• Follow Us on
Latest News

Home နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ အပါအဝင် ပြစ်မှု ၂၃ မျိုးကို စစ်ခုံရုံးဖြင့် စစ်ဆေးရန် နစအ ကောင်စီ ထုတ်ပြန်

နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ အပါအဝင် ပြစ်မှု ၂၃ မျိုးကို စစ်ခုံရုံးဖြင့် စစ်ဆေးရန် နစအ ကောင်စီ ထုတ်ပြန်

Share this post

ရန်ကုန်၊ မတ် ၁၆ (PeopleMedia)

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၆ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေငြာထားသည့်ကာလအတွင်း နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ အပါအဝင် အစိုးရအား အကြည်ညိုပျက်စေမှု ၊ အပါအဝင် ပြစ်မှုအမျိုးအစား ၂၃ မျိုးကို စစ်ခုံရုံးဖြင့် ဆုံးဖြတ်ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ မှ သတင်းထုတ်ပြန်သည်။

အဆိုပါ ပြစ်မှုအမျိုးအစား ၂၃ မျိုးတွင် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု၊ အစိုးရကို အကြည်ညိုပျက်အောင်ပြုလုပ်မှု၊တပ်မတော် သို့မဟုတ် တရားဥပဒေစိုးမိုးရေးအဖွဲ့၏ ဆောင်ရွက်မှုကို နှောင့်နှေးစေခြင်း သို့မဟုတ် ပျက်ပြားစေခြင်း၊ တပ်မတော်သားများ သို့မဟုတ် အစိုးရအမှုထမ်းများကို ဟန့်တားခြင်း သို့မဟုတ် နှောက်ယှက် ခြင်း၊
ရာဇသတ်ကြီးပုဒ်မ ၅၀၅၊ အစိုးရဝန်ထမ်းတစ်ဦးအား ပြစ်မှုကျူးလွန်စေရန်တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိတ်လန့် စေခြင်း၊ သွေးထိုးလှုံ့ဆော်ခြင်း၊ မမှန်သတင်းများဖြန့်ခြင်း ၊မတရားအသင်းအက်ဥပဒေအရပြစ်မှုများ၊လက်နက်အက်ဥပဒေအရပြစ်မှုများ၊လူသတ်မှု၊ လူသေမှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ဓားပြမှု၊ အဂတိလိုက်စားမှု၊ ၁၉၉၃ ခုနှစ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ အရ ပြစ်မှုများ၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၆၃ ခုနှစ်၊ အများနှင့်သက်ဆိုင်သော ပစ္စည်းများကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ ပြစ်မှုများ၊
သတင်းမီဒီယာဥပဒေအရ ပြစ်မှုများ၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရ ပြစ်မှုများ၊ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေ အရ ပြစ်မှုများ။ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေအရပြစ်မှုများ၊ ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေအရပြစ်မှုများ၊အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရပြစ်မှုများ၊ ပါဝင်ကြောင်း သိရသည်။

အဆိုပါ ပြစ်မှုအမျိုးအစား အနက် သေဒဏ်အထိ အပြစ်ပေးအရေးယူနိုင်သည့် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု၊ အား စစ်ခုံရုံးအနေဖြင့် ချမှတ်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အတည်ပြုချက် ရရှိမှသာအတည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

၎င်းအပြင် စစ်ခုံရုံးဖြင့် အမှုများအား စစ်ဆေးရာတွင် ချမှတ်သောဆုံးဖြတ်ချက်များနှင့် စီရင်ချက် များသည် အပြီးအပြတ်ဖြစ်စေရမည်ဖြစ်ပြီး နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်စီရင်ပါက ထိုသို့ စီရင်ခြင်းသည် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး၏ အတည်ပြုချက် ရရှိမှသာ အတည်ဖြစ်သည်။ အတည်ပြုခြင်းနှင့်ပတ်သက်သည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး ဆောင်ရွက်ခွင့်ရှိကြောင်း ချမှတ်သော ပြစ်မှုပြစ်ဒဏ်များကို အယူခံပိုင်ခွင့်မရှိကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

#PeopleMedia #စစ်အုပ်ချုပ်ရေး


Share this post