• Follow Us on
Latest News

Home ဘိလပ်မြေစက်ရုံ(နေပြည်တော်)ကို မက်စ်(မြန်မာ) ကုမ္ပဏီမှ နှစ်ရှည်ငှားရမ်းဆောင်ရွက်ခွင့်ရရှိ

ဘိလပ်မြေစက်ရုံ(နေပြည်တော်)ကို မက်စ်(မြန်မာ) ကုမ္ပဏီမှ နှစ်ရှည်ငှားရမ်းဆောင်ရွက်ခွင့်ရရှိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၃ (People Media)

 

နေပြည်တော် စည်ပင်သာယာရေးကော်မတီ၏ လုပ်ငန်းတစ်ခုဖြစ်သည့် ဘိလပ်မြေစက်ရုံ(နေပြည်တော်)ကို မက်စ်(မြန်မာ)ထုတ်လုပ်မှုကုမ္ပဏီလီမိတက်မှ နှစ်ရှည်ဌားရမ်းခွင့်ရရှိခဲ့ကြောင်း နေပြည်တော် စည်ပင်သာယာ ရေးကော်မတီထံမှ သိရှိရသည်။

 

လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခွင့်ကို ယခင်က မက်စ်(မြန်မာ)ထုတ်လုပ်မှုကုမ္ပဏီလီမိတက်မှ ရရှိခဲ့ပြီး ယခုတွင် ဒုတိယအကြိမ် နှစ်ရှည်ငှားရမ်းလုပ်ကိုင်ဆောင်ရွက်ခွင့် ထပ်မံရရှိခြင်းဖြစ်ကြောင်းသိရသည်။

 

အဆိုပါ ဘိလပ်မြေစက်ရုံ(နေပြည်တော်)သည် လယ်ဝေးမြို့နယ်တွင် တည်ရှိပြီး မြေဧက အကျယ်အဝန်း ၂၇၇ ဧက ခန့်ရှိပြီး တစ်နေ့လျှင် ဘိလပ်မြေတန်ချိန် ၅၀၀ ခန့် ထွက်ရှိသည့် စက်ရုံတစ်ခုဖြစ်ကြောင်း သိရသည်။

 

ယင်းကဲ့သို့နှစ်ရှည်ငှားရမ်းဆောင်ရွက်ရန်အတွက် နှစ်ရှည်ငှားရမ်းခြင်း သဘောတူစာချုပ် လက်မှတ်ရေးထိုး ခြင်း အခမ်းအနားကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့ နေ့လယ် (၂) နာရီချိန်က နေပြည်တော်စည် ပင်သာယာရေးကော်မတီ၊ အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် နေပြည်တော်စည်ပင်သာ ယာရေးကော်မတီနှင့် မက်စ်(မြန်မာ)ထုတ်လုပ်မှုကုမ္ပဏီလီမိတက်ကြား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

Photo – နေပြည်တော်ကောင်စီဥက္ကဋ္ဌ

 

#PeopleMedia #နေပြည်တော်စည်ပင်သာယာရေးကော်မတီ

 

(unicode)


………………………………………………………………….

 


 


 


 


 


 

Photo – နပွေညျတောျကောငျစီဥက်ကဋ်ဌ

 



Share this post