• Follow Us on

Home ကျေးရွာစီမံအုပ်ချုပ်ရေးတာဝန်ကို လက်ခံသည့်အတွက် NLD ပါတီမြို့နယ် ဒုဥက္ကဋ္ဌတစ်ဦးကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်

ကျေးရွာစီမံအုပ်ချုပ်ရေးတာဝန်ကို လက်ခံသည့်အတွက် NLD ပါတီမြို့နယ် ဒုဥက္ကဋ္ဌတစ်ဦးကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်

Share this post

ရန်ကုန်၊ မတ် ၁ (People Media)

 

ရှမ်းပြည်နယ် (တောင်ပိုင်း) ဖယ်ခုံမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌတစ်ဦးမှ တိုင်းဒေသ ကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ ခန့်အပ်သော ကျေးရွာစီမံအုပ်ချုပ်ရေးကောင်စီရာထူးကို လက်ခံသည့်အတွက် NLD ပါတီ မြို့နယ် ဒုဥက္ကဋ္ဌကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း သတင်းထုတ်ပြန်သည်။

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် NLD ပါတီ မြို့နယ် ဒုဥက္ကဋ္ဌကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်သည့် စာတွင် ယင်းတာဝန်ကို လက်ခံသည့်အတွက် ပြင်းထန်စွာကန့်ကွက် ရှုံ့ချကြောင်း ထုတ်ပြန်စာတွင် ပါဝင်သည်။

 

ပြီးခဲ့သည့်ရက်ပိုင်းကလဲ ချင်းပြည်နယ်၊ NLD ပါတီအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သူ ဦးဟန်ကျင့်ဇင်သည် တပ်မတော်က ခန့်အပ်သည့် ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တာဝန်ကို လက်ခံမှုကြောင့် NLD ပါတီက ၎င်းကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia #NLD

 

(unicode)

ကြေးရှာစီမံအုပျခြုပျရေးတာဝနျကို လကျခံသည့ျအတှကျ NLD ပါတီမွို့နယျ ဒုဥက်ကဋ်ဌတဈဦးကို ပါတီဝငျအဖွဈမှ ထုတျပယျ
…………………………………………………..





#PeopleMedia #NLD


Share this post