• Follow Us on
Latest News

Home ရခိုင်ပြည်နယ် မြို့နယ် ၄ မြို့နယ်ရှိ စစ်ရှောင်စခန်းများတွင် စားနပ်ရိက္ခာ ပြတ်လပ်နေ

ရခိုင်ပြည်နယ် မြို့နယ် ၄ မြို့နယ်ရှိ စစ်ရှောင်စခန်းများတွင် စားနပ်ရိက္ခာ ပြတ်လပ်နေ

Share this post

နေပြည်တော်၊ သြဂုတ် ၁၀ (People Media)

 

ရခိုင်ပြည်နယ် မြို့နယ်လေးခုဖြစ်သည့် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်မြို့နယ်များရှိ စစ်ဘေးရှောင်စခန်းများမှာ စားနပ်ရိက္ခာ ပြတ်လပ်မှုများ ဖြစ်ပေါ်နေလျက်ရှိကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) မှ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

 

“စားနပ်ရိက္ခာ အခက်ကြုံနေရတာကတော့ ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းအားလုံးလိုလိုပါပဲ။ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်မြို့နယ်တွေက တချို့စခန်းတွေဆိုရင် အတော်လေးကို စားနပ်ရိက္ခာ အခက်ကြုံနေရတဲ့ စခန်းတွေတောင်ရှိပါတယ်၊ ကျွန်တော်တို့ တစ်နေ့က ကောက်ယူထားတဲ့ စာရင်းအရဆိုရင် စခန်း နှစ်ဆယ်ကျော်ကျော်လောက်မှာ အရမ်းကို ဆိုးဝါးတဲ့ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေကို ကြုံနေရတယ်” လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)မှ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

 

ဒုက္ခသည်စခန်းများအား အကူအညီပေးနေသည့်အဖွဲ့အစည်းများသည် လက်ရှိတွင် ဘဏ်များမှ ငွေထုတ်ယူ ရန် အခက်အခဲများရှိနေခြင်းနှင့် ရာသီဥတုအခြေအနေများ ဆိုးဝါးခြင်း၊ ကိုဗစ်ရောဂါ၏ စီးပွားရေးအခြေအနေ ရိုက်ခက်ခြင်းကြောင် နိုင်ငံတကာအဖွဲ့အစည်းများမှ ကူညီမှုကြန့်ကြာနေခြင်းကြောင့် စစ်ဘေးရှောင်စခန်းများ တွင် စားနပ်ရိက္ခာ ပြတ်လပ်နေခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

 

“ပုံမှန်ကူညီထောက်ပံ့နေကျအဖွဲ့တွေကလည်း မထောက်ပံ့နိုင်တာတွေရှိတယ်။ ဒေသခံအဖွဲ့အစည်းတွေဆို လည်း အခုက ငွေရေးကြေးရေး အကျပ်အတည်းက အရမ်းကိုများကြတဲ့အတွက် အရင်လို ထောက်ပံ့ကူညီမှု တွေက မလုပ်နိုင်ကြဘူးလေ။ အဲ့တော့ ထောက်ပံ့ကူညီပေးတဲ့အနေအထားဟာ အရမ်းကို နည်းသွားတာပါ”လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)မှ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

 

၂၀၁၈ ခုနှစ်တွင် တပ်မတော်နှင့် ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားခဲ့ခြင်း ကြောင့် စစ်ဘေးရှောင်ဦးရေ ၁၂၀၀၀၀ အထိမြင့်တက်ခဲ့ပြီး ယခုတွင် နေရပ်သို့ ပြန်သူများရှိနေသည့်အတွက် လက်ရှိမှာ စစ်ဘေးရှောင်ဦးရေ ၆၀၀၀၀ အထိသာ ရှိခဲ့တယ်လို့ သိရပါတယ်။

 

#PeopleMedia #IDPs #REC

 

(unicode)


……………………………………………………………

 


 


 


 


 


 


 

#PeopleMedia #IDPs #REC


Share this post