• Follow Us on
Latest News

Home မြန်မာနိုင်ငံသို့ စစ်လက်နက်များတင်ပို့မှု တောင်ကိုရီးယား ရပ်ဆိုင်းမည်

မြန်မာနိုင်ငံသို့ စစ်လက်နက်များတင်ပို့မှု တောင်ကိုရီးယား ရပ်ဆိုင်းမည်

Share this post

ရန်ကုန်မတ် ၁၂

တောင်ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံသို့ စစ်လက်နက်များတင်ပို့မှုကို ရပ်ဆိုင်းမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ ဖွံ့ဖြိုးရေးစီမံကိန်းများကိုလည်း ပြန်လည်စဉ်းစားမည်ဟု သိရသည်။

တောင်ကိုရီးယားအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း ၏ ကြိမ်ဖန်များစွာ တောင်းဆိုမှုများ ရှိလင့်ကစား မြန်မာ့တပ်မတော်နှင့် ရဲတပ်ဖွဲ့က စစ်အာဏာထိန်းမှုအပေါ်ဆန္ဒပြသူများအား အကြမ်းဖက်ဖြိုခွင်းမှုများ ပြုလုပ်လျက် ရှိသည်။

ကာကွယ်ရေးနှင့် လုံခြုံရေးနယ်ပယ်များအပြင် ဆန္ဒပြသူများကို ဖြိုခွင်းရာတွင် အသုံးပြုသည့် မျက်ရည် ယိုဗုံးကဲ့သို့သော မဟာဗျူဟာမြောက်ပစ္စည်းများ တင်ပို့မှု ပြန်လည်သုံးသပ်မည်ဟု တောင်ကိုရီးယားအစိုးရက ပြောသည်။

တောင်ကိုရီးယားနိုင်ငံက ၂၀၁၉ ခုနှစ်နောက်ပိုင်း စစ်လက်နက်များ မတင်ပို့တော့ပေ။ သို့သော်လည်း ဒီမို ကရေစီ ပြန်လည်ရရှိရေးကူညီရန် တောင်ကိုရီးယားနိုင်ငံက ကတိပြုခဲ့သလို မြန်မာနိုင်ငံရှိ တောင်ကိုရီးယား နိုင်ငံ သားများနှင့် ကုမ္ပဏီများကို ကာကွယ်ပေးရန် တောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံ၌ အခြေအနေ တည်ငြိမ်သွားချိန်အထိ လူသားချင်းစာနာမှုအဖြစ် တောင်ကိုရီးယားနိုင်ငံ၌ မြန်မာနိုင်ငံသားများ ခဏနေထိုင်ခွင့်ပြုမည်ဟု သိရသည်။

–ကိုးကား–ကေဘီအက်စ်
Ref; Seoul to Halt Military Exports to Myanmar


Share this post