• Follow Us on
Latest News

Home KNU ဗဟိုမှ ဗိုလ်မှူးချုပ်မန်းသာစိန် ကွယ်လွန်

KNU ဗဟိုမှ ဗိုလ်မှူးချုပ်မန်းသာစိန် ကွယ်လွန်

Share this post

နေပြည်တော်၊ သြဂုတ် ၃၀ (People Media)

 

ကေအဲန်ယူ (KNU) ဗဟိုမှ ဗိုလ်မှူးချုပ် မန်းသာစိန်သည် ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် ကွယ်လွန် သွားကြောင်း ကေအဲန်ယူ ဗဟိုမှ ထုတ်ပြန်ထားသည်။

 

ကေအဲန်ယူဗဟိုမှ ဗိုလ်မှူးချုပ် မန်းသာစိန်သည် ကရင့်တော်လှန်ရေးစတင်ချိန်ကတည်းကမှစ၍ တော်လှန်ရေး ထဲသို့ဝင်ရောက်ပြီး တော်လှန်ရေးကို လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ပြီး၊ တော်လှန်ရေးမှ ပေးအပ်သောတာဝန်များကို ကောင်းမွန်ကျေပွန်စွာဖြင့် လုပ်ကိုင်ခဲ့သောကြောင့် ကရင့်တော်လှန်ရေးမှ ပေးအပ်ချီးမြင့်သော ဘွဲ့တံဆိပ်များ စွာကိုရရှိခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။

 

ဗိုလ်မှူးချုပ် မန်းသာစိန်သည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့၌ ကျင်းပပြုလုပ်သော ကရင့်တော်လှန်ရေး နှစ် ၇၀ ပြည့်အခမ်းအနားတွင် တော်လှန်ရေးသက်တမ်း နှစ် ၇၀ ပြည့် ဂုဏ်ပြုလွှာနှင့် ဘွဲ့တံဆိပ် ပေးအပ်ချီး မြင့်ခြင်းခံရသည့်အပြင် ဖြတ်လေးဖြတ်အချိန်၌ ရန်သူကို ရဲရဲဝံ့ဝံ့ခုခံကာကွယ်သော ဘွဲ့တံဆိပ်နှင့် သူရဘွဲ့ တံဆိပ်များကိုလည်း ပေးအပ်ချီးမြင့်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။

 

Photo – KNU

 

#PeopleMedia #KNU

 

(unicode)


…………………………………………..

 


 


 


 


 

Photo – KNU

 

#PeopleMedia #KNU


Share this post