန်က လွှတ်တော်ဥက္ကဋ္ဌ၏ ငြင်းပယ်မှုကြောင့် ပျက်ပြယ်ခဲ့ရသည်။

 

“PR စနစ်နဲ့ပတ်သက်လို့ ဒီအချိန်မှာ ပြောရမယ်ဆိုရင် အချိန်နည်းနည်းစောသေးတယ်။ တိုင်းရင်းသားတွေမှာ PR စနစ်နဲ့ပတ်သက်လို့ သိပ်အတွေ့ကြုံမရှိသေးဘူး။ စစ်မှန်တဲ့ ဖက်ဒရယ်ကိုသွားမယ်ဆိုရင် ဒီအချိန်မှာ နည်း နည်းစောသေးတယ်” ဟု အမျိုးသားတိုးတက်ရေးပါတီမှ အတွင်းရေးမှူး ဦးအောင်ဖြိုးကျော် ၎င်း၏ အမြင်သ ဘောထားကို ပြောသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လက်ရှိတွင် နိုင်ငံရေးပါတီများမှ အချိုးကျကိုယ်စားပြုစနစ် (PR System) ကျင့်သုံးရန် သဘောထားတောင်းခံထားသည့်အပြင် တွေ့ဆုံဆွေးနွေးများကို ပြုလုပ်ရန်လဲရှိနေ သည်။

 

#PeopleMedia #UEC #PR

 

(unicode)

……………………………………………………………








#PeopleMedia #UEC #PR


Share this post