• Follow Us on

Home ကာကွယ်ရေးအသုံးစရိတ်ခွင့်ပြုချက်ဥပဒေမူကြမ်း အောက်လွှတ်တော်တွင် အတည်ပြု

ကာကွယ်ရေးအသုံးစရိတ်ခွင့်ပြုချက်ဥပဒေမူကြမ်း အောက်လွှတ်တော်တွင် အတည်ပြု

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၄ (People Media)

 

ကာကွယ်ရေးအသုံးစရိတ်ခွင့်ပြုချက်ဥပဒေမူကြမ်း (defense authorization bill) ဖြင့် တင်ပြထားသည့် ဒေါ်လာ ဘီလျံ ၇၄၀ အား အမေရိကန် အောက်လွှတ်တော်အမတ်များက စက်တင်ဘာ ၂၃ ရက်နေ့က ခွင့်ပြုလိုက်သည်။

 

အောက်လွှတ်တော်ကခွင့်ပြုလိုက်သည့်ပမာဏမှာ အစိုးရကတောင်းခံထားသည့်ပမာဏထက်များပြားပြီး စစ် လက်နက်ပစ္စည်းများ ပိုမိုဝယ်ယူနိုင်မည်ဖြစ်သော်လည်း လာမည့်နှစ်ကာကွယ်ရေးအသုံးစရိတ်မှာ ပိုမိုများပြား လာမည်ဖြစ်ကြောင်းသိရသည်။

 

ပါတီနှစ်ရပ်ပေါင်း ၃၁၆ မဲ – ၁၁၃ မဲနှင့် မဲခွဲဆုံးဖြတ်ခဲ့သည့် ဘတ်ဂျက်မူဝါဒပမာဏတွင် အမေရိကန်တပ်ဖွဲ့ဝင် များအတွက် ဇန်နဝါရီလမှစ၍ လစာ ၂.၇ ရာခိုင်နှုန်းတိုးပေးမည့်အစီအစဉ်၊ တပ်မတော်အတွင်း လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတရားစွဲဆိုခြင်းများအားပြောင်းလဲခြင်းနှင့် စစ်မှုမထမ်းမနေရဥပဒေအရ ပထမဦးဆုံးအကြိမ်အဖြစ် အမျိုးသမီးများ မှတ်ပုံတင်စာရင်းသွင်းရန် ပြဋ္ဌာန်းထားသည့် နည်းလမ်းများအတွက်ပါ ပါဝင်သည်။

 

အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များ ဖရိုဖရဲဆုတ်ခွာမှုကို လွှတ်တော်အမတ်များက ကိုင်တွယ်ဆောင်ရွက်ရန် ဆက်လက်ကြိုးပမ်းနေသည့်အတွက် အာဖဂန်နစ္စတန်ကိစ္စနှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်အချို့လည်း အဆိုပါ အသုံးစရိတ်ခွင့်ပြုချက်မူကြမ်းတွင် ပါဝင်သည်။ ယင်းပမာဏထဲတွင် အိမ်ဖြူတော်မှတောင်းခံထားသည့် ဒေါ်လာ ၂၄ ဘီလျံလည်းပါဝင်သည်။

 

ယခုနှစ်နွေရာသီအစောပိုင်းကာလတွင် အထက်လွှတ်တော်လက်နက်ကိုင်တပ်ဖွဲ့များကော်မတီက အတည်ပြုခဲ့ သည့် အလားတူအစီအစဉ်များမှာလည်း ရီပတ်ဘလီကန်လွှတ်တော်အမတ်များ၏အောင်ပွဲဖြစ်ခဲ့သည်။

 

သမ္မတ ဂျိုးဘိုင်ဒန်အဆိုပြုထားသောစစ်ရေးအသုံးစရိတ်မှာ အင်အားကြီးထွားလာသောတရုတ်တပ်မတော်နှင့် ကမ္ဘာတစ်ဝန်းမှ အကြမ်းဖက်ဝါဒကို တန်ပြန်ဆိုင်ရာတွင် လုံလောက်မှုမရှိကြောင်း ထိုစဉ်က ရီပတ်ဘလီကန် အမတ် များက ပြောဆိုခဲ့သည်။

 

ယခုနှစ်နှောင်းပိုင်းတွင် ဘတ်ဂျက်လျာထားမှု အဆုံးသတ်ဆုံးဖြတ်ချမချရသေးမီ ကာကွယ်ရေးအသုံးစရိတ်အ ဆင့်သတ်မှတ်ချက်ကို အထက်လွှတ်တော်က ချမှတ်ဦးမည်မဟုတ်ပေ။

 

လက်ရှိအချိန်တွင် လွှတ်တော်အမတ်များမှာ ကာကွယ်ရေးအသုံးစရိတ်ခွင့်ပြုချက်ဥပဒေမူကြမ်းကို အထက် လွှတ်တော်၏ ခွင့်ပြုချက်ရရှိရန် (ယခုနှစ်ကုန်တွင်မဲခွဲဆုံးဖြတ်မည်ဟု မျှော်လင့်ထားသည်။) စောင့်ဆိုင်းနေရ မည်ဖြစ်ပြီး ယခုနှစ်မကုန်မီ လွှတ်တော်တွင်း ဆွေးနွေးညှိနှိုင်းမှုများပြီးမြောက်ရန် ကြိုးစားလျက်ရှိသည်။

 

ကာကွယ်ရေးအသုံးစရိတ်ခွင့်ပြုချက်ဥပဒေမူကြမ်းသည် နှစ်စဉ်အထက်လွှတ်တော်မှပြဋ္ဌာန်းပေးသည့် ဥပဒေ များကြားတွင် အထင်ရှားဆုံးဥပဒေတစ်ခုဖြစ်ပြီး လာမည်ဘဏ္ဍာရေးနှစ်အတွက် အသုံးစရိတ်ဦးစားပေးမှုများ နှင့် ကာကွယ်ရေးမူဝါဒများကို ယင်းဥပဒတွင်ပြဋ္ဌာန်းပေးထားသည်။

 

Ref: Plans for bigger defense budget get boost after House authorization bill vote

 

#PeopleMedia

 

(unicode)


…………………………………………………………………….

 


 


 


 


 


 


 


 


 


 


 

Ref: Plans for bigger defense budget get boost after House authorization bill vote

 

#PeopleMedia


Share this post