• Follow Us on
Latest News

Home ရုရှားကြေးစားစစ်သားများ ငှားရမ်းမည်ဆိုပါက မာလီနိုင်ငံမှ တပ်ဖွဲ့များ ရုတ်သိမ်းမည်ဟု အက်စတိုနီးယားနိုင်ငံ ခြိမ်းခြောက်

ရုရှားကြေးစားစစ်သားများ ငှားရမ်းမည်ဆိုပါက မာလီနိုင်ငံမှ တပ်ဖွဲ့များ ရုတ်သိမ်းမည်ဟု အက်စတိုနီးယားနိုင်ငံ ခြိမ်းခြောက်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၄ (People Media)

 

မာလီနိုင်ငံက ရုရှားပုဂ္ဂလိက လုံခြုံရေးလုပ်ငန်း Wagner Group ကို ငှားရမ်းမည့် သဘောတူညီချက်တစ် ရပ်အား ရှေ့ဆက်လုပ်မည်ဆိုပါက မာလီနိုင်ငံ၌ တာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့များကို ရုတ်သိမ်းမည်ဟု အက်စတိုနီးယားနိုင်ငံက သတိပေးလိုက်သည်။

 

မာလီအစိုးရက ရုရှား ကြေးစားစစ်သား ၁၀၀၀ ငှားရမ်းမည့် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေး ထိုးတော့မည်ဟူသော သတင်းများထွက်ပေါ်နေစဉ် ပြင်သစ်ကာကွယ်ရေးဝန်ကြီး ဖလောရင့်ပါလီက မာလီ ကာ ကွယ်ရေးဝန်ကြီး ဆာဒီယိုကာမာရာနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

 

“Wagner Group နဲ့ သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးပြီး မာလီနိုင်ငံမှာ ရုရှား ကြေးစားစစ်သား တွေရှိမယ်ဆိုရင် အက်စတိုနီးယားတပ်ဖွဲ့တွေ ရုတ်သိမ်းသွားမှာဖြစ်ပါတယ်” ဟု အက်စတိုနီးယား ကာကွယ် ရေးဝန်ကြီး ကယ်လီလာနတ်က အသံလွှင့်ဌာနတစ်ခုသို့ ပြောကြားခဲ့သည်။

 

အက်စတိုနီးယားနိုင်ငံက လာမည့်ငါးနှစ်အတွင်း ဒေသတွင်း လုံခြုံရေးအခြေအနေကို စောင့်ကြည့်နိုင်သည့် စွမ်းရည် ရှိလာမည်ဟု လာနတ်က ပြောသည်။

 

ပြင်သစ်နိုင်ငံဦးဆောင်သော ဘာကိန်းစစ်ဆင်ရေးအရ မာလီနိုင်ငံ၌ ငြိမ်းချမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် အက်စတိုနီးယားတပ်ဖွဲ့ဝင် ၁၀၀ ခန့် ပါဝင်လျက်ရှိသည်။

 

ရုရှား ကြေးစားစစ်သားများနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆုံးဖြတ်ရန်မှာ ပြင်သစ်နိုင်ငံ၏ သဘော ဖြစ် သော်လည်း အက်စတိုနီးယားနိုင်ငံက ရုရှား ကြေးစားစစ်သားများနှင့် လက်တွဲဆောင်ရွက်မည်မဟုတ်ဟု လာ နတ်က ပြောသည်။

 

၂၀၁၃ ခုနှစ်တွင် မာလီနိုင်ငံမြောက်ပိုင်း၌ မငြိမ်မသက်မှုများ ဖြစ်ပွားခဲ့ရာ ပြင်သစ်နိုင်ငံက မာလီနိုင်ငံသို့ တပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့သည်။

 

သမ္မတ အီဘရာဟင်ဘူဘေကာကီတာအား ရာထူးမှဖြုတ်ချကာ အာဏာသိမ်းယူခဲ့သည့် ၂၀၂၀ ပြည့်နှစ် သြဂုတ်လနောက်ပိုင်း ပြင်သစ်နှင့်မာလီကြား နှစ်နိုင်ငံဆက်ဆံရေး ဆိုးရွားလာခဲ့သည်။

 

ပြင်သစ်နိုင်ငံက ဇွန်လအတွင်း မာလီနိုင်ငံနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းခဲ့ပြီး မာလီ နိုင်ငံမြောက်ပိုင်းရှိ စစ်ဘက်အခြေစိုက်စခန်းများကို ပိတ်သိမ်းကာ ဆာဟဲဒေသရှိ တပ်ဖွဲ့များကို ရုတ်သိမ်းမည်ဟု ပြင်သစ်သမ္မတ အီမန်နျူရယ်မေခရွန်က ကြေညာခဲ့သည်။

 

ကိုးကား – အေအေ

 

Ref; Estonia threatens to withdraw its troops from Mali over Russia’s Wagner

 

#PeopleMedia #EPN

 

(unicode)


……………………………………………………………………..

 


 


 


 


 


 


 


 


 


 


 


 

Ref; Estonia threatens to withdraw its troops from Mali over Russia’s Wagner

 

#PeopleMedia #EPN


Share this post