သာကေတမြို့နယ်၌ တပ်သတင်းပေးဟု စွပ်စွဲခံရသည့် ဆိုက်ကားသမားတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရပြီး သေဆုံး
PUBLISHED - September 20, 2021
ရန်ကုန်၊ စက်တင်ဘာ ၂၀ (People Media)
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ တပ်မတော်သတင်းပေးဟု စွပ်စွဲခံရသူ ဆိုင်ကားသမားတစ်ဦး သည် ယနေ့ နံနက်ပိုင်းက အမည်မသိ လက်နက်ကိုင် လူနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့သည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၀ ရက်နေ့ နံနက်ပိုင်းက သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းတွင် ဆိုက်ကားနင်း လာသူတစ်ဦးကို သေနတ်သမားနှစ်ဦးက ဆိုင်ကယ်စီးနင်းပြီး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
“ဖြစ်စဉ်ကတော့ မှန်ပါတယ်။ ခုမနက်တင်ပဲဖြစ်သွားတာ အခု သေနတ်နဲ့ အပစ်ခံရတဲ့သူက ဧရာဝဏ်လမ်း ထိပ်မှာ ဆိုက်ကားနင်းတာ” လို့ သာကေတမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောဆိုသည်။
အဆိုပါ လုပ်ကြံသတ်ဖြတ်ခံရသည့်အမျိုးသားကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း ဆေးရုံရောက်ရှိစဉ်တွင် ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။
ယမန်နေ့ကလည်း အင်းစိန်မြိုနယ်၊ ရွာမအနောက်ရပ်ကွက် ရာအိမ်မှူးတစ်ဦးအား အမည်မသိ လက်နက်ကိုင် လူတစ်စုက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်း လုပ်ကြံသတ်ဖြတ်ခံသည်။
#PeopleMedia #သာကေတ
(unicode)
……………………………………………………………….