• Follow Us on

Home ဇနီးဖြစ်သူကို ငွေကျပ် ၇ ဒသမ ၇၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖြင့် ထားခဲ့ပြီး ထွက်ပြေးသွား သည့် တရားခံဖမ်းဆီးရမိ

ဇနီးဖြစ်သူကို ငွေကျပ် ၇ ဒသမ ၇၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖြင့် ထားခဲ့ပြီး ထွက်ပြေးသွား သည့် တရားခံဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ သြဂုတ် ၃၀ (People Media)

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျီးကန်းပြင်စစ်ဆေးရေးဂိတ်တွင် ဆီဘောက်ဆာယာဉ်ဖြင့် ကာလတန်ဖိုး ငွေကျပ် ၇ ဒသမ ၇၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ တင်ထားသည့်ယာဉ်တွင် ဇနီးဖြစ်သူကို ထားခဲ့ကာထွက်ပြေးသွားသည့် တရားခံယာဉ်မောင်းကို ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၂၇ ရက်နေ့ နေ့လည် ၁၁ နာရီခွဲအချိန်တွင် ရခိုင်ပြည်နယ်၊ မောင် တောမြို့နယ်၊ ကျီးကန်းပြင်စစ်ဆေးရေးဂိတ်တွင် မောင်တောမှ ကြိမ်ချောင်းသို့ အောင်ကျော်လှိုင် (ခ) အောင် ကျော်(ခ)ဂေါက်ကြီး (၃၁) နှစ်မောင်းနှင်ပြီး ဇနီးဖြစ်သူ မလှိုင်လှိုင်ဝေ(ခ) ရည်မွန်သန့်(ခ) မေလေး(၂၆)နှစ် လိုက်ပါလာသည့် NISSAN ၈ ဘီး ဆီဘောက်ဆာယာဉ်ကို စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ယာဉ်မောင်းမှာ ယာဉ်ပေါ်မှ ခုန်ချထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

 

သို့ဖြစ်၍ ပူးပေါင်းအဖွဲ့မှ ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးရာ ညနေ ၆ နာရီ အချိန်ခန့်တွင် အဆိုပါနေရာနှင့် ၆ ဖာလုံခန့်အကွာ တောစပ်တွင် အောင်ကျော်လှိုင်(ခ) အောင်ကျော်(ခ) ဂေါက်ကြီးအား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ယာဉ်၏ဆီသိုလှောင်ကန်အား ဖွင့်ဖောက်စစ်ဆေးရာ ဆီသိုလှောင်ကန်အတွင်း၌ ဆာလာအိတ်များနှင့် ထည့်လျှက် ဒေသကာလတန်ဖိုးငွေကျပ် ၇ ဒသမ ၇၈ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၁၇ သန်းကျော်၊ အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ၈၀၀ ဂရမ် သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်း ဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။

 

#PeopleMedia #မူးယစ်

 

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


Share this post