• Follow Us on

Home သံအမတ်ကြီး ဦးတင်ယုအား ကာတာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်

သံအမတ်ကြီး ဦးတင်ယုအား ကာတာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်

Share this post

နေပြည်တော်၊ သြဂုတ် ၃၀ (People Media)

 

ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံအထူးကိုယ်စားလှယ်အဖြစ် လွှဲအပ်ခြင်းခံရသော သံအမတ်ကြီး ဦးတင်ယုအား ကာတာနိုင်ငံဆိုင်ရာ သံအမတ်အဖြစ်ပါ နှစ်နိုင်ငံ သံအမတ်အဖြစ် န-စ-က ဥက္ကဋ္ဌမှ တာဝန် ပေးအပ်လိုက်ကြောင်း သိရသည်။

 

သံအမတ်ကြီးဦးတင်ယုသည် ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံအထူးကိုယ်စားလှယ်အဖြစ် မတ်လ ၁၈ ရက်နေ့တွင် ခန့်အပ်ခံရခြင်းဖြစ်ပြီး ယခု သြဂုတ်လ ၃၀ ရက်နေ့တွင် ကာတာနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ခန့်အပ်ခြင်းခံရခြင်းဖြစ်ကြောင်းသိရသည်။

 

ယင်းမတိုင်မီကလည်း သံအမတ်ကြီး ဦးတင်ယုသည် မြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး၊ လော့စ်အိန် ဂျယ်လိစ်မြို့မှ ကောင်စစ်ဝန်ချုပ်ရာထူးတာဝန်ထမ်းဆောင်ခဲ့သည်။

 

ထို့နောက် ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်ထားခံရခြင်းဖြစ်ကြောင်း သိရသည်။

 

#PeopleMedia #ဦးတင်ယု #MOFA

 

(unicode)


………………………………………………………………..

 


 


 


 


 


 



Share this post